The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 14

1သင် တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ၏ သား ဖြစ်ကြ၏။ သေ သောသူအတွက် အသားကို မ ခုတ် မရှရ။ မျက်မှောင် ကြား မှာ အမွေးကို မ ရိတ် ရ။

2သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အဘို့ ၊ သန့်ရှင်း သောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာရှိသမျှ သော လူမျိုး ထက်၊ ကိုယ်တော် ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင် တို့ကို ရွေးချယ် တော်မူပြီ။

3စက်ဆုပ် ရွံ့ရှာဘွယ်သော အရာ ကို သင်တို့မ စား ရ။

4စား ရသော တိရစ္ဆာန် ဟူမူကား ၊ နွား ၊ သိုး ၊ ဆိတ် ၊

5သမင် ၊ ဒရယ် ၊ ဆတ် ၊ ဂျီ ၊ ဒိရှုန် ၊ စိုင် ၊ ဇမေရ အစရှိသော၊

6ခွါ ကွဲပြား ၍ စားမြုံ့ ပြန်သော သား များကို စား ရသောအခွင့်ရှိ၏။

7သို့သော်လည်း စားမြုံ့ ပြန်သောသား၊ ခွာ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် ၊ အာရနဘက် ၊ ရှာဖန် တို့သည် စားမြုံ့ ပြန်သော်လည်း ၊ ခွာ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။

8ဝက် သည် ခွာ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် ၊ သင် တို့၌ မ စင်ကြယ်။ အသား ကို မ စား ရ။ အသေ ကောင်ကို လည်း မ ထိ ရ။

9ရေ ၌ နေသော တိရစ္ဆာန်တကာ တို့တွင် အယပ် နှင့် အကြေး ရှိသောတိရစ္ဆာန် ကို သာ စား ရ၏။

10အယပ် နှင့် အကြေး မ ရှိသော တိရစ္ဆာန် ကို မ စား ရ။ သင် တို့၌ မ စင်ကြယ်။

11စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။

12မ စား ရသော ငှက်ဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ် လင်းတ၊ လင်းယုန်၊

13ဒါဟ ၊ စွန် ၊ လင်းတ ကြမ်းမျိုး၊

14ကျီး မျိုး ရှိသမျှ၊

15ကုလားအုပ် ငှက်၊ ငှက် ဆိုး၊ ဥဗျိုင်း ၊ သိမ်း မျိုး၊

16ဇိကွက် ၊ ဣဗိတ် ၊ ငှက် ကျား၊

17ဝံပို ၊ ဝံလို ၊ ကြိုးကြာ၊

18တောငန်း ၊ ဒုံးစပ် မျိုး ၊ ဒုံးကုလား ၊ လင်းနို့ မှစ၍၊

19အတောင် ရှိလျက် တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ မ စင်ကြယ်သည်ဖြစ်၍ အသား ကို မ စား ရ။

20စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။

21အလိုလို သေသောအကောင်ကို မ စား ရ။ သင် တို့၌ တည်းခို သော တပါး အမျိုးသားစားစရာ ဘို့ ပေး ရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်း ရမည်။ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သော လူမျိုး ဖြစ်ကြ၏။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။

22လယ်ယာ ၌ တနှစ် တနှစ် တွင် သိမ်း ရသောအသီးအနှံ ဆယ်ဘို့ တဘို့ကို အမှန်ခွဲထားရမည်။

23သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော်ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီ မှစ၍ ၊ သိုး ၊ နွား တွင် အဦး ဘွားသော သားငယ်ဆယ်ဘို့ တဘို့ကို ရှေ့ တော်မှာ စား ရကြမည်။ ထိုသို့ ပြုလျှင်၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို အစဉ် ကြောက်ရွံ့ ရမည်အကြောင်း ၊ သင်ရကြလိမ့်မည်။

24သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောအခါ ၊ နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် သည် ဝေး လွန်း၍ ခရီး ရှည်လျား သဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မ သွားနိုင် လျှင်၊

25ထိုဥစ္စာ ကို ရောင်း ပြီးမှ ၊ ငွေ ကိုကိုင် လျက် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊

26စား ချင်သောစိတ် အလိုရှိသည်အတိုင်း ၊ နွား ၊ သိုး ၊ စပျစ်ရည် ၊ သေရည် အစရှိသောစားချင်သမျှကို ဝယ်၍၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော် မှာ၊ အိမ်သူ အိမ်သားများနှင့်တကွ စား သောက်လျက် ၊ ရွှင်လန်း ခြင်းကို ပြုရကြမည်။

27သို့ရာတွင် ၊ သင် တို့၌ တည်းခို သော လေဝိ သား ဟူမူကား၊ သင် တို့နှင့် ရော၍၊ အဘို့ မရှိ၊ အမွေ ကို မ ခံရ သောကြောင့် ၊ သူ့ ကို မ စွန့် မပစ်ရဘဲ၊

28တတိယ နှစ် တွင် သိမ်း သောအသီး အနှံ ဆယ်ဘို့ တဘို့ ရှိသမျှ ကို ထုတ်၍ မြို့ ထဲမှာ သိုထား ရမည်။

29သင် တို့နှင့် ရော၍ အဘို့မ ရှိ၊ အမွေ ကို မခံရသော လေဝိ သား၊ သင် တို့နေရာ အရပ်၌ ရှိသော တပါး အမျိုးသား၊ မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ များတို့သည် လာ ၍ ဝ စွာစား ရကြမည်။ သို့ဖြစ်လျှင် သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။

← တရားဟောရာကျမ်း 13Read In The App, Free →တရားဟောရာကျမ်း 15 →

Study တရားဟောရာကျမ်း 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334