The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 34

1ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊

2နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊

3တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။

4ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။

5ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊

6ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။

7မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။

8ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။

9မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။

10ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊

11ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊

12ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။

← တရားဟောရာကျမ်း 33Read In The App, Free →Joshua 1 →

Study တရားဟောရာကျမ်း 34

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334