The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 38

1တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော မီးရှို့ ရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့်လုပ် လေ၏။ အမြင့် လည်း သုံး တောင် ရှိ၏။

2ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ ဦးချို လေးချောင်းကို အကာရှ သားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ လေ၏။

3အိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင် နှင့် ဆိုင်သောတန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့်လုပ် လေ၏။

4ကြေးဝါ ဆန်ခါ ကို လုပ် ၍ ယဇ်ပလ္လင် ခါးပန်း အောက် အလယ် ၌ထား၍၊

5ထမ်းဘိုး ထား ရာ ဆန်ခါ လေး ထောင့် ၌ တပ်ရသောကြေးဝါ လေး ကွင်း ကို သွန်း

6အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ၊

7ယဇ်ပလ္လင် ကို ထမ်း စရာဘို့ တဘက် တချက်ကွင်း များ၌ လျှိုထား လေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် လေ၏။

8ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး တတ်သော မိန်းမ တို့၏ ကြေးဝါ မှန် များကို ယူ၍ ကြေးဝါ အင်တုံ နှင့် ကြေးဝါ ခြေထောက် ကို လုပ် လေ၏။

9တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက်၌ ကုလားကာ ကို လုပ် လေ၏။

10ထိုကုလားကာ ဘို့ တိုင် နှစ်ဆယ် ၊ တိုင် ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့်ပြီး စေ၏။

11ထိုနည်းတူမြောက် ဘက် ၌ ကာရန်အလျားအတောင် တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါ တိုင် နှစ်ဆယ် ၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိ၏။

12အနောက် ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ် ရှိသောကုလားကာ နှင့်တကွ တိုင် တဆယ် ၊ ခြေစွပ် တဆယ် ရှိ၏။

13အရှေ့ ဘက် ၌လည်း အတောင် ငါးဆယ် ရှိ၏။

14တံခါး ဝ တဘက် တချက်၌ ကာရန် အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊ ခြေစွပ် သုံး ခုရှိ၏။

15

16ဝင်း ပတ်လည် ၌ကာသော ကုလားကာ ရှိသမျှ တို့သည် ပိတ်ချော ဖြင့်ပြီး ၏။

17တိုင် တို့သည် ကြေးဝါ ခြေစွပ် ၊ ငွေတံစို့ ၊ ငွေ တန်း နှင့်ပြည့်စုံ၍ တိုင် ထိပ် များကိုလည်း ငွေ နှင့် မွမ်းမံ လေ၏။ ဝင်း တိုင် တန်း ရှိသမျှ တို့သည် ငွေ တန်းဖြစ်၏။

18ဝင်း တံခါး ဝ၌ ကာရန် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍ ချယ်လှယ် သော ကုလားကာ ၊ အလျား အတောင် နှစ်ဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ဝင်း ကာသော ကုလားကာ နှင့် တညီတည်း ဖြစ်၏။

19ဝင်း တံခါးဝတိုင် လေး ခုရှိ၍၊ ကြေးဝါ ခြေစွပ် လေး ခု၊ ငွေ တံစို့ ၊ ငွေ တန်း များ၊ ငွေနှင့်မွမ်းမံ သော ထိပ် များနှင့် ပြည့်စုံကြ၏။

20တဲ တော်တံသင်ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ တို့သည် ကြေးဝါ တံသင်ဖြစ်ကြ၏။

21ဤ ရွေ့ကား၊ မောရှေ စီရင် သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ သည်၊ လေဝိ လူများ အမှု တော်ဆောင်စရာ တဲ တော်ကို ရေတွက်မှတ်သား သော သက်သေခံ ချက် တဲ တော်စာရင်း ပေတည်း။

22မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသမျှတို့ ကို ၊ ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော၊ ဥရိ ၏ သား ဗေဇလေလ သည် လုပ် လေ၏။

23ထိုမှတပါး ၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြား သော လက်သမား အလုပ်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ လည်းရှိ ၏။

24သန့်ရှင်း ရာ ဌာနတော်ပြီး အောင် လှူ ၍ လုပ်သော ရွှေ ချိန်ပေါင်း ကား အကျပ်တော်အတိုင်း အခွက် နှစ်ရာ ကိုးဆယ် ခုနစ် ပိဿာ သုံးဆယ် ဖြစ် သတည်း။

25စာရင်း ဝင်သော ပရိသတ် များပေးသော ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အတိုင်း အခွက် တထောင် နှင့် တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ် ဖြစ်သတည်း။

26အသက် နှစ်ဆယ် မှစ၍ ပိုလွန် သမျှသောသူ စာရင်း ဝင်သည်အတိုင်း၊ လူခြောက် သိန်းသုံး ထောင် ငါး ရာ ငါးဆယ် တို့သည်၊ အကျပ် တော်အလိုက် ငွေချိန်အကျပ် တဝက် စီ ပေးရကြ၏။

27ခြေစွပ် တခု၌ ငွေအခွက် တဆယ် စီဝင်သည်ဖြစ်၍၊ ငွေ အခွက် တထောင် နှင့် တဲ တော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ် တည်းဟူသောခြေစွပ် တရာ ကို သွန်း လေ၏။

28ကျန်သောငွေအခွက်တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ်နှင့် တိုင် တံစို့ နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင် ထိပ် များကို မွမ်းမံ လေ၏။

29လှူ သော ကြေးဝါ ပေါင်းကား အခွက် ခုနစ်ရာ နှစ်ဆယ် နှင့် လေး ပိဿာ ဖြစ်သတည်း။

30ထိုကြေးဝါ နှင့် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ဝခြေစွပ် ၊ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း၊

31ကာသောဝင်း ခြေစွပ် ၊ ဝင်း တံခါး ဝခြေစွပ် ၊ တဲ တော်တံသင် ၊ ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ ကို ၎င်းလုပ် လေ၏။

← ထွက်မြောက်ရာကျမ်း 37Read In The App, Free →ထွက်မြောက်ရာကျမ်း 39 →

Study ထွက်မြောက်ရာကျမ်း 38

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940