The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 21

1ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလ အမျိုးသားတို့၌ စီရင် ရသော ဓမ္မသတ် ဟူမူကား၊

2ဟေဗြဲ အမျိုးဖြစ်သောကျွန် ကို ဝယ် လျှင် ၊ ခြောက် နှစ် သာ အစေ ကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက် သော်၊ ကိုယ်ဘိုးကို မ တောင်းဘဲ လွှတ် ရမည်။

3ကျွန်ခံစက တယောက် တည်းခံလျှင် ၊ တယောက် တည်းထွက် ရမည်။ လင် မယား နှစ်ယောက်ခံလျှင် ၊ မယား နှင့်တကွ ထွက် စေရမည်။

4သို့မဟုတ်သခင် ပေးစား သောမယား ရှိ၍ ထိုမယားသည် သား သမီး ကို ဘွားမြင် လျှင် ၊ မယား နှင့် သားသမီး တို့ကို သခင် ပိုင် ရမည်။ ကျွန်မူကား၊ တ ယောက်တည်းထွက် ရမည်။

5သို့မဟုတ် ကျွန် က၊ ကျွန်တော် သခင် နှင့် မယား သားသမီး တို့ကို ကျွန်တော်ချစ် ပါ၏။ မ ထွက် မသွားလိုပါ ဟု အတည့်အလင်းပြောဆို လျှင် ၊

6သခင် သည် ဘုရား သခင်ရှေ့ တော်သို့၎င်း၊ အိမ်တံခါး တိုင် သို့ ၎င်း ဆောင် ယူ၍ ၊ နားရွက် ကို စူး ဖြင့် ဖောက် ပြီးမှ ၊ ထိုကျွန်သည် အစဉ် အမြဲကျွန် ခံရမည်။

7အဘ သည် သမီး ကို ကျွန် ခံစေခြင်းငှာ ရောင်း လျှင် ထိုမိန်းမသည် ကျွန် ယောက်ျားကဲ့သို့ လွတ် ရသည် မဟုတ်။

8သခင် သည် ထိုမိန်းမ ကို သိမ်းယူ၍ မကြိုက် လျှင် ၊ ရွေး စေခြင်းငှာ အခွင့်ပေးရမည်။ သူ့ ကို လှည့်ဖြား မိ သောကြောင့် ၊ တပါးအမျိုးသား တို့သို့ ရောင်း ချပိုင်သောအခွင့် မရှိ။

9မိမိ သား ၌ ပေးစား လျှင် မူကား ၊ သမီး ကဲ့သို့ ပြုစု ရမည်။

10အခြား မိန်းမကို သိမ်း ပြန်လျှင် ၊ အရင်သိမ်းသော မိန်းမ ၏ အဝတ် အစား နှင့် မယား ဝတ်ကို မ လျှော့ ရ။

11ထို သုံး ပါးကို မ ပြု လျှင် ၊ ကိုယ်ဘိုး ကို မ တောင်းဘဲ လွှတ် ရမည်။

12လူ ကို အသေ သတ် သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။

13အသေသတ်မည် အကြံ မ ရှိဘဲ၊ သူ ၏လက် ၌ လူအသက်ကို ဘုရား သခင်အပ် တော်မူလျှင်၊ ပြေး ရသောအရပ် ကို ငါခန့် ထားမည်။

14အိမ်နီးချင်း ကိုသတ် မည် အကြံ ရှိ၍ အနိုင်တိုက်သောသူ ကိုကား ၊ ငါ့ ယဇ် ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ ၍ သတ် ရမည်။

15မိ ဘ ကို အသေသတ် သောသူသည်၊ အသေသတ် ခြင်းကို အမှန်ခံရမည်။

16လူကို ခိုး သောသူသည်၊ ရောင်း သည်ဖြစ်စေ ၊ သူ ၏လက် ၌ ရှိသည်ဖြစ်စေ၊ အသေသတ် ခြင်းကို အမှန်ခံရမည်။

17မိ ဘ ကို ကျိန်ဆဲ သောသူသည် အသေသတ် ခြင်းကို အမှန်ခံရမည်။

18လူ ချင်းခိုက်ရန် ပြု၍ တယောက် သည် ကျောက်ခဲ နှင့် ထု သည်ဖြစ်စေ၊ လက်သီး နှင့် ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည် မ သေ သော်လည်း ၊ အိပ်ရာ ၌ တုံးလုံးနေ ရလျှင်၎င်း၊

19တဖန်ထ ၍ တောင်ဝေး နှင့် သွား လျှင် ၎င်း၊ ရိုက်သောသူကို အပြစ် လွှတ် ရမည်။ သို့ရာတွင် နာသောသူသည် အလုပ်ပျက်ရသည်အတွက်၊ အနာ ပျောက်စေခြင်းငှါ ကုသ ရသည်အတွက်၊ ငွေကို လျော် ရမည်။

20သခင်သည် ကျွန် ယောက်ျားကျွန် မိန်းမကို ဒုတ် နှင့် ရိုက် ၍ ထိုကျွန်သေ လျှင် ၊ သခင်သည် လေးသော ဒဏ် ကိုခံ ရမည်။

21သို့ရာတွင် ကျွန်သည် တရက် နှစ်ရက် နာ၍ မသေဘဲနေ လျှင် ၊ သခင်သည် ထိုကျွန်ကို ပိုင် သောကြောင့် ဒဏ် နှင့် လွတ်ရမည်။

22လူ ချင်းခိုက်ရန် ပြုကြ၍ ၊ ကိုယ်ဝန် ဆောင်သော မိန်းမ ကို ထိခိုက် သဖြင့် ကိုယ်ဝန် ပျက်၍ အခြားသော အနာ မ ဖြစ် လျှင် ၊ မိန်းမ လင် စီရင် သည်အတိုင်း ဒဏ် ခံရမည်။ မင်း စီရင်သည်အတိုင်းလည်း ငွေကို လျော် ရမည်။

23အခြားသော အနာ ဖြစ်လျှင် ၊ အသက် အတွက် အသက် ကို၎င်း၊

24မျက်စိ အတွက် မျက်စိ ကို၎င်း၊ သွား အတွက် သွား ကို၎င်း၊ လက် အတွက် လက် ကို၎င်း၊ ခြေ အတွက် ခြေ ကို၎င်း၊

25မီး လောင်ခြင်းအတွက် မီး လောင်ခြင်းကို၎င်း၊ ရှန ခြင်းအတွက် ရှန ခြင်းကို၎င်း၊ ဒဏ်ချက် ရာအတွက် ဒဏ်ချက် ရာကို၎င်း ခံ ရမည်။

26သခင် သည် ကျွန် ယောက်ျား ကျွန် မိန်းမ၏ မျက်စိ ကို ပျက် အောင်ရိုက် လျှင် ၊ မျက်စိ ပျက်သည်အတွက် လွှတ် ရမည်။

27ထိုအတူ ကျွန် ယောက်ျား ကျွန် မိန်းမ၏ သွား ကို ကျိုး အောင်ရိုက်လျှင်၊ သွား ကျိုးသည်အတွက် လွှတ် ရမည်။

28နွား သည် လူယောက်ျား မိန်းမ ကို ခွေ့ ၍ လူသေ လျှင် ၊ စင်စစ်ထိုနွား ကို ကျောက်ခဲနှင့် ပစ် ၍ သတ်ရမည်။ အသား ကိုလည်း မ စား ရ။ နွား ရှင် ကိုကား ၊ အပြစ်လွှတ် ရမည်။

29၎င်းနည်း နွား သည် အထက် က ခွေ့ ဘူး၍ ၊ ခွေ့ကြောင်းကို နွားရှင် ကြား သိလျက် မ ချည် မနှောင် အလွတ်ထား၍၊ နွားသည် ယောက်ျား မိန်းမ ကို သတ် မိလျှင် ၊ ထိုနွား ကို ကျောက်ခဲနှင့် ပစ် သတ်ရမည်။ နွား ရှင် ကိုလည်း အသေ သတ်ရမည်။

30သို့မဟုတ်ငွေ လျော်စေဟု စီရင် လျှင် ၊ စီရင် သည်အတိုင်း မိမိ အသက် ရွေး ရန် အဘိုးကို လျော် ရမည်။

31သူတပါး၏ သား သမီး ကို ခွေ့ လျှင် ၊ စီရင် သည်အတိုင်း ခံ ရမည်။

32ကျွန် ယောက်ျားကျွန် မိန်းမကို ခွေ့ လျှင် မူကား၊ နွားရှင်သည် ကျွန် ရှင် အား ငွေ အကျပ် သုံးဆယ် ကို လျော် ရမည်။ နွား ကိုလည်း ကျောက်ခဲနှင့် ပစ် သတ်ရမည်။

33လူ သည် တွင်း ကို ဖွင့် ၍ ထားသည်ဖြစ်စေ ၊ တွင်း ကိုတူး ၍ မ ပိတ် ဘဲ ထားသည်ဖြစ်စေ၊ သူတပါး၏ မြင်း ၊ နွား သည် ထို တွင်း၌ ကျ လျှင်၊

34တွင်း ရှင် သည် မြင်း၊ နွားအဘိုး ကို လျော် ၍ အသေ ကောင်ကို ယူ ရမည်။

35အကြင် သူ၏ နွား သည်၊ သူတပါး ၏ နွား ကို အသေ ခွေ့လျှင်၊ နွားရှင်နှစ်ဦးတို့သည်၊ အသက်ရှင် သော နွား ကို ရောင်း ၍ အဘိုး ကို ဝေ ယူရမည်။ သေ သောနွားကိုလည်း ဝေ ယူရမည်။

36၎င်း နည်းနွားသည် အထက် က ခွေ့ ဘူးကြောင်းကို ၊ နွား ရှင် သိ လျက်နှင့် မ ချည် မနှောင် အလွတ် ထားလျှင်၊ နွားသေ ကောင်ကို ကိုယ်တိုင် ယူ ရမည်။ ထိုနွား တကောင်အတွက် တ ကောင်ကို အမှန်လျော် ရမည်။

← ထွက်မြောက်ရာကျမ်း 20Read In The App, Free →ထွက်မြောက်ရာကျမ်း 22 →

Study ထွက်မြောက်ရာကျမ်း 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940