The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 5

1ငါ့ သား ၊ သင်သည် သမ္မာ သတိရှိ၍ ၊ သင့် ၏နှုတ်ခမ်း သည် သိပ္ပံ အတတ်ကို စောင့် မည်အကြောင်း၊

2ငါ့ ပညာ ကို မှတ် ကျုံး၍၊ ငါ ပေးသောဉာဏ် သို့ သင့် နား ကို လှည့် လော့။

3အကြောင်း မူကား၊ အမျိုး ပျက်သောမိန်းမ၏ နှုတ်ခမ်း သည် ပျားလပို့ ကဲ့သို့ယိုတတ် ၍ ၊ သူ ပြော သောစကား သည် ဆီ ထက် ချော သော်လည်း၊

4အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။

5သူ ၏ခြေ တို့သည် သေ ခြင်းသို့ဆင်း ၍၊ သူ သွား ရာလမ်း သည် မရဏာ နိုင်ငံသို့ ရောက်တတ်၏။

6သင်သည်အသက် လမ်း ကို မ ဆင်ခြင် ရအောင်၊ သူ့ ထုံးစံ ဓလေ့တို့သည် တရွေ့ရွေ့ ပြောင်းလဲသဖြင့်၊ သင်သည် နား မ လည်နိုင်ရ။

7သို့ဖြစ်၍ ငါ့သား တို့၊ ငါ့ စကားကို နားထောင် ကြလော့။ ငါ ဟောပြော ချက်တို့ကို မ ပယ် ကြနှင့်။

8ထိုသို့သောမိန်းမ ကို ဝေး စွာရှောင်သွားလော့။ သူ့ နေရာ တံခါးဝ သို့ မ ချဉ်း နှင့်။

9သို့မဟုတ် သင်သည် ကိုယ် ဂုဏ် အသရေကို သူတပါး ၌ ၎င်း၊ ကိုယ် အသက် ကို ကြမ်းတမ်း သောသူတို့ ၌ ၎င်း အပ် လိမ့်မည်။

10တပါးအမျိုးသား တို့သည် သင် ၏စည်းစိမ် နှင့် ပြည့်ဝ ကြလိမ့်မည်။ သင် လုပ် ၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ် သို့ ရောက်လိမ့်မည်။

11နောက်ဆုံး ၌ သင့် အသား ၊ သင့် ကိုယ် ကာယ ဆွေးမြေ့ သောအခါ၊

12ငါသည် သွန်သင် ခြင်းကို မုန်း လေပြီတကား။ ဆုံးမ ခြင်းကို စိတ် နှလုံးထဲမှာ မထီမဲ့မြင် ပြုလေပြီ တကား။

13ငါ့ ဆရာ တို့၏ စကား ကို နား မ ထောင်ဘဲ၊ ငါ့ အား သွန်သင် သောသူတို့ ၏စကားကို နား မ ခံဘဲနေလေပြီ တကား။

14စည်းဝေး သော ပရိတ်သတ် များအလယ် ၌ ဒုစရိုက် မျိုးကို ကုန်စင် လုသည်တိုင်အောင် ငါပြု လေပြီ တကားဟု မြည်တမ်း ရလိမ့်မည်။

15ကိုယ် ဆိုင်သော ရေ အိုး ကို သုံး၍ ၊ ကိုယ် ရေတွင်း ထဲက ထွက် သော စမ်းရေကို သောက် လော့။

16သင် ၏ စမ်းရေ များပြား ၍၊ လမ်း များအနား မှာ စီးသော မြစ် များ ဖြစ်စေလော့။

17တပါး အမျိုးသားနှင့် ပေါင်းဘက်၍ မ ဆိုင်စေဘဲ၊ ကိုယ် တပါး တည်းသာ ဆိုင် စေလော့။

18သင် ၏စမ်းရေ တွင်း၌မင်္ဂလာ ရှိ စေ၍ ၊ အသက် အရွယ် ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယား နှင့်အတူပျော်မွေ့ လော့။

19သူသည်စုံမက် တတ်သော သမင်မ ၊ နှစ်လိုဘွယ် သော ဒရယ်မ ကဲ့သို့ဖြစ်၍ ၊ သူ ၏သားမြတ် တို့သည် သင် ၏အလိုဆန္ဒ ကို အစဉ်ပြေစေ၍၊ သူ့ ကိုချစ် သောစိတ် နှင့် အစဉ် ယစ်မူး လျက်နေလော့။

20ငါ့ သား ၊ သင်သည် အမျိုး ပျက်သောမိန်းမနှင့် အဘယ် ကြောင့်ယစ်မူး သနည်း။ ပြည်တန်ဆာ မ၏ ရင်ပတ် ကိုအဘယ်ကြောင့် ဘက်ယမ်း သနည်း။

21လူ သွားလာသမျှသော လမ်း တို့သည် ထာဝရဘုရား မျက်မှောက် တော်၌ ရှိကြ၍ ၊ သွား လာသမျှ သော အခြင်းအရာ တို့ကို စူးစမ်း တော်မူ၏။

22အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။

23သူ သည် အလွန် မိုက် သောကြောင့် မှားယွင်း ၍ ၊ သွန်သင် ခြင်းကို မ ခံရဘဲသေ သွားရလိမ့်မည်။

← Proverbs 4Read In The App, Free →Proverbs 6 →

Study Proverbs 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031