The Bible Software
ဝတ်ပြုရာကျမ်း · မြန်မာကျမ်းစာ

ဝတ်ပြုရာကျမ်း 21

1တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် အာရုန် ၏သား ၊ ယဇ်ပုရောဟိတ် တို့အား ဆင့်ဆို ရမည်မှာ၊ အမျိုးသားချင်း သေသောအတွက် သင်တို့တွင် အဘယ်သူမျှညစ်ညူး ခြင်းမ ရှိရ။

2သို့ရာတွင်ပေါက်ဘော် ရင်းတည်းဟူသောမိဘ ၊ သား သမီး ၊ ညီအစ်ကို၊

3လင် မနေသောကညာနှမ ရင်းအတွက် ညစ်ညူး ခြင်းကို ခံရသောအခွင့်ရှိ ၏။

4အမျိုးသား ချင်း သူကြီး အတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ ၍ ညစ်ညူး ခြင်းမ ရှိရ။

5ယဇ်ပုရောဟိတ်သည် ဆံပင်ကို မ ရိတ် ရ။ ပါးမုန်း ကို မ ရိတ် ရ။ အသား ၌ ခုတ်ရှ ခြင်းကို မ ပြုရ။

6သူသည် မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ရမည်။ မိမိ ဘုရား သခင်၏ နာမ တော်ကို မ ရှုတ် မချရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိ ဘုရား သခင်၏ အစာအာဟာရကို ပူဇော် သောကြောင့် သန့်ရှင်း ခြင်းရှိ ရမည်။

7သူသည် ပြည်တန်ဆာ မိန်းမ ၊ သီလပျက်သောမိန်းမ၊ လင် နှင့် ကွာ သောမိန်းမ နှင့် မ စုံဘက် ရ။ မိမိ ဘုရား သခင်အဘို့ သန့်ရှင်း ၏။

8သင် ၏ ဘုရား သခင်ပွဲတော် ကို ဆက် သောကြောင့် ၊ သူ့ ကို သန့်ရှင်း စေ၍ ၊ သူသည် သင့် အဘို့ သန့်ရှင်း ရမည်။ သင် တို့ကို သန့်ရှင်း စေသော ငါ ထာဝရဘုရား သန့်ရှင်း ၏။

9ယဇ်ပုရောဟိတ် သမီး သည်၊ ပြည်တန်ဆာ လုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချ လျှင် ၊ မိမိ အဘ ကို ရှုတ်ချ ရာ ရောက်၏။ ထိုသူကို မီး ရှို့ ရမည်။

10မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။

11အသေ ကောင်ကို မ ချဉ်း ရ။ မိဘ အတွက် ညစ်ညူး ခြင်းကို မ ခံရ။

12သန့်ရှင်း ရာဌာနတော်ထဲက မ ထွက် ရ။ မိမိ ဘုရား သခင်၏ သန့်ရှင်း ရာဌာနတော်ကို မ ရှုတ် မချရ။ အကြောင်း မူကား၊ မိမိ ဘုရား သခင်၏ ဘိသိက် ဆီ နှင့်ဆိုင်သော သင်းကျစ် ကို ဆောင်းရသောသူဖြစ် ၏။ ငါ သည် ထာဝရဘုရား ဖြစ်၏။

13ယဇ် ပုရောဟိတ်မင်းသည်၊ အပျို ကညာနှင့် သာစုံဘက် ရမည်။

14မုတ်ဆိုးမ ၊ လင်နှင့်ကွာ သောမိန်းမ၊ သီလ ပျက်သောမိန်းမ၊ ပြည်တန်ဆာ မိန်းမနှင့် မ စုံဘက် ရ။ မိမိ အမျိုးသား ချင်း အပျို ကညာနှင့် သာ စုံဘက် ရမည်။

15မိမိ သား ကို၊ အမျိုးသား ချင်းတို့တွင် မ ရှုတ် မချရ။ ငါ ထာဝရဘုရား သည်၊ ယဇ် ပုရောဟိတ်မင်းကို သန့်ရှင်း စေသည်ဟု မိန့် တော်မူ၏။

16တဖန် မောရှေ အား ထာဝရဘုရား က၊

17သင်သည် အာရုန် အား ဆင့်ဆို ရမည်မှာ၊ သင် ၏ အမျိုး အစဉ် အဆက်တွင် ကိုယ် ၌ အပြစ် ရှိ သော သူသည်၊ မိမိ ဘုရား သခင်၏ ပွဲတော် ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။

18မျက်စိ ကန်းသောသူ ၊ ခြေဆွံ့ သောသူ၊ နှာခေါင်း ပိသောသူ၊ အင်္ဂါ ပိုလွန်သောသူ၊

19လက် ကျိုး သောသူ၊ ခြေ ကျိုး သောသူ၊

20ကျော ကုန်းသောသူ၊ ပု သောသူ၊ မျက်စိ နာ သောသူ၊ ဝဲ စွဲသောသူ၊ ယားနာ စွဲသောသူ၊ ဝှေးစေ့ ပျက် သောသူသည် မ ချဉ်း မကပ်ရ။

21ယဇ်ပုရောဟိတ် အာရုန် အမျိုး တွင် ၊ ကိုယ် ၌ အပြစ် ပါသော သူ တစုံ တယောက်မျှ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။ ကိုယ် ၌ အပြစ် ပါသောကြောင့်၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို ဆက်ကပ် အံ့သောငှါ မ ချဉ်း မကပ်ရ။

22သန့်ရှင်း သော မုန့်ဖြစ်စေ ၊ အလွန်သန့်ရှင်း သော မုန့်ဖြစ်စေ၊ မိမိ ဘုရား သခင်၏ မုန့် တော်ကို စား ရမည်။

23ကိုယ် ၌ အပြစ် ပါသောကြောင့် ၊ ငါ့ သန့်ရှင်း ရာ ဌာနအရပ်တို့ကို ရှုတ်ချ မည်ကို စိုးရိမ်၍ ၊ ကုလားကာ အတွင်း သို့ မ ဝင် ရ။ ယဇ် ပလ္လင်သို့ မ ချဉ်း မကပ်ရ။ ငါ ထာဝရဘုရား သည် ထိုအရပ်တို့ကို သန့်ရှင်း စေ သည်ဟု မိန့် တော်မူ၏။

24မောရှေ သည် အာရုန် နှင့် သူ ၏သား ဣသရေလ အမျိုးသား အပေါင်း တို့အား ဆင့်ဆို လေ၏။

← ဝတ်ပြုရာကျမ်း 20Read In The App, Free →ဝတ်ပြုရာကျမ်း 22 →

Study ဝတ်ပြုရာကျမ်း 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627