The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 17

1ပါသောသိုး ၊ နွား၊ ယုတ် သောလက္ခဏာ ပါသောသိုး၊ နွား ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။ ထိုသို့ သော ယဇ်ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏

2သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ တို့တွင်၊

3နေ ၊ လ ၊ မိုဃ်း ကောင်းကင်တန်ဆာ အစရှိသော ငါမြစ်တား သမျှ အခြားတပါး သောဘုရား တို့ကိုသွား ၍ ဝတ်ပြု ကိုးကွယ် သဖြင့်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ပဋိညာဉ် ကိုလွန်ကျူး ၍၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ရှိ သည်ဟု၊

4သင် သည် သိတင်းကြား ၍ စေ့စေ့ မေးမြန်းသောအခါ ၊ ဣသရေလ အမျိုး၌ ထို စက်ဆုပ် ရွံရှာဘွယ်သော အမှု ကို ပြု မိသည်မှန် လျှင်၊

5ထို ဒုစရိုက် ကို ပြု မိသော ယောက်ျား မိန်းမ ကို မြို့တံခါးဝ သို့ ထုတ် ပြီးလျှင် ၊ ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရမည်။

6သက်သေခံ နှစ် ယောက် သုံး ယောက်ရှိလျှင် သေ ထိုက်သောသူသည် အသေ ခံရမည်။ သက်သေခံ တယောက် တည်းရှိလျှင် အသေ မ ခံရ။

7ထိုသူ ကို အသေ သတ်စိမ့်သောငှာ ၊ သက်သေခံ တို့သည် အဦး ပြု ပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။ ထိုသို့ ပြုလျှင် သင် တို့မှ ဒုစရိုက် ကို ပယ် ရကြလိမ့်မည်။

8သင့် နေရာ မြို့တွင် လူ အသက်ကို သတ်ခြင်းအမှု၊ တရား တွေ့ခြင်းအမှု၊ လူ ချင်းရိုက်ပုတ်ခြင်းအမှုတို့သည် မင်းရှေ့သို့ရောက်၍ မစီရင် မဆုံးဖြတ်နိုင်လျှင်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊

9ထို ကာလ အခါ တရားသူကြီး လုပ်သောသူ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင် ချက်ကို ဘော်ပြ ရမည်။

10ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သားတို့သည် ဘော်ပြ သော စီရင် ချက်အတိုင်း ၊ သင်သည် ပြု ရမည်။ သူတို့သွန်သင် သည်အတိုင်း ပြု ရခြင်းငှာ စောင့်ရှောက် ရမည်။

11သူတို့ဘော်ပြ သော ဓမ္မသတ် စီရင်ချက်၊ ကြားပြော သော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြု ရမည်။ သူတို့ပြ သော စီရင် ချက်မှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ရ။

12သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ အမှု တော်ကို စောင့် သော ယဇ်ပုရောဟိတ် ၊ တရားသူကြီး စကားကို နား မ ထောင်ဘဲ ရဲရင့် စွာပြု သော သူ ကို အသေ သတ်သဖြင့် ဣသရေလ အမျိုးမှ ဒုစရိုက် ကို ပယ် ရမည်။

13ထို သိတင်းကို လူ ခပ်သိမ်း တို့သည် ကြား လျှင် ကြောက်ရွံ့ သောစိတ်ရှိသဖြင့် နောက် တဖန် ရဲရင့် စွာ မ ပြုဘဲနေကြလိမ့်မည်။

14သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင်သည် ဝင်စား ၍ နေသောအခါ ၊ သင်က၊ ငါ့ ပတ်လည် ၌ နေသော တပါး သော လူမျိုးအပေါင်း တို့ နည်းတူ ၊ ငါ သည် ရှင်ဘုရင် အရာ ၌ တစုံတယောက်ကို ချီးမြှောက် မည်ဟု ဆို လျှင်၊

15သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသောသူ ၊ ညီအစ်ကို အမျိုးသားချင်းကိုသာ ရှင်ဘုရင် အရာ၌ ချီးမြှောက် ရမည်။ ညီအစ်ကို အမျိုးသားချင်းမ ဟုတ်သော တပါး အမျိုးသားကို မ ချီးမြှောက် ရ။

16ထိုရှင်ဘုရင်သည် ကိုယ် အဘို့ များစွာ သော မြင်း တို့ကို မ မွေးရ။ မြင်း များပြား စေခြင်းငှာ အဲဂုတ္တု ပြည်သို့ လူ ကို မ ပြန် စေရ။ အကြောင်း မူကား၊ ထို လမ်း သို့ မ ပြန် မသွားရဟု ထာဝရဘုရား အမိန့် တော်ရှိ၏။

17သူ ၏ စိတ် နှလုံးသည် ဖောက်ပြန် ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာ သော မယား တို့ကို မ ယူ ရ။ ရွှေ ငွေ ကိုလည်း များ စွာမ ဆည်းဖူး ရ။

18ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊

19သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင်မည်အကြောင်း၊

20သူ ၏ညီအစ်ကို တို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မည်အကြောင်း ၊ နန်းတော် ပေါ် မှာ ထိုင် သောအခါ လေဝိ သား ယဇ်ပုရောဟိတ် ၌ ရှိသောဤ ဓမ္မပညတ်တရား စာ ကို ရေးကူး ၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှုဘတ်ရွတ်ရ မည်။

← တရားဟောရာကျမ်း 16Read In The App, Free →တရားဟောရာကျမ်း 18 →

Study တရားဟောရာကျမ်း 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334