The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 5

1ထိုအခါ တစ်ဘက်တစ်ချက် ၌ အက္ခရာတင် ၍ တံဆိပ် ခုနစ် ချက် ခတ်သော စာစောင် ကို ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ၏ လက်ျာ လက်၌ ငါမြင် ၏။

2အားကြီး သောကောင်းကင် တမန်တစ်ပါးက၊ ထို စာစောင် ကိုဖွင့် ၍ တံဆိပ် တို့ကိုခွာ ခြင်းငှာအဘယ်သူ ထိုက် သနည်းဟု ကြီး သောအသံ နှင့် ကြွေးကြော် လျက်ရှိသည်ကို ငါမြင် ၏။

3ထို စာစောင် ကိုဖွင့် ၍ကြည့် ခြင်းငှာကောင်းကင် ၊ မြေကြီး ၊ မြေကြီး အောက် ၌ အဘယ်သူ မျှမတတ်နိုင် ။ ထို စာစောင် ကိုဖွင့် ၍ ကြည့် ထိုက် သောသူ တစ်ယောက် ကိုမျှ ရှာ၍မတွေ့ သောကြောင့် ၊ ငါသည် များစွာ ငိုကြွေး လေ၏။

4ထိုအခါ အသက်ကြီး သောသူတစ်ပါးက ၊ မ ငိုကြွေး နှင့်၊ ယုဒ အမျိုး ခြင်္သေ့ တည်းဟူသောဒါဝိဒ် ၏။ အမြစ် သည် ထို စာစောင် ကို၎င်း၊

5တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့် ခြင်းငှာအောင်မြင် လေပြီဟု ငါ့ ကို ပြောဆို ၏။

6ထိုအခါ ပလ္လင် တော်မှစသော သတ္တဝါ လေး ပါး နှင့် အသက်ကြီး သူ တို့အလယ် ၌ ၊ အသေ သတ်ပြီးသကဲ့သို့ သောသိုးသူငယ် သည် ရပ် လျက်ရှိ သည်ကို ငါမြင် ၏။ ထိုသိုးသူငယ် သည် မြေကြီး တပြင်လုံး ၌ လွှတ် သော ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါးတည်းဟူသောမျက်စိ ခုနစ် လုံးနှင့် ချို ခုနစ် ချောင်းရှိ ၏။

7သူသည်လာ ၍ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော သူ ၏ လက်ျာ လက်မှ စာစောင်ကို ခံယူ လေ၏။

8ထို စာစောင် ကိုခံယူ သောအခါ ၊ သတ္တဝါ လေး ပါးနှင့် အသက်ကြီး သူနှစ်ဆယ် လေး ပါးတို့သည်၊ သန့်ရှင်း သူ တို့၏ ပဌနာ တည်းဟူသောမီးရှို့ ရာနံ့သာပေါင်းနှင့် ပြည့် သော ရွှေ ဖလား တို့ကို၎င်း ၊ စောင်း တို့ကို၎င်း၊ အသီးသီး ကိုင် ၍ သိုးသူငယ် ရှေ့ ၌ပြပ်ဝပ် လျက်၊

9ကိုယ်တော်သည် အသေ သတ်ခြင်းကို ခံတော်မူသောအားဖြင့် ၊ အသီးအသီး ဘာသာ စကားကို ပြောသော လူ အမျိုး အနွယ် ခပ်သိမ်းတို့အထဲ မှအကျွန်ုပ် တို့ကိုယူ၍၊ အသွေး တော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။

10အကျွန်ုပ် တို့၏ ဘုရားသခင် ရှေ့မှာ၊ ရှင်ဘုရင် အရာ၌၎င်း ၊ ယဇ် ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား ၍ ၊ မြေကြီး ပေါ်မှာ စိုးစံ ရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင် ကို ခံယူ ၍တံဆိပ် တို့ကို ဖွင့် ထိုက် တော်မူ၏ဟု အသစ် သောသီချင်း ကိုသီ ၍ လျှောက်ဆို ကြ၏။

11ထိုအခါ ငါကြည့် ၍ ပလ္လင် တော်မှစသော သတ္တဝါ တို့နှင့် အသက်ကြီး သူ တို့၏ ပတ်ဝန်းကျင် ၌ ကုဋေ သင်္ချေ မက အတိုင်းမသိ များစွာ သော ကောင်းကင် တမန် တို့၏ အသံ ကို ငါကြား ၏။

12ထိုသူတို့ကလည်း၊ အသေ သတ်ခြင်းကိုခံ ခဲ့ပြီးသော သိုးသူငယ် သည်၊ တန်ခိုး ၊ စည်းစိမ် ၊ ပညာ ၊ အစွမ်း သတ္တိ၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက် တော်မူ၏ဟု ကြီး သောအသံ နှင့် ပြောဆို ကြ၏။

13ကောင်းကင် ၊ မြေကြီး ၊ မြေကြီး အောက် ၊ သမုဒ္ဒရာ အထဲ ၊ အရပ်ရပ်တို့၌ ရှိရှိသမျှ သော ဝေနေယျ သတ္တဝါ အပေါင်း တို့က၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ နှင့် သိုးသူငယ် သည် ကမ္ဘာ အဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဂုဏ် အသရေ၊ ဘုန်း အာနုဘော်၊ အစွမ်း သတ္တိရှိတော်မူစေသတည်းဟု ပြောဆို ကြသည်ကို ငါကြား လေ၏။

14သတ္တဝါ လေး ပါးတို့ကလည်း အာမင် ဟုခေါ်ဝေါ် ကြ၏။ အသက်ကြီး သူ တို့သည်လည်း ပြပ်ဝပ် ၍ ကိုးကွယ် ကြ၏။

← ဗျာဒိတ်ကျမ်း 4Read In The App, Free →ဗျာဒိတ်ကျမ်း 6 →

Study ဗျာဒိတ်ကျမ်း 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122