The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 10

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2သင်သည် ပရိသတ် စည်းဝေး စေခြင်းငှါ ၎င်း ၊ တပ် တို့ကို ချီ စေခြင်းငှါ ၎င်း၊ မှုတ်ရသောငွေ တံပိုး နှစ် လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့်မဆက်ဘဲလုပ် ရမည်။

3တံပိုးမှုတ် သောအခါ ၊ ပရိသတ် အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ သင့် ထံ၌ စည်းဝေး ရကြမည်။

4တံပိုးတလုံးတည်း ကို မှုတ် လျှင် ၊ ဣသရေလ အမျိုး၌ လူတထောင် ကို အုပ် သောမင်း တို့သည် သင့် ထံ၌ စည်းဝေး ရကြမည်။

5နှိုးဆော် သံနှင့်မှုတ် သောအခါ ၊ အရှေ့ တပ် တို့ သည် ချီ သွားရကြမည်။

6ဒုတိယ အကြိမ်နှိုးဆော် သံနှင့် မှုတ် သောအခါ ၊ တောင် တပ် တို့ သည် ချီ သွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်းချီ သွားစေခြင်းငှာ နှိုးဆော် သံနှင့်မှုတ် ရမည်။

7ပရိသတ် စည်းဝေး စေခြင်းငှါနှိုးဆော် သံကိုမ ပြု ဘဲ တံပိုးမှုတ် ရမည်။

8အာရုန် ၏ သား ၊ ယဇ်ပုရောဟိတ် တို့သည် ထိုတံပိုး ကို မှုတ် ရကြမည်။ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောပညတ် ဖြစ် သတည်း။

9သင်တို့သည် ကိုယ် ပြည် ၌ နေသောအခါ၊ တိုက် လာသောရန်သူ တို့ကို စစ် ချီ လျှင် ၊ နှိုးဆော် သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် သင်တို့ကို အောက်မေ့ ၍ ၊ ရန်သူ လက်မှ ကယ်တင် တော်မူမည်။

10သင် တို့သည် ရွှင်လန်း ခြင်းကို ပြုသောနေ့ ၊ ပွဲသဘင် နေ့၊ လဆန်း နေ့တို့၌ ၊ သင် တို့ဘုရားသခင် အောက်မေ့ တော်မူဘို့ရာ၊ သင် တို့မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ် ပူဇော်သက္ကာ များအပေါ် မှာ တံပိုး မှုတ် ရကြမည်။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

11ဒုတိယ နှစ် ၊ ဒုတိယ လ အရက်နှစ်ဆယ် မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ် သည် သက်သေခံ ချက်တဲ တော် မှ ကွာ မြောက်သည်ဖြစ်၍၊

12ဣသရေလ အမျိုးသား တို့သည် သိနာ တောင် မှ ခရီးသွား ကြ၏။ နောက် တဖန် မိုဃ်းတိမ် သည် ပါရန် တော ၌ တည် နေ၏။

13ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ပဌမ ခရီး သွားခြင်းကို ပြုကြ၏။

14ယုဒ တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည်၊ အလံ နှင့်တကွရှေ့ဦးစွာ ချီ သွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ် သား နာရှုန် အုပ်ရ၏။

15ဣသခါ တပ် ကို၊ ဇုအာ သား နာသနေလ အုပ်၏။

16ဇာဗုလုန် တပ် ကို၊ ဟေလုန် သား ဧလျာဘ အုပ်ရ၏။

17တဲ တော်ကိုဖြုတ် ချ၍ ဂေရရှုန် သား ၊ မေရာရိ သား တို့သည် တဲ တော်ကို ထမ်း လျက်ချီ သွားကြ၏။

18ရုဗင် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ရုဗင် တပ် ကို ရှေဒုရ သား ဧလိဇုရ အုပ်ရ၏။

19ရှိမောင် တပ် ကို ဇုရိရှဒ္ဒဲ သား ရှေလုမျေလ အုပ် ရ၏။

20ဂဒ် တပ် ကို ဒွေလ သား ဧလျာသပ် အုပ်ရ၏။

21ကောဟတ် သားတို့သည် သန့်ရှင်း ရာဌာန တန်ဆာတို့ကို ထမ်း လျက် ချီ သွားကြ၏။ သူ တို့မ ရောက် မှီ အရင်သွားသောသူတို့ သည် တဲ တော်ကို ထူထောင် ရကြ၏။

22ဧဖရိမ် တပ် အစဉ်အတိုင်းအလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ၏။ ဧဖရိမ် တပ် ကို အမိဟုဒ် သား ဧလိရှမာ အုပ်ရ၏။

23မနာရှေ တပ် ကို ပေဒါဇုရ သား ဂါမလျေလ အုပ်ရ၏။

24ဗင်္ယာမိန် တပ် ကို ဂိဒေါနိ သား အဘိဒန် အုပ် ရ၏။

25နောက်ဆုံးတပ်တည်းဟူသောဒန် တပ် အစဉ်အတိုင်း အလုံးအရင်း တို့သည် အလံ နှင့်တကွချီ သွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲ သား အဟေဇာ အုပ်ရ၏။

26အာရှာ တပ်ကို ဩကရန် သား ပါဂျေလ အုပ်ရ၏။

27နဿလိ တပ် ကိုဧနန် သား အဟိရ အုပ်ရ၏။

28ထိုသို့ ဣသရေလ အမျိုးသား တို့သည်ချီသွားသောအခါ၊ တပ် များအစဉ်အတိုင်း ချီ ၍ ခရီးသွား ကြ၏။

29မောရှေ ကလည်း ၊ ထာဝရဘုရား ၏ ဂတိတော် အတိုင်း ငါတို့အားပေး တော်မူမည်အရပ် သို့ ငါ တို့ သည် ယခုခရီးသွား ကြ၏။ ငါ တို့နှင်အတူ လိုက်၍လာ ပါ။ ငါတို့သည် ကျေးဇူး ပြုပါမည်။ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့၌ ကျေးဇူး ပြုတော်မူမည် ဂတိ ရှိပါ၏ဟု မိမိယောက္ခမ မိဒျန် အမျိုး၊ ရွေလ သား ဟောဗပ် အား ဆို လျှင်၊

30ဟောဗပ်ကငါမ လိုက် မသွားပါ၊ ငါ့ နေရင်းပြည် ၊ ငါ့ အဆွေအမျိုး ရှိရာသို့ ပြန်သွား ပါမည်ဟု မောရှေ အား ဆို ၏။

31မောရှေကလည်း၊ ငါ တို့ကို စွန့်ပစ် ၍ မ သွားပါ နှင့်။ သင်သိ သည်အတိုင်း ငါ တို့သည်တော ၌ စားခန်းချ ရမည်။ သင်သည် ငါ တို့မျက်စိ ဖြစ် ရပါ၏။

32ငါ တို့နှင့်အတူ လိုက် လျှင် ထာဝရဘုရား ပြု တော်မူ သောကျေးဇူး တော်ကို ငါ တို့သည် ခံရသည်အတိုင်း၊ သင် ၌ ကျေးဇူး ပြုပါမည်ဟု ဆို လေ၏။

33ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ၏ တောင် တော်မှ ထွက် ၍၊ သုံး ရက် ကွာသော ခရီး ကို သွားကြ ၏။ ထိုသုံး ရက် ကွာသော ခရီး ကိုသွားကြစဉ်၊ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သူ တို့အဘို့ စားခန်းချ ရာအရပ်ကို ရှာ ၍ သူ တို့ရှေ့ ကသွား လေ၏။

34သူတို့သည် နေ့ အချိန်၌ တပ် ချီ ၍ သွားသောအခါ ၊ ထာဝရဘုရား ၏ မိုဃ်းတိမ် သည် သူ တို့အပေါ် မှာ ရှိလေ၏။

35သေတ္တာ တော်သွား သောအခါ ၊ မောရှေ က၊ အိုထာဝရဘုရား ၊ ထ တော်မူပါ၊ ကိုယ်တော် ၏ ရန်သူ တို့ သည် လွင့် ကြပါစေသော။ ကိုယ်တော် ကို မုန်း သောသူတို့ သည် ရှေ့ တော်မှ ပြေး ကြပါစေသောဟူ၍၎င်း၊

36သေတ္တာတော်မသွားဘဲ ရပ် နေသောအခါ ၊ အိုထာဝရဘုရား၊ ဣသရေလ အမျိုးသားအထောင် ၊ အသောင်းရှိရာသို့ ပြန်လာ တော်မူပါဟူ၍၎င်း လျှောက်ဆို လေ့ရှိ၏။

← တောလည်ရာကျမ်း 9Read In The App, Free →တောလည်ရာကျမ်း 11 →

Study တောလည်ရာကျမ်း 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536