The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 10

1ထိုအခါ ထာဝရဘုရား က၊ အရင် ကျောက်ပြား နှစ် ပြားနည်းတူ ၊ ကျောက်ပြားနှစ်ပြားကို ခုတ် ဦးလော့။ ငါ ရှိရာသို့ တက် လာလော့။ သေတ္တာ ကိုလည်း လုပ် လော့။

2သင်ချိုးဖဲ့ သော အရင် ကျောက်ပြား ၌ စကား ပါ သည် အတိုင်း ၊ နောက်ကျောက်ပြား ပေါ် မှာ ငါရေးထား ဦးမည်။ သင်သည် ထို ကျောက်ပြားကို သေတ္တာ ထဲမှာ ထား ရမည်ဟု ငါ့ အား မိန့် တော်မူ၏။

3ငါသည်လည်း ၊ အကာရှ သစ်သား ဖြင့် သေတ္တာ ကို လုပ် ၍ ၊ အရင် ကျောက်ပြား နည်းတူ ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ ထိုကျောက်ပြား ကို ကိုင် လျက် တောင် ပေါ်သို့ တက် လေ၏။

4သင် တို့စည်းဝေး သောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မိန့် မြွက်တော်မူသော ပညတ် တော်ဆယ် ပါးတို့ကို၊ အရင် စာ ၌ လာသည်အတိုင်း ၊ ထာဝရဘုရား သည် ရေးထား ၍ ငါ့ အား ပေး တော်မူ၏။

5ငါသည်လည်း လှည့် ၍ တောင် ပေါ်က ဆင်း သဖြင့် ၊ လုပ် ပြီးသော သေတ္တာ ထဲ ၌ ထိုကျောက်ပြား ကို ထား ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထို သေတ္တာထဲ ၌ ယခုရှိ ၏။

6ငါ သည်တောင် ပေါ် မှာ အရင် နေ သောကာလ နှင့်အမျှ ၊ အရက် လေးဆယ် ပတ်လုံးတဖန်နေပြန်၍၊ ထိုအခါ ၌ လည်း ထာဝရဘုရား သည် သင် တို့ကို မ ဖျက်ဆီး မည်အကြောင်း၊ ငါ့ စကားကို နားထောင် တော်မူ၏။

7ထာဝရဘုရားကလည်း၊ ထလော့။ ဤလူမျိုးအားပေး ခြင်းငှာ၊ သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်သို့ သူတို့သည် သွား၍ သိမ်းယူမည်အကြောင်း၊ သူတို့ရှေ့မှာ ခရီးသွားလော့ဟု ငါ့အား မိန့်တော်မူ၏။

8ဣသရေလ အမျိုးသား တို့သည် မောသရုတ် အရပ်မှ ခရီး သွား၍၊ ဗင်္ယာကန်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဗြောနအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌စားခန်းချကြ၏။

9ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌စားခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌စားခန်းချကြ၏။ ထို အရပ်၌အာရုန် သည်အနိစ္စရောက် ၍၊ သူ့ကိုသင်္ဂြိုဟ် ရ၏။ သူ ၏သား ဧလာဇာ သည် အဘ ၏အရာ ၌ယဇ်ပုရောဟိတ် အမှုကိုဆောင်ရ၏။

10လေဝိ သားတို့သည် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း စေခြင်းငှာ ၎င်း၊ ရှေ့ တော်၌ ရပ် ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှာ ၎င်း၊ အခွင့် တော်နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း၊ ယနေ့ တိုင်အောင် ထို သူတို့ ကို ခွဲ ခန့်တော်မူ၏။

11ထို့ကြောင့် လေဝိ သားတို့သည် ညီအစ်ကို တို့နှင့် ရော ၍ အဘို့ ကိုမပိုင်၊ အမွေ ကိုမ ခံ ရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ခံရသောအမွေ ဖြစ် တော်မူ၏။

12အို ဣသရေလ အမျိုး၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ လမ်း တော်သို့ လိုက်သွား ခြင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်ခြင်း၊

13သင် ၏ အကျိုး ကို ထောက် ၍ ယနေ့ ငါ ဆင့်ဆို သော ထာဝရဘုရား ၏ ပညတ် တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဘယ် အမှုကို တောင်း တော်မူသနည်း။

14မိုဃ်း ကောင်းကင်နှင့် ကောင်းကင် ဘဝဂ်ကို၎င်း၊ မြေကြီးနှင့် မြေကြီး တန်ဆာရှိသမျှ ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင်တော်မူ၏။

15သို့ရာတွင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့ကို ချစ်ခင် မြတ်နိုး၍၊ ယနေ့ ရှိသကဲ့သို့ ၊ သူ တို့အမျိုးအနွယ် တည်းဟူသော သင့် ကို ၊ အခြားသော လူမျိုး တကာ တို့ တွင် ရွေးကောက် တော်မူ၏။

16သို့ဖြစ်၍ သင် ၏နှလုံး အရေဖျား ကို လှီး ဖြတ် လော့။ နောက် တဖန် ခိုင်မာ သောလည်ပင်း မ ရှိစေနှင့်။

17အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဘုရား တို့၏ ဘုရား ၊ သခင် တို့၏သခင် ၊ ကြီးမြတ် သောဘုရား ၊ တန်ခိုး နှင့် ပြည့်စုံ၍ ကြောက်မက် ဘွယ်သောဘုရား၊ လူမျက်နှာ ကို မ ထောက် ၊ တံစိုး ကို မ စား ဘဲ၊

18မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ ဘက်၌ တရားစီရင် ၍ ၊ ဧည့်သည် အာဂန္တုတို့ကို စုံမက် သဖြင့်၊ အဝတ် အစား တို့ကိုပေး သနားသော ဘုရားဖြစ်တော်မူ၏။

19သို့ဖြစ်၍ ဧည့်သည် တို့ကို ချစ် ကြလော့။ အကြောင်း မူကား၊ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ကြဘူးပြီ။

20သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ အမှုတော် ကို ဆောင်ရွက်ရမည်။ ကိုယ်တော် ၌ ဆည်းကပ် ရမည်။ နာမ တော်အားဖြင့် ကျိန်ဆို ခြင်းကို ပြုရမည်။

21ထာဝရဘုရားသည် သင် ၏ဂုဏ် အသရေ၊ သင် ၏ဘုရား သခင်ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိ နှင့် မြင် သည်အတိုင်း ၊ ကြောက်မက် ဘွယ်သော အမူအရာကြီး တို့ကို သင့် အဘို့ ပြု တော်မူပြီ။

22သင် ၏ ဘိုးဘေး တို့သည်၊ အရေ အတွက်အားဖြင့် လူ ခုနစ် ဆယ်မျှသာ ရှိလျက် ၊ အဲဂုတ္တု ပြည်သို့ ဆင်း သွားကြ၏။ ယခု မူကား၊ အရေအတွက်အားဖြင့်မိုဃ်း ကောင်းကင်ကြယ် နှင့်အမျှ သင် ၏ဘုရား သခင်ထာဝရဘုရား သည် များပြားစေ တော်မူပြီ။

← တရားဟောရာကျမ်း 9Read In The App, Free →တရားဟောရာကျမ်း 11 →

Study တရားဟောရာကျမ်း 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334