The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 24

1တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။

2ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။

3နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊

4အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။

5အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။

6ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။

7လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။

8နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။

9သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။

10သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။

11သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။

12ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။

13သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။

14အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။

15နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။

16အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။

17တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။

18သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။

19သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။

20သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။

21သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။

22သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။

← တရားဟောရာကျမ်း 23Read In The App, Free →တရားဟောရာကျမ်း 25 →

Study တရားဟောရာကျမ်း 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334