The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 48

1ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မောဘ ပြည်ကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊ နေဗော မြို့သည် အမင်္ဂလာ ရှိ၏။ ပျက်စီး ခြင်းသို့ရောက်လေ၏။ ကိရယသိမ် မြို့သည် ရှုံး၍လုယူ ခြင်းကို ခံရ၏။ မိသဂပ် မြို့ သည်လည်း ရှုံး၍ စိတ်ပျက် လေ၏။

2မောဘ ပြည်သည် နောက် တဖန် ဟေရှဘုန် မြို့၌ မ ဝါကြွား ရ။ ရန်သူတို့က၊ မောဘပြည်ကို ပြည်မဖြစ် စေခြင်းငှါပယ်ရှား ကြကုန်အံ့ဟု၊ ရန်ပြု မည့်အကြံနှင့် ကြံစည် ကြ၏။ အိုမာဒမေန မြို့၊ သင်သည်လည်း ပျက်စီး ရမည်။ ထား ဘေးသည် သင့် ကိုလိုက် လိမ့်မည်။

3ဟောရနိမ် မြို့၌လည်း ညှဉ်းဆဲ ခြင်းနှင့် ပြင်းစွာ သော ပျက်စီး ခြင်းရှိ၍၊ အော်ဟစ် သောအသံ ကိုကြားရ၏။

4မောဘ ပြည်သည်ပျက်စီး ခြင်းသို့ရောက်၍၊ သူငယ် တို့သည် မြည်တမ်း သောအသံကိုပြုကြ၏။

5ငိုကြွေး သောအသံသည် လုဟိတ် တောင်ပေါ်သို့ တက် ရ၏။ ဟောရနိမ် မြို့သို့ဆင်း ရာအရပ်၌ လည်း၊ ဆုံးရှုံး ခြင်းအသံကိုရန်သူ တို့သည် ကြား ရကြ၏။

6အသက် လွတ် အံ့သောငှါပြေး ကြလော့။ လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက်ကဲ့သို့ ဖြစ် ကြလော့။

7သင်သည်မိမိ ဆည်းဖူးသော ဘဏ္ဍာ ဥစ္စာကို ကိုးစား သောကြောင့် ၊ သူတပါးလက် သို့ရောက်ရလိမ့်မည်။ ခေမုရှ ဘုရားကိုလည်း သူ ၏ မင်း၊ သူ ၏ယဇ် ပုရောဟိတ်တို့ နှင့်တကွသိမ်းသွား ကြလိမ့်မည်။

8လုယူ သောသူသည် မြို့များအစဉ်အတိုင်းရောက်လာ ၍ မြို့တမြို့မျှမ လွတ် ရ။ ချိုင့် နှင့်တကွ လွင်ပြင် သည်လည်း၊ ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။ ထိုသို့ ထာဝရဘုရား မိန့် တော်မူပြီ။

9မောဘ ပြည်သည် လွတ်ရာသို့ ပြေး ရအောင် ငှက်တောင် တို့ကိုပေး လော့။ မြို့ တို့သည်နေ သောသူမ ရှိ၊ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။

10ထာဝရဘုရား ၏ အမှု တော်ကို ကြိုးစား ၍ မဆောင်သောသူသည် ကျိန်ဆဲ ခြင်းကိုခံစေ။ လူအသက် ကို မသတ်ဘဲမိမိ ထား ကို သိမ်းရုပ် သောသူသည် ကျိန်ဆဲ ခြင်း ကိုခံစေ။

11မောဘ သည်အိုး တလုံးမှ တလုံးသို့ မ ပြောင်း ၊ တကျွန်းတနိုင်ငံသို့ ယူသွား ခြင်းကိုမ ခံ၊ ငယ် သော အရွယ်မှစ၍ ငြိမ် လျက် ၊ မိမိ အဖတ် အနည်ပေါ် ၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိ အရသာ သည် တည် နေ၏။ မွှေး သောအနံ့လည်း မ ပျက် ။

12သို့ရာတွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ စောင်း၍ထားတတ်သောသူတို့ကို သူ့ ထံသို့ ငါစေလွှတ် ရသော အချိန် ရောက် လိမ့်မည်။ သူတို့သည် မောဘကို စောင်း၍ ထားပြီးလျှင်၊ သူ ၏အိုး တို့ကိုသွန် ၍ ရေဘူး တို့ကို ခွဲ ကြလိမ့်မည်။

13ဣသရေလ အမျိုး သည် မိမိ တို့ခိုလှုံ သော ဗေသလ ဘုရားကြောင့် ရှက် ရသကဲ့သို့ ၊ မောဘ အမျိုး သည်လည်း ခေမုရှ ဘုရားကြောင့် ရှက် ရလိမ့်မည်။

14ငါ တို့သည်အားကြီး သောသူ၊ စစ်တိုက် ခြင်းငှါတတ်စွမ်းနိုင်သောသူဖြစ်ကြ၏ဟု၊ သင်တို့သည် အဘယ်သို့ ပြောဆို ကြလိမ့်မည်နည်း။

15မောဘ ပြည်သည် ပျက်စီး ပြီ။ မြို့ တို့သည် ကျွမ်းလောင် ကြပြီ။ သူ ရွေးချယ် သောလုလင် တို့သည် ကွပ်မျက် ခြင်းကိုခံအံ့သောငှါ ဆင်းသွား ကြပြီဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ဟူ၍ဘွဲ့ နာမရှိသော ရှင်ဘုရင် မိန့် တော်မူ၏။

16မောဘ ကို လုပ်ကြံရသောအချိန်နီး ပြီ။ သူ ခံရသော ဘေး သည် အလျင်အမြန် လာ၏။

17သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့၊ သူ့ အတွက် မြည်တမ်း ကြလော့။ သူ၏နာမ ကို သိ သော သူအပေါင်း တို့၊ တန်ခိုး ကြီးသောလှံတံ ၊ အသရေ တင့်တယ်သောတံဖျာ သည် ကျိုး လေပြီတကားဟု ပြောဆို ကြ လော့။

18ဒိဘုန် မြို့၌နေ သောသတို့သမီး ၊ သင်ခံစားရသော စည်းစိမ် မှ ဆင်း ၍အငတ် ခံလျက်ထိုင် လော့။ မောဘ ကို လုယူ သောသူသည် သင် ရှိရာ သို့လာ ၍၊ သင် ၏ရဲတိုက် တို့ကို ဖျက်ဆီး လိမ့်မည်။

19အိုအာရော် မြို့သား ၊ လမ်း နား မှာရပ် ၍ ကြည့်ရှု လော့။ အဘယ် အမှုရှိ သနည်းဟု၊ ပြေး သောယောက်ျားနှင့် အသက်လွတ် သော မိန်းမကိုမေးမြန်း လော့။

20မောဘ သည်စိတ်ပျက် လေ၏။ ပြိုလဲ လျက်ရှိ၏။ ငိုကြွေး မြည်တမ်း ကြလော့။ မောဘ သည် ပျက်စီး ကြောင်း ကို အာနုန် မြို့၌ ကြားပြော ကြလော့။

21လွင်ပြင် နှင့်တကွဟောလုန် မြို့၊ ယဟာဇ မြို့၊ မေဖတ် မြို့၊

22ဒိဘုန် မြို့၊ နေဗော မြို့၊ ဗက်ဒိဗလသိမ် မြို့၊

23ကိရယသိမ် မြို့၊ ဗက်ဂမုလ မြို့၊ ဗက်မောင် မြို့၊

24ကေရုတ် မြို့၊ ဗောဇရ မြို့မှစ၍၊ မောဘ ပြည် ၌ ရှိသောမြို့ အနီး အဝေး ရှိသမျှ တို့သည် အပြစ်ဒဏ် ကို ခံရကြ ၏။

25မောဘ ၏ဦးချို သည် ပြတ် လေပြီ။ သူ ၏လက်ရုံး သည် ကျိုး လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။

26မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။

27သင်သည်ဣသရေလ ကို ကဲ့ရဲ့ ပြီမ ဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုး တို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ် ပါသည်တကား။

28မောဘ ပြည်၌နေ သောသူတို့၊ မြို့ တို့ကိုစွန့် ၍ ကျောက် ကြား ၌ နေ ကြလော့။ မြေတွင်း ဝ နား မှာ အသိုက် လုပ်တတ်သော ချိုးငှက် ကဲ့သို့ ပြု ကြလော့။

29မောဘ ၏မာန ကိုငါတို့သည် ကြားသိ ကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ မာန ကြီးခြင်း၊ ထောင်လွှား စော်ကား ခြင်း၊ စိတ် နှလုံးမြင့် ခြင်းရှိသော်လည်း၊

30သူ ၏ဒေါသ အမျက်ထွက်ခြင်းကို ငါ သိ သည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွား သော စကားကို ပြောလျက်နှင့်၊ မိမိအလိုမ ပြည့်စုံ ရာဟု ထာဝရဘုရား မိန့် တော်မူ၏။

31ထိုကြောင့် ၊ မောဘ အတွက် ငါသည် ညည်းတွား မြည်တမ်းမည်။ မောဘ ပြည်တပြည်လုံး အတွက် ငိုကြွေး မည်။ ကိရဟရက် မြို့သား တို့အတွက် ညည်းတွား ခြင်း ရှိရမည်။

32အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။

33ဝပြော သောလယ်ပြင်နှင့် မောဘ ပြည် ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်းပြတ် လေပြီ။ စပျစ်သီး နယ်ရာ ကျင်း၌စပျစ်ရည် ကို ငါပြတ် စေပြီ။ ကြွေးကြော် သံကိုပြု၍ စပျစ်သီးကိုမ နင်း ရ။ ကြွေးကြော် သော အသံလည်း ကြွေးကြော် သောအသံမ ဟုတ်ရ။

34ဟေရှဘုန် မြို့ ငိုကြွေး သံမှစ၍ ဧလာလေ မြို့၊ ယာဟတ် မြို့တိုင်အောင် ၎င်း ၊ ဇောရ မြို့မှစ၍ ဟောရနိမ် မြို့တိုင်အောင် ၎င်း သုံးနှစ်အသက်ရှိသောနွားမမြည်သံကဲ့သို့အသံ ကို လွှင့် ကြ၏။ အကြောင်း မူကား၊ နိမရိမ် ရေကန် တို့သည်လည်း ဆိတ်ညံ လျက်ရှိကြ၏။

35မောဘ ပြည်၌ မြင့် သော အရပ်ပေါ်မှာ ပူဇော် သောသူ၊ မိမိ ဘုရား တို့အား နံ့သာ ပေါင်းကို မီးရှို့သောသူတို့ ကို ငါပြတ် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

36ထိုကြောင့် ၊ ငါ့ နှလုံး သည် မောဘ ပြည်အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ ငါ့ နှလုံး သည် ကိရဟရက် မြို့သား တို့အတွက် ပုလွေ ကဲ့သို့ မြည် ရလိမ့်မည်။ သူတို့ ဆည်းဖူး သော ဘဏ္ဍာ ဥစ္စာပျက်စီး ပြီ။

37လူတိုင်းဆံပင် တိုလျက် ၊ မုတ်ဆိတ် ကိုရိတ် လျက်၊ လက် ၌ ရှန လျက်၊ ခါး ၌ လျှော်တေ အဝတ်ကို ဝတ်လျက် ရှိရ၏။

38အသုံး မရသော အိုး ကိုခွဲတတ်သကဲ့သို့ ၊ မောဘ ပြည်ကို ငါခွဲ သောကြောင့် ၊ မောဘ ပြည်အိမ်မိုး များ အပေါ် ၌၎င်း ၊ လမ်း များ၌ ၎င်း ညည်းတွား မြည်တမ်းခြင်းနှံ့ပြားရမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

39သူတို့ကလည်း၊ မောဘ ပြည်ပြိုပျက် လေပြီ တကား၊ ရှက် ၍ဆုတ်သွား လေပြီတကားဟု ညည်းတွား မြည်တမ်းကြလိမ့်မည်။ မောဘ သည် အရှက်ကွဲ၍ ကဲ့ရဲ့ ခြင်းကိုခံရလျက်၊ ပတ်လည် ၌နေသောသူအပေါင်း တို့၏ ကြောက်လန့် စရာအကြောင်းဖြစ် ရလိမ့်မည်။

40ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတ ပျံတတ်သကဲ့သို့ ပျံ လာ၍ ၊ အတောင် တို့နှင့် မောဘ ပြည်ကို အုပ်မိုး လိမ့်မည်။

41မြို့တို့ကိုလုပ်ကြံ ၍ ရဲတိုက် တို့ကို တိုက်ယူ သောကြောင့် ၊ ထို နေ့ ၌ မောဘ အမျိုးသူရဲ တို့ စိတ် နှလုံးသည်၊ သားဘွားခြင်းဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် ရလိမ့်မည်။

42မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။

43အိုမောဘ အမျိုးသား၊ သင်သည် ကြောက်လန့် ဘွယ်သောအရာ၊ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက် လေပြီ။

44ကြောက်လန့် ဘွယ်သောအရာမှ ပြေး သောသူသည် မြေတွင်း ထဲသို့ ကျ လိမ့်မည်။ မြေတွင်း မှ လွတ် သောသူသည် ကျော့ကွင်း ၌ ကျော့မိ လိမ့်မည်။ ဆုံးမ ခြင်းကိုခံရသောနှစ် ကာလကို မောဘ ပြည်သို့ ငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

45ပြေး သောသူတို့သည်အားကုန် သောကြောင့်၊ ဟေရှဘုန် မြို့အရိပ် ကို ခို ကြသော်လည်း၊ ရှိဟုန် ဘုရင် နေရာဟေရှဘုန် မြို့မှ မီးလျှံ ထွက် သဖြင့် ၊ မာန ထောင်လွှား သောသူ တို့၏ အထွဋ် မှစ၍မောဘ ပြည်စွန်း တိုင်အောင်လောင် လိမ့်မည်။

46အိုမောဘ ပြည်၊ သင် သည်အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုးနည်း ကြပြီ။ သင် တို့၏ သား သမီး များကို သိမ်းသွား ကြပြီ။

47သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောမောဘ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။ ဤရွေ့ကား ၊ မောဘ ခံရသော အပြစ်တရား ပေတည်း။

← ယေရမိအနာဂတ္တိကျမ်း 47Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 49 →

Study ယေရမိအနာဂတ္တိကျမ်း 48

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152