The Bible Software
ဗျာဒိတ်ကျမ်း · မြန်မာကျမ်းစာ

ဗျာဒိတ်ကျမ်း 9

1ပဉ္စမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ကြယ် တစ်လုံးသည် ကောင်းကင် က မြေကြီး ပေါ်သို့ ကျ သည်ကို ငါမြင် ၏။ သူ ၌အနက်ဆုံး သော တွင်း ၏ သော့ ကို အပ်ပေး သည်ဖြစ်၍ ၊

2သူသည်အနက်ဆုံး သော တွင်း ကိုဖွင့် လျှင် ၊ ကြီးစွာ သော မီးဖို ၏ အခိုး ကဲ့သို့သော အခိုး သည် တွင်း ထဲက တက် လေ၏။ ထိုတွင်း ၏ မီးခိုး ကြောင့် ၊ နေ နှင့် အာကာသ ကောင်းကင်သည် မှောင်မိုက် လေ၏။

3ကျိုင်းကောင် တို့သည် မီးခိုး အထဲ ကမြေကြီး အပေါ်သို့ ထွက် ၍ မြေ ကင်းမြီးကောက် တန်ခိုး ကဲ့သို့သော တန်ခိုး ကိုရ ကြ၏။

4မြေ ၏မြက်ပင် မှစ၍ စိမ်း သောအရာများ၊ သစ်ပင် များအပေါင်း တို့ကို ထား၍၊ နဖူး ၌ ဘုရားသခင် တံဆိပ် ခတ်ခြင်းကို မ ခံ သော လူ တို့ကိုညှဉ်းဆဲ မည် အကြောင်း သူ တို့အား ပညတ် ထား၏။

5တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါး လ ပတ်လုံးပြင်းစွာ သော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင်ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက် သည် လူ ကိုထိုး သော ဝေဒနာ ကဲ့သို့ ဖြစ်သတည်း။

6ထို နေ့ရက် ကာလ၌ လူ တို့သည် သေ ခြင်းကို ရှာ ကြလိမ့်မည်။ ရှာသော်လည်းမ တွေ့ ရကြ။ အလွန် သေ ချင် သော်လည်း သေမင်း သည် သူ တို့ထံမှ ပြေးသွား လိမ့်မည်။

7ထိုကျိုင်းကောင် တို့၏ အဆင်း သဏ္ဌာန်သည် စစ်တိုက် ခြင်းငှာ ပြင်ဆင် သောမြင်း ၏ အဆင်းသဏ္ဌာန် နှင့် တူ၏။ ခေါင်း ပေါ် မှရွှေ သရဖူ ကို ဆောင်းဟန်ရှိ၏။ မျက်နှာ သည်လူ မျက်နှာ ကဲ့သို့ ဖြစ်၏။

8ဆံပင် သည်မိန်းမ ဆံပင် ကဲ့သို့ ဖြစ် ၏။ သွား သည်လည်း ခြင်္သေ့ သွားကဲ့သို့ ဖြစ် ၏။

9ရင်အုပ် တန်ဆာသည် သံ ရင်အုပ် တန်ဆာကဲ့သို့ ဖြစ် ၏။ အတောင် ခတ်သော အသံ သည် စစ်တိုက် ၍ ပြေးလာ သော မြင်း ရထား အများ ၏ အသံ ကဲ့သို့ ဖြစ်၏။

10အမြီး သည် ကင်းမြီးကောက် နှင့် တူ ၏။ အမြီး ၌ လည်း ဆူး ရှိ၏။ လူ တို့ကို ငါး လ ပတ်လုံးညှဉ်းဆဲ ရသော အခွင့် တန်ခိုးရှိ၏။

11သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။

12အမင်္ဂလာ တစ်ပါး လွန် ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ် ပါးလာ လေဦး မည်။

13ဆဋ္ဌမ ကောင်းကင်တမန် သည် တံပိုး မှုတ်သောအခါ ၊ ဘုရားသခင် ရှေ့ တော်၌ရှိသော ရွှေ ယဇ်ပလ္လင် ၏ ချို လေး ချောင်းထဲက ထွက်သော အသံ ကား၊

14ဥဖရတ် မြစ် ကြီး နား မှာ ချည်နှောင် လျက်ရှိသော ကောင်းကင်တမန် လေး ပါးကို လွှတ် လော့ဟု တံပိုး ရှိ သော ဆဌမ ကောင်းကင်တမန် အား ဆို သည်ကို ငါကြား ၏။

15ထိုအခါ လူ သုံးစု တစ်စုကို အသေ သတ်ခြင်းငှာ ။ တစ်နာရီ ၊ တစ်ရက် ၊ တစ်လ ၊ တစ်နှစ် အဘို့ ပြင်ဆင် သော ကောင်းကင်တမန် လေး ပါးတို့ကို လွှတ် လေ၏။

16မြင်း စီးသူရဲ တို့၏ အရေအတွက် ကား ၊ နှစ်သင်္ချေဖြစ်၏။ ထို အရေအတွက် ကို ငါကြား ရ၏။

17ထိုအတူ ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသော မြင်း တို့ကို၎င်း၊ ကန့် ၊ မီး ၊ ဝှာကိန္သုကျောက်နှင့်ပြီးသော ရင်အုပ် တန်ဆာရှိ သောမြင်းစီး သူရဲ တို့ကို၎င်း ငါမြင် ရ၏။ မြင်း တို့၏ ခေါင်း သည်ခြင်္သေ့ ခေါင်း ကဲ့သို့ ဖြစ်၏။ သူ တို့၏ ခံတွင်း ထဲက လည်း ကန့် ၊ မီးလျှံ ၊ မီးခိုး ထွက် ကြ၏။

18သူ တို့၏ခံတွင်း ထဲက ထွက် သော ကန့် ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောဘေး သုံး ပါးကြောင့် ၊ လူ သုံးစုတစု သေ ကြ၏။

19အကြောင်းမူကား ၊ သူ တို့တန်ခိုး သည် ခံတွင်း ၌ ၎င်း ၊ အမြီး ၌ ၎င်းတည် ၏။ အမြီး သည် ခေါင်း နှင့် ပြည့်စုံ ၍ မြွေ နှင့်တူ ၏ ။အမြီးအားဖြင့် ညှင်းဆဲ တတ်ကြ၏။

20ထို ဘေးဒဏ် ကြောင့် မ သေ ဘဲကြွင်း သော လူ တို့သည် နတ် တို့ကို၎င်း၊ မ မြင် နိုင် ၊ မ ကြား နိုင်၊ မ သွားလာ နိုင်သောရွှေ ရုပ်တု ၊ ငွေ ရုပ်တု၊ ကြေးနီ ရုပ်တု၊ ကျောက် ရုပ်တု၊ သစ်သား ရုပ်တုတို့ကို၎င်း မ ကိုးကွယ် ဘဲ နေခြင်းငှာ ၊ ကိုယ် လက် နှင့် လုပ် သော အရာများကို နောင်တ မ ရဘဲနေကြ၏။

21ကိုယ်ကျင့်သော အကျင့်တည်းဟူသောလူ အသက်ကို သတ်ခြင်း၊ သူတစ်ပါး ကိုပြုစား ခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ ဥစ္စာ ကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တ မ ရဘဲနေကြ၏။

← ဗျာဒိတ်ကျမ်း 8Read In The App, Free →ဗျာဒိတ်ကျမ်း 10 →

Study ဗျာဒိတ်ကျမ်း 9

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122