The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 42

1ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ် ၍ ၊

2အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။

3အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။

4ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။

5သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။

6အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။

7ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင် ၊

8ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ၌ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ် ၍ ၊

9သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊

10အကယ်စင်စစ်သင်တို့သည် ဤ ပြည် ၌ နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။

11သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။

12သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၍ ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။

13သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် ၌ မ နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊

14စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား ၍ နေ မည်ဟု ဆို လျှင်၊

15ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင် ၊

16သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် ၌ သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။

17အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။

18ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။

19ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။

20အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။

21ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။

22ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ၌ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။

← ယေရမိအနာဂတ္တိကျမ်း 41Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 43 →

Study ယေရမိအနာဂတ္တိကျမ်း 42

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152