The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 29

1ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။

2တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊ ထာဝရဘုရား သည် အဲဂုတ္တု ပြည် မှာ ဖာရော ဘုရင်၌ ၎င်း၊ သူ ၏ကျွန် အပေါင်း တို့၌ ၎င်း၊ သူ ၏ပြည် တရှောက်လုံး ၌ ၎င်း ၊ သင် တို့မျက်မှောက် တွင် ပြု တော်မူသမျှ တည်းဟူသော၊

3ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။

4သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။

5အနှစ် လေးဆယ် ပတ်လုံးသင် တို့ကို တော ၌ ငါပို့ဆောင် တော်မူပြီ။ သင် တို့အဝတ် သည် မ ဟောင်း မနွမ်း။ သင် တို့စီးသော ခြေနင်း လည်း မ ပျက်။

6သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။

7သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊

8သူ တို့ပြည် ကို သိမ်းယူ ပြီးမှ ၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ၌ ပေး လေ၏။

9သို့ဖြစ်၍ သင်တို့ပြု လေရာရာ ၌ အောင် နိုင်မည် အကြောင်း ဤ ပဋိညာဉ် စကား တို့ကို စောင့်ရှောက် ၍ ကျင့် ကြလော့။

10သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် နှင့် ယနေ့ ပြု တော်မူသော သစ္စာ ကို သင် သည်ခံ ၍၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ပြုခြင်းငှာ ၎င်း၊

11သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ခန့်ထား တော်မူစေခြင်းငှာ၎င်း၊

12အထက်က မိန့်တော်မူ၍၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ဘုရားသခင် ဖြစ် တော်မူစေခြင်းငှာ ၎င်း၊

13သင် တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူမှစ၍ တပ် ၌ ရှိသမျှသောသူ တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေကြ၏။

14ထိုမှတပါး ဤ ပဋိညာဉ် ၊ ဤ သစ္စာ ကို သင် တို့နှင့် သာ ငါ ပြု သည်ထက်မ က၊

15ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေသောသူတို့ နှင့်၎င်း၊ ငါ တို့တွင် ယနေ့ မ ပါ သော သူတို့ နှင့် ၎င်း ငါပြု၏။

16သင် တို့သည် အဲဂုတ္တု ပြည် ၌ ပေါင်းဘော် သောသူ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုး တို့ကို သင်တို့သိ ကြ၏။

17သူ တို့၌ ရှိသော စက်ဆုပ်ရွံရှာ ဘွယ်သော သစ်သား ရုပ်တု ၊ ကျောက် ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင် ကြပြီ။

18ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊

19ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။

20ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။

21ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။

22သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊

23အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊

24ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊

25သူတပါးတို့က၊ ထိုသူ တို့၏ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကို သူတို့သည် စွန့် ကြသောကြောင့် ၎င်း၊

26အထက်ကသူ တို့မ သိ ၊ သူ တို့အား အဘယ်အရာ ကိုမျှ မ ပေး သော အခြား တပါးသော ဘုရား တို့အား ဝတ်ပြု ကိုးကွယ် ကြသောကြောင့်၎င်း၊

27ဤ မည်သောကျမ်းစာ ၌ ရေး ထားသော အမင်္ဂလာ ရှိသမျှ တို့ကို ဤ ပြည် ၌ သင့်ရောက် စေခြင်းငှာ ၊ ထာဝရဘုရား သည် အမျက် တော်ထွက် သဖြင့်၊

28ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။

29မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။

← တရားဟောရာကျမ်း 28Read In The App, Free →တရားဟောရာကျမ်း 30 →

Study တရားဟောရာကျမ်း 29

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334