The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 13

1မောရှေ ကို ခေါ်၍ ဣသရေလ အမျိုးသား တို့တွင် အဦးဘွားသောသူ၊

2လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ သားဦး အပေါင်း တို့ကို ငါ့ အဘို့ သန့်ရှင်း စေလော့။ ငါ့ ဥစ္စာဖြစ်ကြသည်ဟု မိန့် တော်မူ၏။

3မောရှေ ကလည်း ၊ သင်တို့သည် ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ထွက် သွားသော ဤ နေ့ ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် သင် တို့ကို ထို ပြည်မှ နှုတ် ဆောင်တော်မူပြီ။ တဆေး ပါသောမုန့်ကို မ စား ရ။

4အဗိဗ လ ၊ ယနေ့ ၌ ပင် သင် တို့သည် ထွက် လာကြပြီ။

5သင် တို့အား ပေး ခြင်းငှာ ဘိုးဘေး များ၌ ထာဝရဘုရားကျိန်ဆို တော်မူသော ပြည်၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် သို့ ပို့ဆောင် တော်မူပြီးမှ ၊ ယခု လ တွင် သင်တို့သည် ဤ ဝတ် ကိုပြု ရကြမည်။

6ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ပြီးမှ ၊ ခုနစ် ရက်မြောက်သောနေ့ တွင် ၊ ထာဝရဘုရား အဘို့ ပွဲ ခံရကြမည်။

7တဆေး မပါသောမုန့်ကို စား ရသောခုနစ် ရက် ပတ်လုံးသင် တို့၌ တဆေး ကို မ တွေ့ မမြင်ရ။ သင် တို့နေ သောအရပ်ရပ် တို့၌ လည်း မ တွေ့ မမြင်ရ။

8ငါ တို့သည် အဲဂုတ္တု ပြည်မှ ထွက် သောကာလ ၊ ထာဝရဘုရား ပြု တော်မူသောကျေးဇူး တော်ကြောင့် ဤသို့ပြုရ၏ဟု ထို နေ့ ၌ သား မြေးတို့အား ကြား ပြောရမည်။

9ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။

10ထို့ကြောင့် စီရင်တော်မူသောဤ ထုံးစံ ကို၊ မိမိ အချိန် ၌ နှစ် စဉ်အတိုင်း စောင့် ရကြမည်။

11သင် တို့၌ ၎င်း ၊ ဘိုးဘေး ၌ ၎င်း၊ ကျိန်ဆို တော်မူသည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့ကို ပို့ဆောင် ၍ ၊ ထိုပြည်ကိုပေး သနားတော်မူသောအခါ၊

12သင်တို့၌ အဦး ဘွား သောသားအပေါင်း တို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန် တို့၏ သားဦး အပေါင်း တို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲ ထားရကြမည်။ အထီး ရှိသမျှတို့သည်၊ ထာဝရဘုရား ၏ ဥစ္စာဖြစ် ရကြမည်။

13မြည်း မ၌ အဦး ဘွားသော မြည်းသငယ်ကို၊ သိုးသငယ် နှင့် ရွေး ရမည်။ မ ရွေး လိုလျှင် ၊ မြည်း သငယ် လည်ပင်း ကို ချိုးရမည်။ လူသား တို့တွင် သားဦး အပေါင်း ကို ရွေး ရမည်။

14နောင်ကာလ၌ သင် ၏သား ကလည်း၊ အဘယ်သို့ နည်းဟု မေးမြန်း လျှင်၊ သင်ကလည်း ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ၊ ထာဝရဘုရား သည် အားကြီး သော လက် တော်ဖြင့် ငါ တို့ကို နှုတ်ဆောင် တော်မူ၏။

15ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။

16ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။

17ဣသရေလလူ တို့ကို ဖာရော ဘုရင်လွှတ် သောနောက် ၊ ဖိလိတ္တိ ပြည် ကို ရှောက်သောလမ်း သည် ဖြောင့် သော်လည်း ၊ ထို လမ်းဖြင့် ဘုရား သခင်ဆောင် တော်မ မူ။ အကြောင်းမူကား ၊ သူ တို့သည် စစ်မှု ကို တွေ့မြင် သောအခါ စိတ်ပျက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန်ကောင်းပြန် ကြလိမ့်မည်ဟု သိ တော်မူ၏။

18ထိုကြောင့် ဘုရား သခင်သည်၊ သူ တို့ကို ဧဒုံ ပင်လယ် နားတော လမ်း ဖြင့် ဝိုင်း၍ ဆောင် တော်မူ၏။ ဣသရေလ အမျိုးသား တို့သည်၊ ခင်းကျင်းသော တပ် အစဉ်အတိုင်းအဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။

19အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရား သခင်သည် သင် တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျပ်ကျပ်ကျိန်ဆို စေသောကြောင့် ၊ သူ ၏အရိုး တို့ကို မောရှေ သည် မိမိ ၌ ယူဆောင် လေ၏။

20တဖန် သူတို့သည် သုကုတ် အရပ်မှ ထွက် သွား၍ တော အနား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။

21သူ တို့သည် နေ့ ည သွား နိုင် အောင် ထာဝရဘုရား သည် နေ့ ၌ကား၊ လမ်း ပြ ဘို့ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် ၌ကား၊ အလင်း ပေးဘို့ မီး တိုင် အားဖြင့် ၎င်း၊ သူ တို့ရှေ့ က ကြွ တော်မူ၏။

22နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ကို သူ တို့ရှေ့ မှ ရုပ်သိမ်း တော်မ မူ။

← ထွက်မြောက်ရာကျမ်း 12Read In The App, Free →ထွက်မြောက်ရာကျမ်း 14 →

Study ထွက်မြောက်ရာကျမ်း 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940