The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 6

1သိုးသူငယ် သည် တံဆိပ် ခုနစ် ချက်တွင် တစ် ချက်ကိုဖွင့် သောအခါ ငါကြည့် လျှင် ၊ မိုဃ်းကြိုး သံ မြည် သကဲ့သို့ ၊ သတ္တဝါ လေး ပါးတွင် တစ်ပါး က၊ လာ ၍ ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။

2ထိုအခါ ငါကြည့် လျှင် ၊ မြင်း ဖြူ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် လေး ကိုကိုင် ၏။ သူ ၌သရဖူ ကို ပေး တော်မူ၏။ အောင်မြင် လျက်၎င်း ၊ အောင်မြင် ခြင်းငှာ ၎င်း ထွက်သွား ၏။

3ဒုတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ ဒုတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။

4ထိုအခါ မြင်း နီ တစ်စီးထွက် ၍၊ စီး သောသူ သည် ငြိမ်ဝပ် ခြင်းကို မြေကြီး က ရုပ်သိမ်း ခြင်းငှာ၎င်း ၊ မြေကြီး သားတို့ကို အချင်းချင်း အသေ သတ်စေခြင်းငှာ ၎င်း အခွင့် ရ၏။ သူ ၌ဓါး ကြီး ကိုပေး တော်မူ၏။

5တတိယ တံဆိပ် ကိုဖွင့် သောအခါ ၊ တတိယ သတ္တဝါ က၊ လာ ၍ကြည့်လော့ဟု ဆို သည်ကို ငါကြား ၏။ ထိုအခါ ငါကြည့် လျှင် မြင်း နက် တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် ချိန်ခွင် ကိုကိုင် ၏။

6သတ္တဝါ လေး ပါးအလယ် ၌ ပြောသံ ဟူမူကား၊ ဒေနာရိ တစ်ပြားနှင့် ဂျုံဆန် တစ်ခွက် ကိုရ၏။ မုယော ဆန် သုံး ခွက် ကိုရ၏။ ဆီ နှင့် စပျစ်ရည် ကို မ ပျက် စေနှင့် ဟုဆို သည်ကိုငါကြား ၏။

7စတုတ္ထ တံဆိပ် ကိုဖွင့် သောအခါ ၊ စတုတ္ထ သတ္တဝါ က၊ လာ ၍ ကြည့်လော့ဟုဆို သည်ကို ငါကြား ၏။

8ထိုအခါ ငါကြည့် လျှင် ၊ မြင်း မွဲ တစ်စီးရှိ ၏။ မြင်း စီး သောသူ သည် မရဏာ ဟူသောအမည် ရှိ ၏။ မရဏာ နိုင်ငံသည် ထိုသူ နောက် သို့ လိုက်လေ၏။ သူသည် မြေကြီး လေး စိတ်တစ်စိတ်ကို အစိုးရ ၍ ဓါး ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ၍သေဘေး၊ မြေ သားရဲ ဘေးအားဖြင့် သတ် ပိုင် သော အခွင့်ကိုရ ၏။

9ပဉ္စမ တံဆိပ် ကိုဖွင့် သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၎င်း ၊ မိမိတို့သက်သေခံ ချက်ကြောင့် ၎င်း၊ အသေ သတ်ခြင်းကိုခံရသောသူ တို့၏ ဝိညာဉ် များကို ယဇ်ပလ္လင် အောက် ၌ ငါမြင် ၏။

10သူတို့ကလည်း ၊ သန့်ရှင်း ဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေ ပေါ်မှာ နေ သော သူ တို့သည် ငါ တို့အသွေး ကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ် မ ပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံးနေ တော်မူမည်နည်းဟုကြီးမား သော အသံ နှင့် ကြွေးကြော် ကြ၏။

11ထိုသူ တို့၌ဖြူ သောဝတ်လုံ ကို ပေး တော်မူ၏။ သူ တို့နည်းတူ အသေ သတ်ခြင်းကိုခံရလတံ့ သော မိမိ လုပ်ဘော် ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံ ခြင်းသို့မ ရောက်မှီ၊ ခဏ ငြိမ်သက် စွာ နေရကြဦး မည်ဟု သူ တို့အားမိန့် တော်မူ၏။

12ဆဋ္ဌမ တံဆိပ် ကိုဖွင့် သောအခါ ငါကြည့် လျှင် ကြီးစွာ သော မြေလှုပ် ခြင်းဖြစ် ၏။ နေ သည်အမွေး ဖြင့် ရက်သောအဝတ် ကြမ်းကဲ့သို့ မည်း ၏။ လ အလုံး သည် အသွေး ကဲ့သို့ ဖြစ် ၏။

13သင်္ဘော သဖန်းပင်ကို ပြင်းစွာ သော လေ တိုက် လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့ ၊ ကောင်းကင် ကြယ် တို့သည် မြေ ပေါ်သို့ ကျ ကြ၏။

14မိုဃ်း ကောင်းကင်သည် စာစောင် လိပ် သကဲ့သို့ လွင့် သွား၏။ တောင် များ၊ ကျွန်း များအပေါင်း တို့သည် မိမိ တို့နေရာ အရပ်မှ ရွေ့ ကြ၏။

15လောကီ ဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ်၊ ခွန်အား ကြီးသောသူ မှစ၍ ကျွန် များ၊ လူ လွတ် များအပေါင်း တို့သည် မြေတွင်း ၌ ၎င်း ၊ တောင် ပေါ်မှာရှိသော ကျောက် များ၌ ၎င်း၊ ပုန်းရှောင် လျက်နေ၍၊ ထိုတောင် များ၊ ကျောက် များတို့ကို ခေါ် လျက် ၊

16ငါ တို့အပေါ်သို့ ကျ ကြပါ။ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ၏ မျက်နှာ နှင့် သိုးသူငယ် ၏ အမျက် တော်ကို ကွယ်ကာ၍ ၊ ငါ တို့ကိုဖုံးအုပ် ကြပါ။

17အမျက် တော် ထင်ရှားသောနေ့ ကြီး ရောက် ပါပြီ တကား။ အဘယ်သူ သည် ခံရပ် နိုင် မည်နည်းဟု ပြောဆိုကြ၏။

← ဗျာဒိတ်ကျမ်း 5Read In The App, Free →ဗျာဒိတ်ကျမ်း 7 →

Study ဗျာဒိတ်ကျမ်း 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122