The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 27

1တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော ယဇ် ပလ္လင်ကို၊ အကာရှ သား နှင့်လုပ် ရမည်။ အမြင့် လည်း သုံး တောင် ရှိ ရမည်။

2ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ၊ ဦးချို လေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ရမည်။

3ခံ စရာအိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့် လုပ်ရမည်။

4ကြေးဝါ ဆန်ခါ ကို၎င်း ၊ ဆန်ခါ လေး ထောင့် အပေါ် မှာ ကြေးဝါ လေး ကွင်း ကို၎င်းလုပ် ပြီးလျှင် ၊ 5ယဇ်ပလ္လင် ခါးပန်း အောက် ၊ အလယ် ၌ ထား ရမည်။

5ယဇ်ပလ္လင် ထမ်း စရာ အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ ၊

6ယဇ် ပလ္လင်ကို ထမ်း စရာဘို့ တဘက် တချက် ကွင်း များ၌ လျှို ထားရမည်။

7တောင် ပေါ် မှာ သင့် အား ပြ သည်အတိုင်း ၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် ရမည်။

8တဲ တော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက် ၌ ကုလားကာ ကို လုပ် ရမည်။

9ထိုကုလားကာဘို့ တိုင် နှစ်ဆယ် ၊ တိုင်ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့် ပြီးစေရမည်။

10ထိုနည်းတူ ၊ မြောက် ဘက် ၌ ကာရန် အလျား အတောင်တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါတိုင် နှစ်ဆယ်၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိရမည်။

11ဝင်း အနောက် ဘက် အနံ၌ ကာရန်၊ အလျားအတောင် ငါးဆယ် ရှိသောကုလားကာနှင့်တကွတိုင်တဆယ် ၊ ခြေစွပ် တဆယ် ရှိရမည်။

12ဝင်း အရှေ့ ဘက်၌ လည်း အနံ အတောင် ငါးဆယ် ရှိရမည်။

13တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊

14ခြေစွပ် သုံး ခုရှိရမည်။

15ဝင်း တံခါးဝ ၌ ကာရန် ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ချယ်လှယ် သော ကုလားကာ အတောင် နှစ်ဆယ် နှင့်တကွတိုင် လေး တိုင် ခြေစွပ် လေး ခုရှိရမည်။

16ဝင်း ပတ်လည် ၌ တိုင် ရှိသမျှ တို့သည် ငွေ တံစို့ ၊ ငွေ တန်း၊ ကြေးဝါ ခြေစွပ် နှင့် ပြည့်စုံ ရမည်။

17ဝင်း သည် အလျား အတောင် တရာ ၊ အနံ ငါးဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ပိတ်ချော နှင့်ကြေးဝါ ခြေစွပ် ဖြင့် ပြီး ရမည်။

18အမှု တော်ထမ်းဘို့ တဲ တော်အသုံးအဆောင် ရှိသမျှ ကို၎င်း၊ တဲ တော်တံသင် ၊ ဝင်း နှင့်ဆိုင်သော တံသင် ရှိသမျှ ကို၎င်း ကြေးဝါ နှင့်လုပ်ရမည်။

19ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ် မပြတ်မီး ထွန်း စရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့ရကြမည်အကြောင်း ဆင့်ဆို လော့။

20အာရုန် နှင့် သူ ၏သား တို့သည်၊ ညဦး မှသည် နံနက် တိုင်အောင် ၊ ထာဝရဘုရား ရှေ့ တော်၌ ထိုအမှု ကို စီရင် ရမည်။ ဣသရေလ အမျိုး တို့သည်၊ သား အစဉ် အဆက်စောင့်ရသောပညတ် တော် ဖြစ်သတည်း။

21သင် ၏ အစ်ကို အာရုန် သည်၊ ငါ့ ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရမည်အကြောင်း ၊ သူ နှင့် သူ ၏ သား တည်းဟူသောနာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တို့ကို၊ ဣသရေလ အမျိုးသား တို့အထဲ က ရွေးချယ်၍ သင့် အောက်၌ ခန့် ထားလော့။

← ထွက်မြောက်ရာကျမ်း 26Read In The App, Free →ထွက်မြောက်ရာကျမ်း 28 →

Study ထွက်မြောက်ရာကျမ်း 27

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940