The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 16

1ဘုရားသခင် ၏ ဘုန်း တန်ခိုး အာနုဘော်တော် ကြောင့် ၊ ဗိမာန် တော်သည် မီးခိုး နှင့်ပြည့် ၍ ကောင်းကင်တမန် ခုနစ် ပါး၏ ဘေးဒဏ် ခုနစ် ပါး မ ကုန် မှီတိုင်အောင်ဗိမာန် တော်ထဲသို့ အဘယ်သူ မျှ မဝင် နိုင် ။

2ဗိမာန် တော်ထဲက ကြီး သောအသံ ကား ၊ သွား ကြလော့။ ဘုရားသခင် ၏ အမျက် တော် ဖလား ခုနစ် လုံးကို မြေကြီး ပေါ်သို့ သွန်းလောင်း ကြလော့ဟု ကောင်းကင်တမန် ခုနစ် ပါးတို့အား ပြောဆို သည်ကို ငါကြား ၏။

3ပဌမ သူသည် သွား ၍ မိမိ ဖလား ကို မြေကြီး ပေါ်သို့ သွန်းလောင်း လျှင် ၊ သားရဲ ၏တံဆိပ် လက်မှတ်ကို ခံ ၍ သူ ၏ရုပ်တု ကိုကိုးကွယ် သော လူတို့ ၌ အလွန် ဆိုး သော အနာစိမ်း ပေါက် လေ၏။

4ဒုတိယ ကောင်းကင်တမန်သည် မိမိ ဖလား ကို ပင်လယ် ပေါ်သို့ သွန်းလောင်း လျှင် ၊ ပင်လယ်သည် လူသေ ၏ အသွေး ကဲ့သို့သော အသွေးဖြစ်၏ ။ ပင်လယ် ၌ အသက် ရှင်သော သတ္တဝါ အပေါင်း တို့သည် သေ ကြ၏။

5တတိယ ကောင်းကင်တမန်သည် မိမိ ဖလား ကို မြစ် ပေါ်သို့ ၎င်း၊ စမ်း ရေ တွင်းပေါ်သို့၎င်း သွန်းလောင်း လျှင် ထိုအရာတို့သည် အသွေး ဖြစ်ကြ ၏။

6ကောင်းကင် တမန်ကလည်း ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင် ၊ ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည်အမှု မှာ ဖြောင့်မတ် တော်မူ၏။

7ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး ၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်း ကြသည်ဖြစ်၍ ၊ သူ တို့အား အသွေး ကို တိုက် တော်မူပြီ။ သူတို့လည်း ခံ ထိုက် ကြပါ၏ဟု လျှောက်ဆို သည်ကို ငါကြား ၏။

8ယဇ်ပလ္လင် ကလည်း ၊ မှန် ပါ၏။ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် စီရင် တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆို သောအသံကို ငါကြား ၏။

9စတုတ္ထ ကောင်းကင်တမန်သည် မိမိ ဖလား ကို နေ ပေါ်သို့ သွန်းလောင်း လျှင်၊ နေ သည်လူ တို့ကို မီး လောင် ရသော အခွင့်ကိုရ ၏။

10ပူ အားကြီး သောအရှိန်ဖြင့် လူ တို့သည် လောင် ခြင်းကိုခံရ၍ ၊ ထိုဘေးဒဏ် တို့ကို အစိုးပိုင် တော်မူသော ဘုရားသခင် ၏ နာမ တော်ကို ကျိန်ဆဲ ကြ၏။ ဘုရားသခင် ကို ချီးမွမ်း ခြင်းအလိုငှာ နောင်တ မ ရကြ။

11ပဉ္စမ ကောင်းကင်တမန်သည် မိမိ ဖလား ကို သားရဲ ၏ ပလ္လင် ပေါ်သို့ သွန်းလောင်း လျှင် ၊ သူ ၏နိုင်ငံ သည် မှောင်မိုက် အတိဖြစ် လေ၏။ နိုင်ငံသားတို့သည် ပင်ပန်း အားကြီးသည်နှင့် မိမိ တို့လျှာ ကို ကိုက်ခဲ ကြ၏။

12မိမိ တို့ခံရသော ဝေဒနာ နှင့် အနာစိမ်း များကြောင့် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင် ကို ကျိန်ဆဲ ကြ၏။ မိမိ တို့အကျင့် ကိုလည်း နောင်တ မ ရကြ။

13ဆဋ္ဌမ ကောင်းကင်တမန်သည် မိမိ ဖလား ကို ဥဖရတ် မြစ် ကြီး ပေါ်သို့ သွန်းလောင်း လျှင် ၊ အရှေ့ မျက်နှာ ဘုရင် တို့ သွားရာလမ်း ကို ပြင်ဆင် စေခြင်းအလိုငှာ ထိုမြစ် ရေ သည် ခန်းခြောက် လေ၏။

14ထိုအခါ ၊ နဂါး ၏ခံတွင်း ထဲက ၎င်း ၊ သားရဲ ၏ ခံတွင်း ထဲက ၎င်း၊ မိစ္ဆာ ပရောဖက်၏ ခံတွင်း ထဲက ၎င်း ၊ ဖား ကောင်ကဲ့သို့ ညစ်ညူး သော ဝိညာဉ် သုံး ပါးထွက်သည် ကို ငါမြင် ၏။

15နိမိတ် လက္ခဏာတို့ကိုပြ သော နတ်ဆိုး ၏ ဝိညာဉ် ဖြစ် သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တ နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင် တို့ထံသို့ ထွက်သွား ၍ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ နေ့ ကြီး ၌ စစ်တိုက် ခြင်းအလိုငှာ စုဝေး စေကြ၏။

16ဟေဗြဲ ဘာသာအားဖြင့်အာမဂေဒုန် အမည် ရှိသောအရပ် ၌ စုဝေး စေကြ၏။

17အသံတော်ကား၊ သူခိုး ကဲ့သို့ ငါလာ ၏။ အဝတ် အချည်းစည်းနှင့် သွားလာ ၍ သူတစ်ပါး ရှေ့ ၌ ရှက် စရာအကြောင်း မ ရှိစေခြင်းငှာ နိုး လျက်နေ၍ ၊ ကိုယ် အဝတ် ကို စောင့် သောသူ သည် မင်္ဂလာ ရှိ၏။

18သတ္တမ ကောင်းကင်တမန်သည် မိမိ ဖလား ကို အာကာသ ကောင်းကင်ပေါ်သို့ သွန်းလောင်း လျှင် ၊ ပြီးပြီဟု ကြီး သောအသံ သည် ကောင်းကင်ဗိမာန် တော်၌ ရှိသောပလ္လင် တော်ထဲက ထွက် ၏။

19လျှပ်စစ် ပြက်ခြင်း၊ အသံမြည် ခြင်း၊ မိုဃ်းချူန်း ခြင်း၊ ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ကြ၏။ မြေကြီး အပေါ်မှာ လူတို့ ဖြစ် သည့် ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန် စွာသော မြေလှုပ် ခြင်းသည်မ ဖြစ် စဖူး။

20မြို့ ကြီး သည်သုံး ဖြာ ကွဲပြား ၍ လူ အမျိုးမျိုးနေသော မြို့ တို့သည် ပြိုလဲ ကြ၏။ ဘုရားသခင် သည် ပြင်းစွာသော ဒေါသ အမျက် တော်၏ စပျစ်ရည် ဖလား ကို တိုက် ခြင်းငှာဗာဗုလုန် မြို့ကြီး ကို အောက်မေ့ တော်မူ၏။ ကျွန်း ရှိသမျှ တို့သည် လွင့် ပြေးကြ၏။ တောင် များတို့သည် ပျောက်ကွယ် ကြ၏။

21အချိန်အခွက်တစ်ဆယ် ရှိသော မိုဃ်းသီး သည် ကောင်းကင် က လူတို့ အပေါ်သို့ ကျ လေ၏။

← ဗျာဒိတ်ကျမ်း 15Read In The App, Free →ဗျာဒိတ်ကျမ်း 17 →

Study ဗျာဒိတ်ကျမ်း 16

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122