The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 7

1ထို နောက်မှ မြေကြီး ၊ ပင်လယ် ၊ သစ်ပင် များ တို့၌ လေ မ လာ စေခြင်းငှာ ၊ ကောင်းကင်တမန် လေး ပါးတို့သည် မြေ ၏ လေး မျက်နှာလေ တို့ကိုကိုင် ၍၊ မြေ လေး မျက်နှာ ၌ ရပ် နေသည်ကို ငါမြင် ၏။

2အသက် ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ် ပါ သော ကောင်းကင်တမန် တစ်ပါး သည် အရှေ့ မျက်နှာ က တက်လာ သည်ကို ငါမြင် ၏။ သူသည်လည်း မြေ နှင့် ပင်လယ် ကိုညှင်းဆဲ ရသောအခွင့် ရှိသော ကောင်းကင်တမန် လေး ပါးကိုအသံ လွှင့် ၍၊

3ငါ တို့ဘုရားသခင် ၏ ကျွန် တို့ကိုနဖူး ၌ တံဆိပ် မ ခတ်မှီ တိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင် တို့ကို မ ညှင်းဆဲ ပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော် လေ၏။

4တံဆိပ် ခတ်ခြင်းကိုခံရသောသူ အရေအတွက် ကို ငါကြား ၍ ၊ ဣသရေလ အမျိုးသား တို့၌ အသီးသီး သော အမျိုးအနွယ် ထဲက လူတစ်သိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ် ခတ်ခြင်းကိုခံရကြ၏။

5ယုဒ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ရုဗင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဂဒ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်။

6အာရှာ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ နဿလိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ မနာရှေ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊

7ရှိမောင် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ လေဝိ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဣသခါ အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊

8ဇာဗုလုန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ယောသပ် အမျိုး ထဲက တစ်သောင်း နှစ်ထောင်၊ ဗင်္ယာမိန် အမျိုး ထဲက တစ်သောင်း နှစ်ထောင်တို့သည် တံဆိပ် ခတ် ခြင်းကိုခံရကြ၏။

9ထို့နောက်မှ ငါကြည့် လျှင်၊ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ အထဲ မှထွက်၍၊ အဘယ်သူ မျှ မရေတွက် နိုင် သော လူ များ အပေါင်းတို့သည် ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင် လျက်၊ ပလ္လင် တော်ရှေ့ ၊ သိုးသူငယ် ရှေ့ မှာရပ် နေကြ၏။

10သူတို့ကလည်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော ငါ တို့၏ ဘုရားသခင် နှင့် သိုးသူငယ် သည် ကယ်တင် တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီး သော အသံ နှင့်ကြွေးကြော် ကြ၏။

11ပလ္လင် တော်မှစသော အသက်ကြီး သူ တို့နှင့် သတ္တဝါ လေး ပါး၏ ပတ်ဝန်းကျင် ၌ ရပ် နေသော ကောင်းကင်တမန် အပေါင်း တို့သည်၊ ပလ္လင် တော်ရှေ့ မှာ ပြပ်ဝပ် ၍ ဘုရားသခင် ကို ကိုးကွယ် လျက် ၊

12အာမင် ။ ငါ တို့၏ ဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း ၊ ပညာ နှင့်တကွ ကျေးဇူး ချီးမွမ်းခြင်း၊ ဂုဏ် အသရေ၊ တန်ခိုး သတ္တိ ရှိတော်မူစေသတည်း။ အာမင် ဟုပြောဆို ကြ၏။

13အသက်ကြီး သူ တစ်ပါး က လည်း ၊ ဖြူ သော ဝတ်လုံ ကို ဝတ်ဆင် သော ဤ သူ တို့သည် အဘယ်သူ နည်း။ အဘယ် အရပ်က လာ ကြသနည်းဟု ငါ အားမေးမြန်း လျှင်၊

14ငါ က၊ သခင် ၊ ကိုယ်တော် သိ ပါ၏ဟု ပြန် လျှောက်၏။ သူကလည်း ၊ ဤ သူတို့သည် ကြီးစွာ သော ဆင်းရဲ ဒုက္ခအထဲ ကထွက်မြောက် ၍၊ မိမိ တို့ဝတ်လုံ ကို သိုးသူငယ် ၏ အသွေး ၌ လျှော် ၍ ဖြူ စေသော သူဖြစ် ကြ သတည်း။

15ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင် တော်ရှေ့ မှာ နေရာကိုရ ၍၊ ဗိမာန် တော်၌ ဘုရား ဝတ်ကိုနေ့ ညဉ့် မပြတ်ပြုရကြ၏။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော သူ သည် သူ တို့တွင် ကျိန်းဝပ် တော်မူမည်။

16သူတို့သည် နောက် တဖန် ရေ စာကို မ ငတ်မွတ်ရ ကြ။ နေရောင်ခြည် အလျှင်းမ ထိ ရ။ အဘယ် အပူ ကိုမျှ မခံရကြ။

17အကြောင်းမူကား ၊ ပလ္လင် တော်အတွင်း ၌ ရှိသောသိုးသူငယ် သည် သူ တို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်း ရေ တွင်း သို့ လမ်းပြ လိမ့်မည်။ ဘုရားသခင် သည်လည်း သူ တို့မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်ဟုဆို လေ၏။

← ဗျာဒိတ်ကျမ်း 6Read In The App, Free →ဗျာဒိတ်ကျမ်း 8 →

Study ဗျာဒိတ်ကျမ်း 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122