The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 25

1ထာဝရဘုရား ကလည်း ၊ ဣသရေလအမျိုးသားတို့သည်

2ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။

3ခံ ရသော အလှူ ဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊

4ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး။

5အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ်သား။

6လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊

7ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီစရာ ကျောက် မြတ် တည်းဟူသောအလှူကို ခံရမည်။

8ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။

9ငါ ပြ သမျှ သော တဲ တော်ပုံ ၊ တဲ တော်တန်ဆာ ပုံ နှင့် အညီ လုပ် ရမည်။

10အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာ၊ စောက် တ တောင်ထွာရှိသော သေတ္တာ ကို၊ အကာရှ သား နှင့်လုပ် ၍ ၊ သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့် မွမ်းမံရမည်။

11သေတ္တာ အပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကိုလည်း လုပ် ရမည်။

12ရွှေ လေး ကွင်း ကို သွန်း ၍ ၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီ တပ် ရမည်။

13အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ၊

14သေတ္တာ ထမ်း စရာဘို့ တဘက် တချက် ရွှေကွင်း ထဲသို့ လျှို ထားရမည်။

15ထိုထမ်းဘိုး ကိုလည်း သေတ္တာ ရွှေကွင်း ထဲ က မ နှုတ် အစဉ် ရှိ စေရမည်။

16ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။

17အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေ နှင့်လုပ် ရမည်။

18ရွှေ ခေရုဗိမ် နှစ်ပါး ကိုလည်း သေတ္တာအဖုံး တွင် အလျားတဘက် တချက်၌ ထု လုပ် ရမည်။

19ထို ခေရုဗိမ် နှစ်ပါး ကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက် တပါး စီ လုပ် ပြီးလျှင်၊

20ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်းဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး ရမည်။

21သေတ္တာအဖုံး ကို သေတ္တာ ပေါ် မှာ တင် ရမည်။ ငါပေး သော သက်သေခံချက် ကိုလည်း သေတ္တာ ထဲမှာ ထား ရမည်။

22ထို အရပ်၌ ငါသည် သင် နှင့် တွေ့ ၍ ၊ သက်သေခံ ချက်ထားသော သေတ္တာ ဖုံး အပေါ် ၊ ခေရုဗိမ် နှစ်ပါး စပ်ကြား မှာ သင် နှင့် နှုတ်ဆက် သဖြင့်၊ ဣသရေလ အမျိုးသား တို့၌ ဆင့်ဆို ရာသမျှ တို့ကို စီရင်မည်။

23အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တ တောင်ထွာရှိသော စားပွဲ ကိုလည်း အကာရှ သား နှင့် လုပ် ၍ ၊

24ရွှေ စင် နှင့် မွမ်းမံ ရမည်။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊

25အနံ လက် တဝါးရှိသောခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာ ကို၎င်း လုပ် ရမည်။

26ရွှေ လေး ကွင်း ကိုလည်း လုပ် ၍ ၊ ခြေထောက် လေး ခု အထက်စားပွဲလေး ထောင့် ၌ တပ် ရမည်။

27ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။

28စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။

29စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာဖလား များကိုလည်း ရွှေ စင် နှင့် လုပ် ရမည်။

30ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။

31မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ်၍၊ မီးခုံ တိုင် အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု ရမည်။

32မီးခုံတိုင် တဘက် တချက်သုံး လက် စီထွက် ၍၊ အလက် ခြောက် လက်ရှိရမည်။

33မီးခုံ တိုင်ထဲက ထွက်သော အလက် သုံး လက်တွင်၊ တလက် တလက်၌ ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက် ရှိရမည်။

34မီးခုံ တိုင်၌ လည်း ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက် ရှိရမည်။

35မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူး သီးတလုံးစီ ရှိရမည်။

36ဘူး များ၊ အလက် များတို့ကို တကိုယ် တစပ်တည်းဖြစ်စေ ၍၊ မီးခုံတကိုယ်လုံးကို ရွှေ စင် နှင့် ထုလုပ် ရမည်။

37မီးခွက် ခုနစ် လုံးကိုလည်း လုပ် ရမည်။ စားပွဲ ကို လင်း စေခြင်းငှာ ထိုမီးခွက် ကို ထွန်း ရမည်။

38မီးညှပ် နှင့် မီးညှပ်ခံစရာခွက် တို့သည်လည်း ရွှေ စင် ဖြစ်ရမည်။

39မီးခုံ နှင့် မီးခုံ တန်ဆာ ရှိသမျှ တို့ကို၊ ရွှေ စင် အခွက် တဆယ်နှင့် လုပ် ရမည်။

40တောင် ပေါ်မှာ သင့် အား ပြ ခဲ့ပြီးသော ပုံ နှင့် ညီလျော် စွာ လုပ် ခြင်းငှာ သတိပြု ရမည်။

← ထွက်မြောက်ရာကျမ်း 24Read In The App, Free →ထွက်မြောက်ရာကျမ်း 26 →

Study ထွက်မြောက်ရာကျမ်း 25

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940