The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 17

1ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့၏ အပြစ် ရှိသမျှ တို့ကြောင့် တနှစ် တခါ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ၊ သင် တို့သည် အစဉ် စောင့်ရသောပညတ် တော်ဖြစ် သတည်းဟု မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း အာရုန်ပြု လေ၏။

2တဖန် မောရှေ အား ထာဝရဘုရား က၊

3သင်သည် အာရုန် နှင့် သူ ၏သား ၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

4ဣသရေလ အမျိုးသားတစုံ တယောက်သည် သိုး ၊ ဆိတ် ၊ နွား ကို တပ် ထဲ မှာ သတ် သည်ဖြစ်စေ ၊ တပ် ပြင် မှာ သတ် သည်ဖြစ်စေ၊

5ထာဝရဘုရား ၏ တဲ တော်ရှေ့ တွင် ထာဝရဘုရား အား ပူဇော် သက္ကာ ပြု ခြင်းငှါ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ သည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ် ရမည်။ အသက်သတ်သော ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။

6ဣသရေလ အမျိုးသား တို့သည် တော ၌ ပူဇော် သောယဇ် တို့ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့တွင် ထာဝရဘုရား ထံ တော်မှာ ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့၍ ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။

7ယဇ် ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေး ကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၌ရှိသောထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ဖြန်း ၍ ၊ ဆီဥ ကိုလည်း ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ရှို့ရမည်။

8သူ တို့သည် အထက်က မှားယွင်း သကဲ့သို့ နောက် တဖန် နတ်ဆိုး တို့အား ယဇ် မ ပူဇော်ရ။ ဤ ပညတ် သည် သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော် ဖြစ်သတည်း။

9ဣသရေလ အမျိုးသားချင်း ဖြစ်စေ ၊ သင် တို့တွင် တည်း နေသော တပါး အမျိုးသားဖြစ်စေ၊ မီး ရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော် သောအခါ၊

10ထာဝရဘုရား အား ပူဇော်သက္ကာပြု ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တံခါး သို့ မ ဆောင် ခဲ့လျှင် ၊ ထို သူ ကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်ဟု သူ တို့အား ဆင့်ဆို ရမည်။

11ဣသရေလ အမျိုးသားမှစ၍ ၊ သင် တို့တွင် တည်း နေသောတပါး အမျိုးသားတစုံ တယောက်သည်၊ အသွေး တမျိုးမျိုး ကို စား လျှင် ၊ ထိုသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။

12အကြောင်း မူကား၊ ကိုယ်ခန္ဓါ အသက် သည် အသွေး ၌ တည်၏။ သင် တို့ပြုသောအပြစ် ကို ဖြေစေခြင်းငှါ ၊ ထိုအသွေးကို သင် တို့အား ယဇ် ပလ္လင်ပေါ် မှာ ငါ ပေး ပြီ။ လူအပြစ် ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။

13ထိုကြောင့် သင် တို့၌ အဘယ်သူ မျှအသွေး ကို မ စား ရ။ သင် တို့တွင် တည်း နေသောတပါး အမျိုးသား လည်း အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။

14ဣသရေလ အမျိုးသား မှစ၍ သင် တို့တွင် တည်း နေသောတပါး အမျိုးသားတစုံ တယောက်သည်၊ မုဆိုး လုပ်၍ စားစရာဘို့ သား ၊ ငှက် ကို ဘမ်း မိလျှင် ၊ အသွေး ကို သွန် ၍ မြေ နှင့် ဖုံး ရမည်။

15အသွေး သည် ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံ တခုသောကိုယ်ခန္ဓါ ၏ အသွေး ကို မ စား ရဟု ဣသရေလ အမျိုးသား တို့အား ငါ့အမိန့် တော်ရှိ၏။ ခပ်သိမ်း သော ကိုယ်ခန္ဓါ အသက် သည် အသွေး ၌ တည်သောကြောင့်၊ အသွေးကို စား သောသူ မည်သည်ကား၊ ပယ်ရှင်း ခြင်းကိုခံရမည်။

16အလိုလို သေသောအကောင်၊ သားရဲ ကိုက်၍သေသော အကောင်၏အသားကို စား သော ကိုယ် အမျိုးသား ၊ တပါး အမျိုးသားမည်သည်ကား၊ စားလျှင် မိမိ အဝတ် ကိုလျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ် ခြင်းရှိ၏။

← ဝတ်ပြုရာကျမ်း 16Read In The App, Free →ဝတ်ပြုရာကျမ်း 18 →

Study ဝတ်ပြုရာကျမ်း 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627