The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 17

1ထိုမိုဃ်းသီး ဘေးဒဏ် အလွန် ကြီး သည်ဖြစ် ၍ ၊ လူ တို့သည် မိုဃ်းသီး ဘေးဒဏ် ကြောင့် ဘုရားသခင် ကို ကျိန်ဆဲ ကြ၏။

2ဖလား ခုနစ် လုံးရှိ သော ကောင်းကင်တမန် ခုနစ် ပါးတို့တွင် တစ်ပါး သည်လာ ပြီးလျှင် ၊ ငါ့ ကိုနှုတ်ဆက် ၍ ၊ လာ ခဲ့ပါ။ ရေ အပေါ်မှာ ထိုင် သော ပြည်တန်ဆာ ကြီး ၌ စီရင် ခြင်းအမှုကို ငါပြ မည်။

3လောကီ ရှင်ဘုရင် တို့သည် မတရား သော မေထုန်ကို သူ နှင့် ပြုကြပြီ။ မြေကြီး သား တို့သည် သူ ၏ မတရား သောမေထုန်၏ စပျစ်ရည် နှင့် ယစ်မူး ကြပြီဟု ပြောဆို လျက်၊

4ငါ့ ကို ဝိညာဉ် တော်အားဖြင့် တော သို့ ဆောင်သွား လေ၏။ ခေါင်း ခုနစ် လုံးနှင့် ချို ဆယ် ချောင်းရှိ ၍၊ ဘုရားသခင်၏ အသရေ တော်ကို ရှုတ်ချသောနာမ တို့နှင့် အပြည့် ရှိသော သားရဲ နီ အပေါ်မှာ ထိုင် လျက်ရှိသောမိန်းမ တစ်ဦးကို ငါမြင် ၏။

5ထိုမိန်းမ သည်အဝတ်နီ ၊ အဝတ်မောင်း ကို ဝတ် လျက်၊ ရွှေ တန်ဆာ၊ ကျောက် မြတ် တန်ဆာ၊ ပုလဲ တန်ဆာကိုဆင် လျက်ရှိ ၏။ စက်ဆုတ် ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိ မတရား သော မေထုန်၏ ညစ်ညူး ခြင်း နှင့် ၎င်း ပြည့် သောရွှေ ဖလား ကို ကိုင် လျက် ရှိ ၏။

6နဖူး ၌ အက္ခရာတင် သော ဘွဲ့ မူကား၊ နက်နဲ သော အရာ၊ ဗာဗုလုန် မြို့ကြီး ၊ ပြည်တန်ဆာ တို့၏ အမိ ၊ မြေ ၌ စက်ဆုပ် ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။

7ထို မိန်းမ သည် သန့်ရှင်း သူ တို့၏ အသွေး ၊ ယေရှု ၏ သက်သေခံ တို့၏ အသွေး နှင့် ယစ်မူး သည်ကို ငါမြင် ၏။ ထိုသို့ မြင် သောအခါအလွန် အံ့ဩ မိန်းမော၍ နေ၏။

8ကောင်းကင် တမန်ကလည်း ၊ အဘယ်ကြောင့် အံ့ဩ သနည်း။ ထိုမိန်းမ ၏ နက်နဲ သောအရာကို၎င်း၊ ခေါင်း ခုနစ် လုံးနှင့် ချို ဆယ် ချောင်းရှိ ၍ ထိုမိန်းမ ကိုဆောင် သော သားရဲ ၏ နက်နဲသောအရာကို၎င်း၊ ငါ ပြော မည်။

9ယခုမြင် သော သားရဲ သည် ဖြစ် ဘူးပြီ၊ ဖြစ် ဆဲမ ရှိ၊ အနက်ဆုံး သော တွင်းထဲက တက် ၍ ဖျက်ဆီး ခြင်းသို့ ရောက် လိမ့်မည်။ ကမ္ဘာ ဦး ကပင် အသက် စာစောင် ၌ စာရင်း မ ဝင် သော မြေကြီး သား တို့သည် ဖြစ် ဘူး၍ ၊ ဖြစ် ဆဲမ ရှိ၊ ဖြစ် လတံ့သောသားရဲ ကို မြင် ရသောအခါ၊ အံ့ဩ ကြလိမ့်မည်။

10ဤ အရာ၌ ပညာ နှင့်ပြည့်စုံသော ဉာဏ် ရှိ ၏။ ခေါင်း ခုနစ် လုံးကား၊ မိန်းမ ထိုင် သော တောင် ခုနစ် လုံး ဖြစ် ၏။

11ရှင်ဘုရင် ခုနစ် ပါးလည်း ဖြစ် ၏။ ငါး ပါးကျ ပြီး၊ တစ်ပါး ရှိ သေး၏။ တစ်ပါး ဖြစ် လေဦး မည်။ ဖြစ် သောအခါ တခဏ သာ တည် လိမ့်မည်။

12ဖြစ် ဘူး၍ ဖြစ် ဆဲမရှိ သောသားရဲ သည် ရှစ် ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏။ ခုနစ် ပါးအဝင်လည်း ဖြစ် ၏။ ဖျက်ဆီး ခြင်းသို့ ရောက် ရလိမ့်မည်။

13ယခုမြင် သော ချို ဆယ် ချောင်းကား ၊ မင်း အာဏာစက်ကို မ ရ သေးသော ရှင်ဘုရင် ဆယ် ပါး ဖြစ် ၏။ ရှင်ဘုရင် ၏ အာဏာစက် ကို သားရဲ နှင့်အတူ တစ် ချက် တည်း ရ ကြလိမ့်မည်။

14ထိုသူတို့သည် သဘော တူ ၍ မိမိ တို့တန်ခိုး အာဏာစက် ကို သားရဲ ၌ အပ်ပေး ကြလိမ့်မည်။

15သူ တို့သည် သိုးသူငယ် ကို စစ်တိုက် ၍ သိုးသူငယ် သည် နိုင် တော်မူမည်။ အကြောင်းမူကား ၊ သိုးသူငယ်သည် သခင် တို့၏သခင် ဘုရင် တို့၏ဘုရင် ဖြစ် တော်မူ၏။ ကိုယ်တော် နှင့်အတူ ရှိသော သူ တို့သည် လည်း ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသောသူ၊ သစ္စာရှိ သောသူ ဖြစ်ကြ၏။

16ယခုမြင် ၍ ပြည်တန်ဆာ ထိုင် သော ရေ ကား ၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးမျိုး အစုစု ဖြစ် သတည်း။

17ယခုမြင် သော ချို ဆယ် ချောင်းနှင့် သားရဲ သည် ပြည်တန်ဆာ ကို မုန်း ၍ သူ၏စည်းစိမ်ကို ဖျက်ဆီး လိမ့်မည်။ သူ ၏အဝတ် တန်ဆာကိုချွတ်၍ သူ ၏အသား ကို ကိုက်စား လိမ့်မည်။

18သူ၏ကိုယ်ကိုလည်း မီး ရှို့ လိမ့်မည်။ အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင် ၏ အလို တော်ကို ပြု ခြင်းငှာ၎င်း ၊ နှုတ်ကပတ် တော်မ ပြည့်စုံ မှီတိုင်အောင်သဘောတူ၍ မိမိ တို့နိုင်ငံ များကို သားရဲ ၌ အပ်ပေး ခြင်းငှာ၎င်း၊ ဘုရားသခင် သည် သူ တို့၌ အကြံ ပေး တော်မူ၏။

← ဗျာဒိတ်ကျမ်း 16Read In The App, Free →ဗျာဒိတ်ကျမ်း 18 →

Study ဗျာဒိတ်ကျမ်း 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122