The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 12

1ထာဝရဘုရား သည်လည်း အာဗြံ ကို ခေါ် တော်မူ၍၊ သင် ၏ပြည် နှင့်တကွ အမျိုးသား ချင်းပေါက်ဘော် များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွားလော့။

2ငါသည် သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။ ငါ ကောင်းကြီး ပေး၍ သင် ၏နာမ ကို ကြီးမြတ် စေမည်။ သင် သည် ကောင်းကြီး ခံရသောသူဖြစ် လိမ့်မည်။

3သင့် ကို ကောင်းကြီး ပေးသောသူကို ငါကောင်းကြီး ပေးမည်။ သင့် ကို ကျိန်ဆဲ သောသူကို ငါကျိန်ဆဲ မည်။ သင် အားဖြင့် လည်း လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။

4ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အာဗြံ ထွက်သွား ၍ လောတ လည်းလိုက် လေ၏။ အာဗြံ သည် ခါရန် မြို့မှ ထွက်သွား သောအခါ အသက် ခုနစ် ဆယ်ငါး နှစ် ရှိ၏။

5အာဗြံ သည် မယား စာရဲ ၊ အစ်ကို သား လောတ နှင့် ၊ ဥစ္စာ ရ တတ်သမျှ ကို ၎င်း ၊ ခါရန် မြို့၌ ရ သောလူ တို့ကို၎င်း ၊ ယူပြီးလျှင် ခါနာန် ပြည် သို့ ရောက် ခြင်းငှါ ၊ ထွက်သွား ၍ ၊ ထိုပြည် သို့ ရောက် ကြ၏။

6အာဗြံ သည် ထိုပြည် ကို ရှောင်သွား ၍ ရှိခင် အရပ် ၊ မောရေ သပိတ် ပင်သို့ ရောက်လေ၏။ ထိုအခါ ၊ ခါနာန် အမျိုးသားတို့သည် ထိုပြည် ၌ ရှိကြရ၏။

7ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။

8ထို အရပ်မှ သွား ပြန်၍ ၊ ဗေသလ မြို့အရှေ့ ၌ ရှိသောတောင် သို့ ပြောင်းသဖြင့်၊ ဗေသလ မြို့အရှေ့၊ အာဣ မြို့ အနောက် စပ်ကြားမှာ တဲ ကိုဆောက် ၍ ၊ ထာဝရဘုရား သို့ ယဇ် ပလ္လင်ကို တည် ပြီးလျှင် ၊ ထာဝရဘုရား ၏ နာမ တော်ကို ပဌာန ပြု၏။

9အာဗြံ သည် ခရီး သွားလျက် ၊ ပြောင်း လျက် ၊ တောင် မျက်နှာသို့ ရောက် လေ၏။

10ထို့နောက် ၊ ခါနာန်ပြည် ၌ အစားခေါင်းပါး ခြင်းဖြစ် ၏။ အလွန် အစား ခေါင်းပါးသောကြောင့် ၊ အာဗြံ သည် အဲဂုတ္တ ပြည်၌ တည်းခို ခြင်းငှါ သွား လေ၏။

11အဲဂုတ္တု ပြည်နှင့် နီး သောအခါ၊ မိမိ မယား စာရဲ ကို ၊ သင် သည် အဆင်း လှ သော မိန်းမ ဖြစ်သည်ကို ငါသိ ၏။

12အဲဂုတ္တု လူတို့သည် သင့် ကိုမြင် သောအခါ ၊ ဤ မိန်းမသည် သူ ၏မယား ဖြစ်၏ဟုဆို လျက် ၊ ငါ့ ကိုသတ် ၍ သင့် ကို အသက် ချမ်းသာပေးလိမ့်မည်။

13သို့ဖြစ်၍ သင် သည် ငါ့ နှမ ဖြစ်ကြောင်းကို ပြော ပါလော့။ သို့ ပြောလျှင် သင့်အတွက် ငါ ကောင်းစား လိမ့်မည်။ သင် ၏ကျေးဇူးအားဖြင့် ငါ အသက် ချမ်းသာ ရလိမ့်မည်ဟု ဆို၏။

14အာဗြံ သည် အဲဂုတ္တ ပြည်သို့ ရောက် သောအခါ ၊ သူ၏မယား သည် အလွန် အဆင်း လှသည်ကို အဲဂုတ္တု လူတို့သည် မြင် ကြ၏။

15ဖါရော ဘုရင်၏မှူး တော်မတ်တို့လည်း မြင် ၍ ၊ ရှေ့တော်၌ ချီးမွမ်း ပြီးလျှင် ၊ နန်း တော်သို့ သွင်း ရကြ၏။

16ဖာရောဘုရင်သည် ထိုမိန်းမ အတွက် အာဗြံ ၌ ကျေးဇူး ပြုသဖြင့် ၊ သူ သည် သိုး ၊ နွား ၊ မြည်းထီး ၊ မြည်း မ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် များနှင့် ကြွယ်ဝ၏။

17ထာဝရဘုရား သည် အာဗြံ ၏ မယား စာရဲ အတွက် ကြောင့်၊ ဖါရော ဘုရင်မှစ၍ နန်းတော် သားတို့ကို ကြီး သော ဘေးဒဏ် ဖြင့် ဆုံးမ တော်မူ၏။

18ဖါရော ဘုရင်သည်လည်း အာဗြံ ကို ခေါ် ၍ ၊ သင်သည်ငါ ၌ ပြု သောအမှု ကား အဘယ်သို့ နည်း။ သူ သည် သင် ၏မယား ဖြစ်ကြောင်း ကို ၊ ငါ အား အဘယ်ကြောင့် မ ပြော သနည်း။

19ငါ သည် သူ့ ကို သိမ်းပိုက် စေ ခြင်းငှါ၊ သူ သည် ငါ့ နှမ ဖြစ်သည်ဟု အဘယ်ကြောင့် ဆို သနည်း။ သင် ၏ မယား ကို ယခု ယူ ၍ သွား လော့ဟု အမိန့် ရှိ၏။

20ထိုသို့အာဗြံအမှုကို စီရင်၍၊ မိမိလူ တို့အား မှာ ထားသဖြင့်၊ သူတို့သည် အာဗြံ ၌ ရှိသမျှ သော ဥစ္စာနှင့်တကွ ၊ သမီး မောင်နှံတို့ကို လွှတ်လိုက်ကြ၏။

← ကမ္ဘာဦးကျမ်း 11Read In The App, Free →ကမ္ဘာဦးကျမ်း 13 →

Study ကမ္ဘာဦးကျမ်း 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950