The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 12

1သင် တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလပတ်လုံး ဝင်စား စေခြင်းငှာ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ ကျင့် အံ့သောငှာ စောင့်ရှောက် ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊

2သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။

3သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။

4သူ တို့ပြုသကဲ့သို့၊ သင်တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အား မ ပြု ရဘဲ၊

5သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။

6ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။

7ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။

8ယခု ကာလ၊ ဤ အရပ်၌ပြု သကဲ့သို့ ၊ ထိုအရပ်၌ လူတိုင်း ကိုယ် ဉာဏ် ကို လိုက်၍ မ ပြု ရကြ။

9သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော အမွေ ခံရာ ချမ်းသာ ထဲသို့ သင်တို့သည် မ ဝင် ရကြ သေး။

10သင်တို့သည် ယော်ဒန် မြစ်တဘက်သို့ကူး ၍ ၊ သင် တို့အမွေခံ ရာဘို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည် ၌ နေ ကြသောအခါ ၊ ရန်သူ အပေါင်း တို့လက်မှ သင် တို့ကို ကယ်နှုတ် တော်မူသဖြင့် ငြိမ်ဝပ် စွာ နေ ကြသောအခါ၊

11နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။

12ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။

13တွေ့မြင် ရာအရပ် ၌ မီးရှို့ ရာယဇ်ကို မ ပူဇော် ရမည် အကြောင်း သတိ ပြုကြလော့။

14သင် တို့အမျိုး တမျိုး တွင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ မီးရှို့ ရာယဇ်ကို ပူဇော် ၍ ၊ ငါ မှာ ထားသမျှ တို့ကို ပြု ရကြမည်။

15သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။

16သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။

17စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။

18သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။

19မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။

20သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဂတိ တော် ရှိသည်အတိုင်း ၊ သင် ၏နေရာ ပြည် ကို ကျယ် စေ တော်မူသောအခါ ၊ သင် သည် အမဲသား ကို စား ချင်သောစိတ် ရှိ၍၊ အမဲသား ကို ငါစား မည်ဟုဆို လျှင် ၊ စား ချင်တိုင်း စား ရသောအခွင့်ရှိ၏။

21သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသောအရပ် သည် သင့် နေရာနှင့် ဝေး လွန်းလျှင် ၊ ထာဝရဘုရား ပေး တော်မူသော သိုး နွား ကို၊ ငါမှာ ထားသည်အတိုင်း သတ် ၍ ၊ သင့် နေရာ အရပ်၌ စား ချင်တိုင်းစား ရသောအခွင့်ရှိ၏။

22သမင် ၊ ဒရယ် ကို စားသကဲ့သို့ စား ရမည်။ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် ရောနှော၍ စား ရသောအခွင့်ရှိကြ၏။

23သို့ရာတွင် ၊ အသွေး ကို မ စား မည်အကြောင်း၊ သတိ ပြုလော့။ အသက် သည် အသွေး ၌ တည်၏။ အသား နှင့်တကွ အသက် ကို မ စား ရ။

24ထို့ကြောင့်အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။

25သင် သည် ထာဝရဘုရား နှစ်သက် တော်မူဘွယ် သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍သား မြေးတို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ အသွေး ကို ရှောင် ရမည်။

26သင် ၌ သန့်ရှင်း သော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသောပူဇော်သက္ကာတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ရမည်။

27အသား နှင့် အသွေး ကို ရောနှော၍၊ မီးရှို့ ရာယဇ် တို့ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ရမည်။ ယဇ် ကောင်အသွေး ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ သွန်းလောင်း ၍ ၊ အသား ကို စား ရမည်။

28သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။

29သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊

30သူ တို့သည် သင့် ရှေ့ မှာ ပျက်စီး သောနောက် ၊ သူ တို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ် မ ရောက်မည်အကြောင်း၊ ထို လူမျိုး တို့သည် သူ တို့ဘုရား များကို အဘယ် သို့ဝတ်ပြု သနည်း။ ထိုနည်းတူ ငါပြု မည်ဟု သူ တို့ဘုရား ဝတ်ကို မ မေးမြန်း မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြု လော့။

31သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။

32ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။

← တရားဟောရာကျမ်း 11Read In The App, Free →တရားဟောရာကျမ်း 13 →

Study တရားဟောရာကျမ်း 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334