The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 4

1ထိုနောက်မှ ငါကြည့် လျှင် ၊ ကောင်းကင် ၌ တံခါး ဖွင့် ထားလျက်ရှိ၏။ ရှေ့ဦးစွာ ကြား ရသော အသံ ဟူမူကား၊ ဤအရပ် သို့တက် လော့။ နောင် ကာလ၌ ဖြစ် ရ မည်အရာ တို့ကို ငါပြ မည်ဟု ငါ နှင့် ပြော လျက်ရှိ သောတံပိုး ခရာသံ ကဲ့သို့ မြည်လေ၏။

2ထိုအခါဝိညာဉ် တော်ကို ငါ သည်ချက်ခြင်း ခံရ၍၊ ကောင်းကင် ဘုံ၌ ပလ္လင် တစ်ခုတည် လျက်ရှိ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူလည်း ရှိ၏။

3ထိုသူ ၏ အဆင်း အရောင်သည် နဂါးသွဲ့ ကျောက် ၊ ပတ္တမြား ကျောက်နှင့်တူ ၏။ ပလ္လင် ၏ ပတ်ဝန်းကျင် ၌ကား ၊ မြ ကျောက် အဆင်း အရောင်နှင့်တူ သော သက်တံ့ ရှိ၏။

4ထို ပလ္လင် ၏ ပတ်ဝန်းကျင် ၌ အခြားသော ပလ္လင် နှစ်ဆယ် လေး ပလ္လင် ရှိ၏။ ထို ပလ္လင် တို့အပေါ် ၌အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လျက်၊ ခေါင်း ပေါ်၌ ရွှေ သရဖူ ကို ဆောင်းလျက် ထိုင် နေကြ၏။

5ပလ္လင် တော်ထဲက လျှပ်စစ် ပြတ် ၏။ စကားပြော သံ၊ မိုဃ်းကြိုး သံလည်း မြည်၏။ ပလ္လင် တော်ရှေ့ ၌ ဘုရားသခင် ၏ဝိညာဉ် ခုနစ် ပါးတည်းဟူသောမီးခွက် ခုနစ် လုံးတို့သည် ထွန်း လျက်ရှိ ကြ၏။

6ပလ္လင် တော်ရှေ့ ၌လည်း ၊ ကျောက် သလင်းနှင့် တူ သော ဖန် ရေကန် ရှိ၏။ ပလ္လင် တော်၏အတွင်း ၌ ၎င်း၊ ပတ်ဝန်းကျင် ၌၎င်း၊ မျက်စိ နှင့်တစ်ကိုယ်လုံးပြည့် သော သတ္တဝါ လေး ပါးရှိ၏။

7ပဌမ သတ္တဝါ သည် ခြင်္သေ့ နှင့်တူ ၏။ ဒုတိယ သတ္တဝါ သည် နွား သူငယ်နှင့်တူ ၏။ တတိယ သတ္တဝါ သည် လူ မျက်နှာ ရှိ ၏။ စတုတ္ထ သတ္တဝါ သည် ပျံ လျက်ရှိသော ရွှေလင်းတ နှင့်တူ ၏။

8ထိုသတ္တဝါ လေး ပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တစ် ပါးတစ် ပါးလျှင် အတောင် ခြောက် ခုစီ ရှိ ၍၊ အတွင်း ၌ မျက်စိ နှင့်ပြည့် ကြ၏။ သူတို့ကလည်း၊ အနန္တ တန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ် ကာလ အစဉ် ရှိတော်မူသော ထာဝရ အရှင်ဘုရားသခင် သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ၏ နေ့ ညဉ့် မပြတ်ငြိမ် ၍ မ နေ ဘဲ ပြောဆို ကြ၏။

9ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာ အဆက်ဆက် အသက် ရှင်တော်မူသောသူ ၏ ဘုန်း အသရေ ၊ ဂုဏ် ကျေးဇူးတော်ကို ထို သတ္တဝါ တို့သည်ချီးမွမ်း ကြသောအခါ ၊

10အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည် ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ရှေ့ ၌ ပြပ်ဝပ် လျက် ၊ ကမ္ဘာ အဆက်ဆက် အသက် ရှင် တော်မူသော သူ ကို ကိုးကွယ် လျက် ၊

11အိုထာဝရ ဘုရား၊ ကိုယ်တော် သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း တော်မူပြီ။ ထိုအရာတို့သည် အလို တော်ကြောင့် ဖြစ်၍ ဖန်ဆင်း လျက်ရှိ ကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော် သည်ဘုန်း အသရေ တန်ခိုး တော် ကို ခံစား ထိုက် တော်မူ၏ဟုလျှောက်ဆို ၍၊ ပလ္လင် တော် ရှေ့ ၌ မိမိ တို့သရဖူ များကိုချထား ကြ၏။

← ဗျာဒိတ်ကျမ်း 3Read In The App, Free →ဗျာဒိတ်ကျမ်း 5 →

Study ဗျာဒိတ်ကျမ်း 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122