The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 18

1အဝတ်ကို မ လျှော် ရေ မ ချိုးလျှင် ၊ ကိုယ် အပြစ် ကို ကိုယ်ခံရ မည်ဟု ထာဝရဘုရား သည် ပညတ် တော်မူ ၏။

2တဖန် မောရှေ အား ထာဝရဘုရား က၊

3သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ ၊ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

4သင်တို့နေ ဘူးသော အဲဂုတ္တု ပြည် ၏ အကျင့် ကို၎င်း၊ သင် တို့ကို ငါ ပို့ဆောင် လတံ့သော ခါနာန် ပြည် ၏ အကျင့် ကို၎င်း၊ သင်တို့သည် မ ကျင့် ၊ သူ တို့ တရား လမ်းသို့ မ လိုက် ရကြ။

5ငါ စီရင် ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ ပညတ် တရားလမ်းသို့ လိုက် ခြင်းငှါ စောင့်ရှောက် ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

6ထိုကြောင့် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ရကြမည်။ ထိုအကျင့် ကို ကျင့် သောသူ သည် ထိုအကျင့်အားဖြင့် အသက် ရှင်လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။

7သင်တို့တွင် အဘယ်သူ မျှကိုယ် ပေါက်ဘော်တော်သောသူ ကို ချဉ်း ၍ သံဝါသ မ ပြုရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။

8သင် ၏ အဘ နှင့်သာဆိုင်သောသင် ၏ အမိ ကို မချဉ်းရ။ ကိုယ် အမိ ဖြစ်သောကြောင့်သံဝါသ မ ပြုရ။

9ကိုယ် အဘ ၏ မယား မည်သည်ကို မ ချဉ်း ရ။ အဘနှင့်သာဆိုင်၏။

10တအိမ် တည်း၌ မွေးဘွား သည်ဖြစ်စေ ၊ အခြား သော အရပ်၌ မွေးဘွား သည်ဖြစ်စေ၊ သင် ၏ နှမ ကို မ ချဉ်း ရ။

11ကိုယ်ရင်သွေးဖြစ်သောသင် ၏မြေးကို မ ချဉ်း ရ။

12အမိခြားသော်လည်းတဘတည်းဖြစ်သော နှမ ကို မ ချဉ်း ရ။

13သင့် အဘ ၏ ပေါက်ဘော် ရင်းဖြစ်သော အဘ ၏ နှမ ကို၎င်း၊

14သင့် အမိ ၏ ပေါက်ဘော် ရင်းဖြစ်သော အမိ ၏ ညီအစ်မ ကို၎င်း၊

15အဘ ၏ ညီအစ်ကို နှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကိုမယား ကို၎င်း၊

16သား ၏မယား တည်းဟူသောချွေးမ ကို၎င်း၊

17ညီအစ်ကို နှင့်သာဆိုင်သော ညီအစ်ကို ၏ မယား ကို၎င်း မ ချဉ်း ရ။

18ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။

19ကိုယ်မယားကို နှောင့်ရှက် ခြင်းငှါ သူ အသက် ရှင်စဉ် တွင်သူ ၏ ညီအစ်မ ကို မ သိမ်း ရ။

20ဥတု ရောက်၍ မ စင်ကြယ်သော မိန်းမ ကို လည်း မ ချဉ်း ရ။

21ကိုယ်ကို ညစ်ညူး စေလျက် ၊ သူ့ မယား ကို မ ပြစ်မှား ရ။

22သင် ၏ သား သမီးတို့ကို၊ မောလုတ် ဘုရားအား မီးဖြင့်မ ပူဇော် ရ။ သင် ၏ ဘုရား သခင်နာမ တော်ကို မ ရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။

23မိန်းမ နှင့် ပေါင်းဘော် သကဲ့သို့ယောက်ျား ချင်း မ ပေါင်းဘော် ရ။ ရွံရှာ ဘွယ်အမှုဖြစ်၏။

24ကိုယ့်ကိုကိုယ် ညစ်ညူး စေ၍ တိရစ္ဆာန် နှင့် မ ပေါင်းဘော် ရ။ မိန်းမ သည်လည်း မိမိ နှင့် တိရစ္ဆာန် ၏ ပေါင်းဘော် ခြင်းကို မ ခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။

25ထိုသို့ သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မ ညစ်ညူး စေရ။ သင် တို့ရှေ့ မှာ ငါ နှင်ထုတ် သော လူ အမျိုးမျိုး တို့သည်၊ ထိုသို့ သောအမှုကို ပြု၍ ညစ်ညူး ကြ၏။

26သူတို့ ပြည် သည်လည်း ညစ်ညူး ၏။ ညစ်ညူးသော အပြစ် ကြောင့် ငါဆုံးမ ၍ ၊ ထိုပြည် သည် မိမိ သား တို့ကို အော့အန် လိမ့်မည်။

27သင် တို့မူကား ၊ ငါ့ စီရင်ထုံးဖွဲ့ ချက်တို့ကို စောင့်ရှောက် ရကြမည်။ ထိုပြည် သည်သင် တို့ရှေ့ ၌ရှိသော လူအမျိုးမျိုး တို့ကို အော့အန် သကဲ့သို့ တဖန်ညစ်ညူး ခြင်းကိုခံ၍ ၊ သင် တို့ကို မ အော့အန် စေခြင်းငှါ ၊ ကိုယ်အမျိုးသား ဖြစ်စေ ၊ သင် တို့တွင် တည်းနေ သောတပါးအမျိုးသား ဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကိုမ ပြု ရ။ သင် တို့ရှေ့ ၌ ရှိသော ပြည်သား တို့သည်၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကိုပြု သောအားဖြင့် သူတို့ပြည် သည်ညစ်ညူး ခြင်းရှိ၏။

28

29ထိုသို့ သော ရွံ့ရှာ ဘွယ်အမှုတို့ကို ပြု သော သူ မည်သည် ကား၊ သူ ၏အမျိုး မှ ပယ်ရှင်း ခြင်း ခံရမည်။

30သို့ဖြစ်၍ သင် တို့ရှေ့ ၌ ပြု ဘူးသော ထိုရွံ့ရှာ ဘွယ် ထုံးစံ ဓလေ့သို့ သင်တို့သည် လိုက် ၍ ၊ ကိုယ့်ကိုကိုယ် မ ညစ်ညူး စေခြင်းငှါ၊ ငါ့ ပညတ် တရားကို စောင့်ရှောက် ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏ဟု မိန့် တော်မူ၏။

← ဝတ်ပြုရာကျမ်း 17Read In The App, Free →ဝတ်ပြုရာကျမ်း 19 →

Study ဝတ်ပြုရာကျမ်း 18

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627