The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 20

1တဖန် ကောင်းကင်တမန် သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုး ကြီး ကိုကိုင် လျက် ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။

2ရှေး မြွေ ဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါး ကို ကိုင်ဖမ်း ၍ ၊ အနှစ် တစ်ထောင် ဘို့ ချည်နှောင် လေ၏။

3အနှစ် တစ်ထောင် မ ကုန် မှီ တိုင်အောင် ၊ လူ အမျိုးမျိုးတို့ကို မလှည့်ဖြား ရမည်အကြောင်း ၊ အနက်ဆုံး သော တွင်းထဲသို့ ပစ်ချ လှောင် ထား၍ တံဆိပ် ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှတစ်ဖန် ခဏ လွှတ် ရဦးမည်။

4ပလ္လင် များကိုလည်း ငါမြင် ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူ တို့သည် တရား စီရင်ရသောအခွင့်ကို ရကြ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကိုမ ကိုးကွယ် ၊ သူ တို့၏ တံဆိပ် လက်မှတ်ကို နဖူး ၌ မ ခံ ၊ လက် ၌ မခံဘဲနေ၍ ယေရှု ၏ သက်သေခံ တော်မူချက်နှင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၊ လည်ပင်း ဖြတ်ခြင်းကို ခံရသော သူ တို့၏ ဝိညာဉ် များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ် တစ်ထောင် ပတ်လုံးခရစ်တော် နှင့်အတူ စိုးစံ ရကြ၏။

5ကြွင်း သော လူသေ တို့သည် ထိုအနှစ် တစ်ထောင် မ ကုန် မှီ အသက် မ ရှင်ရကြ။ ဤ ထမြောက် ခြင်းကား၊ ပဌမ ထမြောက်ခြင်းဖြစ်သတည်း။

6ပဌမ ထမြောက် ခြင်းကို ဝင်စားသောသူ သည် မင်္ဂလာ ရှိသောသူ၊ သန့်ရှင်း သောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယ သေခြင်း ၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်၊ ခရစ်တော် ၏ ယဇ်ပုရောဟိတ်ဖြစ် ၍အနှစ် တစ်ထောင် ပတ်လုံးခရစ်တော် နှင့်အတူ စိုးစံ ရကြလိမ့်မည်။

7ထိုအနှစ် တစ်ထောင် ကုန် ပြီးမှ ၊ စာတန် သည် ထောင် ထဲက လွှတ် သောအခွင့်ကိုရ၍၊

8အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များသောဂေါဂ ၊ မာဂေါဂ တည်းဟူသောမြေကြီး လေး မျက်နှာ ပေါ်မှာ နေသော လူ အမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက် ဘို့ စည်းဝေး စေခြင်းငှာ၎င်း တက် လိမ့်မည်။

9ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့ တက် ၍ ၊ သန့်ရှင်း သူ တို့၏တပ် ကို၎င်း ၊ ချစ် ဘွယ်သော မြို့ တော်ကို၎င်း၊ ဝိုင်း ကြ၏။ ထိုအခါ ဘုရားသခင်အထံတော်၊ ကောင်းကင် မှ မီး ကျ ၍ သူ တို့ကို မျို လေ၏။

10သူ တို့ကိုလှည့်ဖြား သောမာရ်နတ် ကိုလည်း ၊ သားရဲ နှင့် မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့် နှင့် ရောနှောသော မီး အိုင် ထဲသို့ ချပစ် လျှင်၊ သူတို့သည် နေ့ ညဉ့် မပြတ် ကမ္ဘာ အဆက်ဆက်ပြင်းစွာ သောဝေဒနာကို ခံရကြ လတံ့။

11တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။

12သေ လွန်သောသူ အကြီး အငယ် တို့သည် ပလ္လင် တော်ရှေ့ မှာ ရပ် နေကြသည်ကို ငါမြင် ၏။ စာစောင် များ ကို ဖွင့် ထား၏ အသက် စာစောင်တည်းဟူသော အခြား တစ်ပါးသောစာစောင် ကိုလည်း ဖွင့် လေ၏။ သေ လွန်သောသူ တို့သည် မိမိ တို့အကျင့် အတိုင်း ၊ စာစောင် တို့၌ ရေး ထားချက်များနှင့်အညီတရား စီရင်ခြင်းကို ခံရကြ၏။

13သမုဒ္ဒရာ သည် မိမိ ၌ ရှိသော လူသေ တို့ကို အပ်ပေး ၏။ မရဏာ နှင့် မရဏာ နိုင်ငံသည်လည်း မိမိ တို့၌ ရှိသော လူသေ တို့ကို အပ်ပေး ကြ၏။ လူအသီးအသီး တို့သည် မိမိ တို့အကျင့် အတိုင်း တရား စီရင်ခြင်းကို ခံရကြ၏။

14ထိုအခါ မရဏာ နှင့် မရဏာ နိုင်ငံကို မီး အိုင် ထဲသို့ ချပစ် လေ၏။ ထို သေခြင်းကားဒုတိယ သေ ခြင်း ဖြစ် သတည်း။

15အသက် စာစောင် ၌ စာရင်းမ ဝင်သောသူ ရှိသမျှ တို့ကိုလည်း မီး အိုင် ထဲသို့ ချပစ် လေ၏။

← ဗျာဒိတ်ကျမ်း 19Read In The App, Free →ဗျာဒိတ်ကျမ်း 21 →

Study ဗျာဒိတ်ကျမ်း 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122