The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 26

1သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင့် အမွေခံ စရာဘို့ ပေး တော်မူသောပြည် သို့ သင်သည် ဝင်စား ၍ နေသောအခါ၊

2သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊

3ထိုကာလ ၌ ယဇ် ပုရောဟိတ်လုပ်သော သူ ထံ သို့ချဉ်း လျက် ၊ ထာဝရဘုရား သည် ငါ့ အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ အကျွန်ုပ် ရောက် ပါပြီဟု ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံ ပါသည်ဟု ယဇ် ပုရောဟိတ်အား ပြောဆို ရမည်။

4ယဇ် ပုရောဟိတ်သည်လည်း ခြင်တောင်း ကို သင့် လက် မှ ယူ ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ချ ထားရမည်။

5သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။

6အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့ကို ညှဉ်းဆဲ နှိပ်စက်၍ ကျပ်တည်း စွာ ကျွန် ခံ စေကြ၏။

7ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။

8ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊

9နို့ နှင့် ပျားရည် စီး သော ဤ ပြည် သို့ ပို့ဆောင် ၍ ပေး သနားတော်မူ၏။

10ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေး သနား တော်မူသော ပြည် ၌ အဦး သီးသော အသီး ကို အကျွန်ုပ် ဆောင် ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။ ရှေ့ တော်၌လည်း ကိုးကွယ် ခြင်းကို ပြုရမည်။

11သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့အား ပြု တော်မူသမျှ သော ကျေးဇူး ၌ ၊ သင် သည် သင် နှင့်အတူ တည်းခိုသော လေဝိ သားမှစ၍ တပါး အမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။

12သုံး နှစ် တွင် ဆယ်ဘို့ တဘို့ပေး ရသောတတိယ နှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှ တို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍ ၊ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိ သောသူ၊ မုတ်ဆိုးမ တို့ကို သင့် နေရာ မြို့များ၌ ဝ စွာကျွေးမွေး ပြီးမှ၊

13သင် ၏ဘုရားသခင် ထာဝရ ဘုရားအား၊ ကိုယ်တော် သည် အကျွန်ုပ် ကို မှာထား တော်မူသမျှ အတိုင်း ၊ သန့်ရှင်း သောဥစ္စာတို့ကို အိမ် မှ ထုတ် ၍ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့အား ပေး ပါပြီ။ ပညတ် တော်တို့ကို မ လွန်ကျူး ၊ မ မေ့လျော့ ပါ။

14မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မ စား ပါ။ မ စင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေ သောသူတို့အဘို့ အနည်းငယ် ကိုမျှ မ ပေး ပါ။ အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။

15ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။

16ယခု စီရင် ထုံးဖွဲ့ သမျှအတိုင်း ကျင့် ရမည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည် ဖြစ်၍စိတ်နှလုံး အကြွင်းမဲ့ ကျင့် စောင့်ရမည်။

17ထာဝရဘုရား သည် သင် ၏ဘုရားသခင် ဖြစ် တော်မူသည်ဟူ၍၎င်း၊ လမ်း တော်သို့ လိုက် ပါမည်၊ စီရင် ထုံးဖွဲ့တော်မူသောပညတ် တရားတော်ကို စောင့်ရှောက် ပါမည်၊ စကား တော်ကို နားထောင် ပါမည်ဟူ၍၎င်း၊ ယနေ့ သင်သည် ဝန်ခံ ပြီ။

18ထာဝရဘုရား သည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း ၊ သင် သည် ပညတ် တော် အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ၊ အထူးသဖြင့်ကိုယ်တော် ၏ လူမျိုး ဖြစ် သည်ဟူ၍၎င်း၊

19ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။

← တရားဟောရာကျမ်း 25Read In The App, Free →တရားဟောရာကျမ်း 27 →

Study တရားဟောရာကျမ်း 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334