The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 22

1သင့် ညီအစ်ကို ၏ သိုး နွား သည် လမ်းလွဲ သည်ကို ကြည့် ၍မ နေရ။ ညီအစ်ကို ထံသို့ ဆက်ဆက်ပြန် ပို့ရမည်။

2ညီအစ်ကို ဝေး သော် ၎င်း ၊ သူ့ ကို မ သိ သော် ၎င်း၊ ထိုသိုးနွားကို ကိုယ် အိမ် သို့ ဆောင် ခဲ့ရမည်။ ညီအစ်ကို သည်မရှာ ၊ သူ ၌ မ အပ် မှီတိုင်အောင်ကိုယ် အိမ်၌ ထား ရမည်။

3မြည်း ဖြစ်စေ ၊ အဝတ် ဖြစ်စေ ၊ ညီအစ်ကို ၏ဥစ္စာ တစုံတခု ပျောက် ၍ သင်တွေ့ မိလျှင် ၊ ကြည့် ၍မနေဘဲ ထိုအတူ ပြု ရမည်။

4ညီအစ်ကို မြည်း နွား သည် လမ်း ၌ လဲ လျက်ရှိသည် ကို ကြည့် ၍မ နေရ။ ညီအစ်ကို နှင့် ဝိုင်း၍ ဆက်ဆက်မစ ရမည်။

5မိန်းမ သည် ယောက်ျား အဝတ် ကို မ ဝတ် ရ။ ယောက်ျား သည်လည်း မိန်းမ အဝတ် ကို မ ဝတ် ရ။ ထိုသို့ ဝတ် သောသူရှိသမျှ တို့ကို သင် ၏ဘုရားသခင် ထာဝရဘုရား သည် စက်ဆုပ် ရွံ့ရှာတော်မူ၏။

6သစ်ပင် ပေါ် မြေ ပေါ် မှာ ငှက် သိုက် ၌ ငှက်မ သည် အဥ များ၊ သား ငယ်များကို ဝပ် လျက် နေသည်ကို တွေ့ လျှင် ၊ သား ငယ်တို့နှင့်အတူ အမိ ကိုမ ယူ ရ။

7သင် သည် ကောင်းစား ၍ အသက်တာ ရှည်မည် အကြောင်း ၊ သား ငယ်တို့ကို သိမ်းယူ လျှင် လည်း အမိ ကို လွှတ် လိုက်ရမည်။

8လူသည် အိမ် မိုးပေါ် ကကျ ၍ လူအသက်ကိုသတ် သော အပြစ်မ ရောက်မည်အကြောင်း ၊ အိမ် အသစ် ကို ဆောက် သောအခါ ၊ အမိုး နားပတ်လည်၌ အဆီး အတားကို လုပ် ရမည်။

9စပျစ် ဥယျာဉ်၌ ခြားနား သော မျိုးစေ့ တို့ကို ရောနှော၍ မ ကြဲ ရ။ ထိုသို့ ကြဲ လျှင် ၊ မျိုးစေ့အသီး ၊ စပျစ် ပင် အသီး နှစ်ပါးစလုံး ပျက် လိမ့်မည်။

10နွား နှင့် မြည်း ကို ဘက် ၍ လယ် မ ထွန်ရ။

11ဝါ နှင့် သိုးမွေး ကို ရောနှော ၍ ရက်သောအဝတ် ကို မ ဝတ် ရ။

12သင်ခြုံ သော အဝတ် စွန် လေး ဘက်၌ ပန်းပွား တို့ ကို ဆွဲ ရမည်။

13လူ သည် မယား နှင့် ထိမ်းမြား ဆက်ဆံပြီးမှ ၊ တဖန် ထိုမိန်းမ ကို မုန်း ၍၊

14ငါသည် ဤ မိန်းမ နှင့် ထိမ်းမြား ဆက်ဆံသောအခါ ၊ ကညာ မ စစ်ကြောင်း ကို သိရ ပြီဟု ထိုမိန်းမ ၌ ကဲ့ရဲ့ စရာအကြောင်းကို ပြု ၍ သူ့ အသရေ ကို ဖျက် လျှင်၊

15ထိုမိန်းမ ၏ မိဘ တို့သည် ကညာ ၏ လက္ခဏာ သက်သေကို ဆောင် လျက် ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ သွား ၍၊

16ထိုမိန်းမ ၏အဘ က၊ အကျွန်ုပ် သမီး ကို ဤ လူ ၌ အကျွန်ုပ်ပေးစား ပါပြီ။ သူသည် အကျွန်ုပ် သမီးကို မုန်း ၍၊

17သင် ၏သမီး သည် ကညာ မ စစ်ကြောင်းကို ငါတွေ့ ပြီဟု ဆို လျက် ကဲ့ရဲ့ စရာအကြောင်းကို ပြု ပါ၏။ သို့ရာတွင် ဤ သည်ကား၊ အကျွန်ုပ် သမီး ၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီး သူတို့အား လျှောက် ဆိုလျက် ထိုအဝတ် ကို သူတို့ရှေ့ မှာလှန် ၍ ပြရမည်။

18ထိုအခါ မြို့ ၌ အသက်ကြီး သူတို့သည် ထို လူ ကို ယူ ၍ ရိုက် ပြီးမှ၊

19ငွေ တစ် ပိဿာကို လျော် စေ၍ ၊ မိန်းမ ၏ အဘ အား ပေး ရမည်။ အကြောင်း မူကား၊ ဣသရေလ အမျိုး ကညာ ၏ အသရေ ကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ ၏မယား ဖြစ် ရမည်။ တသက်လုံး ထိုမိန်းမ နှင့် မ ကွာ ရ။

20သို့မဟုတ်လင်စကား မှန် ၍ ၊ ထို မိန်းမ ၌ ကညာ လက္ခဏာသက်သေမ ရှိ လျှင်၊

21မြို့ သားယောက်ျား တို့သည် ထိုမိန်းမ ကို အဘ အိမ် တံခါး သို့ ဆောင် ခဲ့ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ အကြောင်း မူကား၊ သူ သည် အဘ အိမ် ၌ မတရား သောမေထုန် သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲ သောအမှုကို ပြု လေပြီ။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။

22လင် ရှိသောမိန်းမ နှင့် အခြားသောယောက်ျား သင့် နေသည်ကို တွေ့ မိလျှင် ၊ ထိုယောက်ျား နှင့် မိန်းမ နှစ် ယောက်တို့သည် အသေ သတ်ခြင်းကိုခံ ရမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို ဣသရေလ အမျိုးမှ ပယ်ရှား ရမည်။

23အပျို ကညာကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်း ပြီးမှ၊ အခြားသောယောက်ျား သည် မြို့ ထဲမှာ တွေ့ ၍ သင့် နေလျှင်၊

24ထိုသူနှစ် ယောက်တို့ကို မြို့ တံခါးဝ သို့ ထုတ် ဆောင် ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ မိန်းမ သည် မြို့ ထဲမှာ ရှိလျက်ပင် မ အော် မဟစ်သောကြောင့် ၎င်း၊ ယောက်ျား လည်း သူ့ မယား ကို ရှုတ်ချ သောကြောင့် ၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကိုခံ ရမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။

25အပျို ကို ယောက်ျား နှင့် ထိမ်းမြား ဆောင်နှင်းပြီးမှ အခြားသော ယောက်ျား သည် တော ၌ တွေ့ ၍ အနိုင် အထက် ပြုလျှင် ၊ ထို ယောက်ျား တယောက်တည်းကိုသာ အသေ သတ်ရမည်။

26သေ ထိုက်သော အပြစ် မ ရှိသော ထိုမိန်းမ ကို သင်သည် အဘယ်သို့မျှ မ ပြု ရ။

27အကြောင်း မူကား၊ ယောက်ျား သည် ထိုမိန်းမ ကို တော ၌ တွေ့ ၍ မိန်းမ အော်ဟစ် သော်လည်း ကူညီ သောသူ မ ရှိသောကြောင့်၊ ထို အမှု သည်လူ ချင်းတယောက်ကို တယောက်ရန် ပြု၍ သတ် သောအမှုနှင့် တူ၏။

28ယောက်ျား နှင့် မ ထိမ်းမြား မဆောင်နှင်းသေး သော အပျို ကညာကို အခြားသောယောက်ျားသည် တွေ့ ၍ ကိုင် ဆွဲသင့် နေသည်ကို တွေ့ မိလျှင်၊

29ထိုယောက်ျား သည် မိန်းမ ၏ အဘ အား ငွေ ငါးဆယ် ကို လျော် ရမည်။ ထိုမိန်းမသည်လည်း သူ ၏ မယား ဖြစ် ရမည်။ သူ့ ကို ရှုတ်ချ သောကြောင့် တသက်လုံး မ ကွာ ရ။

30လူ သည် မိမိ အဘ နှင့် သာဆိုင်သော အဘ ၏ မယား ကို မ သိမ်း ရ။

← တရားဟောရာကျမ်း 21Read In The App, Free →တရားဟောရာကျမ်း 23 →

Study တရားဟောရာကျမ်း 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334