The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 34

1တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရ မည်မှာ၊

2သင် တို့သည် ခါနာန် ပြည် သို့ ရောက် ကြသောအခါ ၊ သင်တို့အမွေ ခံရ သော ခါနာန် ပြည်နယ် အပိုင်းအခြား ဟူမူကား၊

3တောင် မျက်နှာ တွင် ဇိန တောင် မှ ဧဒုံ ပြည် အနား ၌ ရှောက်လျှင်၊ သောဒုံ အိုင် အရှေ့ စွန်းသည် တောင် ဘက်အပိုင်းအခြား ဖြစ် ရမည်။

4တောင် ဘက်အပိုင်းအခြား သည် တောင် မျက်နှာမှလည် ၍၊ အာကရဗ္ဗိမ် ကုန်း ကို ရှောက် လျက် ဇိန ရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာ ရွာ၊ ဟာဇရဒ္ဒါ ရွာ၊ အာဇမုန် ရွာကိုရှောက် သဖြင့် ၊

5အာဇမုန် ရွာမှ ပြန် ၍ အဲဂုတ္တု ချောင်း ကို လိုက် လျက် ပင်လယ် ၌ ဆုံး ရမည်။

6အနောက် ဘက်၌ ပင်လယ် ကြီး သည် အနောက် အပိုင်းအခြား ဖြစ် ရမည်။

7မြောက် ဘက်အပိုင်းအခြား သည် ကြီး သော ပင်လယ် က ထွက်၍ ဟောရ တောင် ကို ရှေ့ရှု သွားပြီးလျှင်၊

8ထိုတောင် မှ ဟာမတ် လမ်းဝ၊ ဇေဒဒ် ရွာ၊

9ဇိဖြုန် ရွာကို ရှောက် ၍ ဟာဇရေနန် ရွာ၌ ဆုံး ရမည်။

10အရှေ့ အပိုင်းအခြား သည် ဟာဇရေနန် ရွာမှ ထွက်၍ ရှေဖံ ရွာသို့ ရောက်ပြီးလျှင်၊

11အဣန ရွာအရှေ့ ၌ ရှောက်၍ ရိဗလ ရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက် အိုင် အရှေ့ ကမ်း ကို ရှောက် သဖြင့်၊

12ယော်ဒန် မြစ်ကို လိုက်၍ သောဒုံ အိုင် ၌ ဆုံး ရမည်။ ဤရွေ့ကား ၊ သင်တို့အမွေခံရသောပြည်နယ် အပိုင်းအခြား ဖြစ် သတည်းဟု မိန့် တော်မူ၏။

13မောရှေ ကလည်း ၊ ဤရွေ့ကား ၊ သင်တို့သည် စာရေးတံ ချ၍ အမွေ ခံရသောပြည်၊ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ အမျိုး ကိုး မျိုးနှင့် အမျိုး တဝက် ၌ ဝေ ပေးရသောပြည် ဖြစ်သတည်း။

14ရုဗင် အမျိုးသား ၊ ဂဒ် အမျိုးသား ၊ မနာရှေ အမျိုးသား တဝက် တည်းဟူသောအမျိုး နှစ် မျိုးနှင့် တဝက် တို့ သည် မိမိ တို့အမွေ ခံသောမြေကို ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တဘက်၊ နေ ထွက်ရာဘက်၌ ဘိုးဘ အဆွေအမျိုး အလိုက် ခံရ ကြပြီဟု ဣသရေလ အမျိုးသား တို့အား မှာထား လေ၏။

15

16တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

17အမျိုးသား တ မျိုးလျှင် မင်း တ ပါးစီရွေး ၍ ၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု တို့နှင့် ဝိုင်းလျက်၊

18ခါနာန်ပြည် ကို ဝေ၍ သင် တို့အား အမွေ ပေးရကြမည်။

19ရွေးရသောမင်း တို့၏အမည် ကား၊ ယုဒ အမျိုးသား ထဲက ယေဖုန္နာ သား ကာလက်။

20ရှိမောင် အမျိုးသား ထဲက အမိဟုဒ် သား ရှေမွေလ။

21ဗင်္ယာမိန် အမျိုး ထဲက ခိသလုန် သား ဧလိဒဒ်။

22ဒန် အမျိုး ကို အုပ်စိုး သောသူ၊ ယောဂလိ သား ဗုက္ကိ။

23ယောသပ် သား တို့တွင် မနာရှေ အမျိုး ကို အုပ်စိုး သောသူ၊ ဧဖုဒ် သား ဟံယေလ။

24ဧဖရိမ် အမျိုး ကို အုပ်စိုး သောသူ၊ ရှိဖတန် သား ကေမွေလ။

25ဇာဗုလုန် အမျိုး ကို အုပ်စိုး သောသူ၊ ပါနက် သား ဧလိဇဖန်။

26ဣသခါ အမျိုး ကို အုပ်စိုး သောသူ၊ အဇ္ဇန် သား ပါလတေလ။

27အာရှာ အမျိုး ကို အုပ်စိုး သောသူ၊ ရှေလောမိ သား အဘိဟုဒ်။

28နဿလိ အမျိုး ကို အုပ်စိုး သောသူ၊ အမိဟုဒ် သား ပေဒဟေလ တည်း။

29ဤ သူတို့သည် ခါနာန် ပြည် ၌ ဣသရေလ အမျိုးသား တို့အား အမွေ မြေကို ဝေပေးစေခြင်းငှါ ထာဝရဘုရား ခန့်ထား တော်မူသောသူ ဖြစ် ကြသတည်း။

← တောလည်ရာကျမ်း 33Read In The App, Free →တောလည်ရာကျမ်း 35 →

Study တောလည်ရာကျမ်း 34

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536