The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 30

1သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊

2သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊

3သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။

4သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။

5ဘိုးဘေး တို့ ဝင်စား သော ပြည် သို့ တဖန် ဆောင် ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စား ရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေး များတို့ထက် သင့် ကို သာ၍များ စေတော်မူလိမ့်မည်။

6သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။

7သင် ၏ရန်သူ တည်းဟူသော သင့် ကိုမုန်း ၍ ညှဉ်းဆဲ သောသူတို့ အပေါ် ၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန် ခြင်းအမင်္ဂလာ ရှိသမျှ တို့ကို သက်ရောက် စေတော်မူလိမ့်မည်။

8သင် သည် ပြန် လာလျက် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ၊ ယနေ့ ငါ မှာ ထားသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် လိမ့်မည်။

9သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍၊

10ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎င်း၊ သင် ပြု လေရာရာ ၌ အောင်မည်အကြောင်းနှင့် သင် ၏သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများပြား မည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင် ၌ အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။

11ယနေ့ ငါ မှာထား သော ပညတ် တရားတော် သည် သင် နားမလည် နိုင်သော တရားမဟုတ်။

12သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။

13တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။

14တရား တော်သည် သင်စောင့်ရှောက် ဘို့ ရာသင် နှင့် အလွန်နီး ၏။ သင် ၏နှုတ် ၌ ၎င်း၊ သင် ၏နှလုံး ၌ ၎င်း ရှိ၏။

15ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။

16သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။

17သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊

18ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။

19အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။

20သို့ဖြစ်၍ ၊ သင် နှင့် သင့် အမျိုးအနွယ် သည် အသက်ရှင် မည် အကြောင်း နှင့်၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ၍ စကား တော်ကို နားထောင် သဖြင့် ၊ အသက်ရှင် ခြင်းအကျိုး၊ အသက်တာ ရှည် ခြင်း အကျိုးကိုပေး တော်မူသောကိုယ်တော် ကို ဆည်းကပ် မှီဝဲ မည် အကြောင်း နှင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူ သော ပြည် ၌ နေ မည်အကြောင်း နှင့် ယှဉ်သော အသက် တရားကို ရွေးယူ လော့ဟု ဣသရေလအမျိုးအား ဟောပြော ၏။

← တရားဟောရာကျမ်း 29Read In The App, Free →တရားဟောရာကျမ်း 31 →

Study တရားဟောရာကျမ်း 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334