The Bible Software
ကမ္ဘာဦးကျမ်း · မြန်မာကျမ်းစာ

ကမ္ဘာဦးကျမ်း 35

1ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။

2ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။

3ယခုထ ၍ ဗေသလ အရပ်သို့သွား ကြစို့။ ငါသည် ဆင်းရဲ ခံရသောကာလ ငါ့ ကိုထူး ၍၊ ငါသွား သော လမ်း ၌ ကြွတော်မူသောဘုရား သခင်အဘို့ ထို အရပ်၌ ယဇ် ပလ္လင်ကို ငါတည် မည်ဟု ဆိုလေ၏။

4သူတို့သည်လည်း၊ မိမိ တို့၌ ပါ သောတပါး အမျိုးသားတို့၏ ဘုရား အပေါင်း တို့နှင့်၊ နား ၌ ပန်သော နား ပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ် အား ပေး ၍ ၊ ယာကုပ် လည်း၊ ရှေခင် မြို့နား တွင် ရှိသော သပိတ် ပင် အောက် ၌ မြှုပ် ထားလေ၏။

5သူတို့ပြောင်း သွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့ သားတို့သည်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သား တို့ကို မ လိုက် ဝံ့ဘဲနေကြ၏။

6ယာကုပ် သည် မိမိ ၌ ပါသောသူ အပေါင်း နှင့်တကွ ၊ ခါနာန် ပြည် လုဇ မြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက် ကြသော်၊

7ယဇ် ပလ္လင်ကိုတည် ၍ ၊ ထိုအရပ် ကို ဗေသလ အမည်ဖြင့် တဖန် သမုတ် ပြန်လေ၏။ အကြောင်း မူကား၊ အစ်ကို ထံ မှ ပြေး သောအခါ ၊ ထို အရပ်၌ ဘုရားသခင် ထင်ရှား တော်မူသတည်း။

8ရေဗက္က ၏အထိန်း ဒေဗောရ သေ ၍ ၊ ဗေသလ အရပ်၌ သပိတ် ပင်အောက် တွင် သင်္ဂြိုဟ် ခြင်းကို ခံရလေ ၏။ ထို အပင်ကို အာလုမ္ဘာကုတ် ဟူ၍တွင် သတည်း။

9ယာကုပ် သည် ပါဒနာရံ အရပ်မှ ပြန် လာသောနောက် ၊ တဖန်ဘုရားသခင် ထင်ရှား ၍ ကောင်းကြီး ပေး တော်မူပြီးလျှင်၊

10သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။

11တဖန် ဘုရားသခင် က၊ ငါ သည် အနန္တ တန်ခိုးရှင်ဘုရား သခင်ဖြစ်၏။ တိုးပွါး များပြားလော့။ လူ တမျိုး မက၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ် ကြလိမ့်မည်။ ရှင် ဘုရင်တို့သည် သင် ၏ အမျိုးအနွယ်၌ ဖြစ် ကြလိမ့်မည်။

12အာဗြဟံ နှင့် ဣဇာက် အား ငါပေး သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု မိန့် တော်မူ ၏။

13ထိုသို့ ယာကုပ် နှင့် နှုတ်ဆက်၍ မိန့် မြွက်တော်မူရာအရပ် မှ ၊ ဘုရားသခင် တက် ကြွတော်မူ၏။

14ဘုရားသခင်နှုတ်ဆက်၍ မိန့် မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ် သည် ကျောက်တိုင် ကို စိုက် ၍ ၊ ကျောက်ဖျာ ပေါ် ၌ သွန်းလောင်း ရာ ပူဇော် သက္ကာကို၎င်း၊ ဆီ ကို ၎င်း လောင်း လေ၏။

15ဗျာဒိတ် တော်ကို ခံရသောထိုအရပ် ကိုလည်း၊ ဗေသလ ဟူ၍တဖန် သမုတ် ပြန်လေ၏။

16ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။

17ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲ က၊ မ စိုးရိမ် နှင့်၊ သား ယောက်ျားကို ရပြီဟုဆို လေ၏။

18ရာခေလ သည် သေ အံ့ဆဲဆဲရှိ၍ ၊ နံ ဝိညာဉ် ထွက် စဉ် အခါ၊ ထို သားကို ဗေနောနိ အမည် ဖြင့် မှည့် လေ ၏။ အဘ မူကား ဗင်္ယာမိန် အမည် ဖြင့် မှည့်သတည်း။

19ရာခေလ သေ ၍ ၊ ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သော လမ်းခရီးတွင်၊ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။

20ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။

21ဣသရေလ သည် တဖန် ခရီး သွားပြန်၍ ၊ ဧဒါလင့်စင် ကို လွန် ပြီးမှတဲ ကိုဆောက် လေ၏။

22ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။

23ယာကုပ် သား တကျိပ် နှစ် ပါးရှိ ၏။ လေအာ တွင် မြင်သော သား ကား၊ ယာကုပ် ၏သားဦး ရုဗင် ၊ အစရှိ သော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် တည်း။

24ရာခေလ သား ကား၊ ယောသပ် နှင့် ဗင်္ယာမိန် တည်း။

25ရာခေလ ၏ ကျွန်မ ဗိလဟာ သား ကား၊ ဒန် နှင့် နဿလိ တည်း။

26လေအာ ၏ ကျွန်မ ဇိလပ သား ကား၊ ဂဒ် နှင့် အာရှာ တည်း။ ဤ သူတို့ကား၊ ပါဒနာရံ ပြည်၌ ဘွားမြင် သော ယာကုပ် ၏သား များတည်း။

27ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။

28ဣဇာက် အသက် သည် အနှစ် တရာ ရှစ်ဆယ် နှင့် ပြည့်စုံ သည်ရှိသော်၊

29အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။

← ကမ္ဘာဦးကျမ်း 34Read In The App, Free →ကမ္ဘာဦးကျမ်း 36 →

Study ကမ္ဘာဦးကျမ်း 35

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314151617181920212223242526272829303132333435363738394041424344454647484950