The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 20

1ထိုအခါ ဘုရား သခင်မိန့်တော်မူသောစကား များဟူမူကား၊

2ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

3ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။

4အထက် မိုဃ်း ကောင်းကင်၌ ၎င်း ၊ အောက် အရပ် မြေကြီး ပေါ်၌ ၎င်း၊ မြေကြီးအောက် ရေ ထဲ ၌၎င်း ရှိသောအရာနှင့် ပုံသဏ္ဌာန် တူအောင်၊ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။

5ဦး မ ချဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်ငါ ထာဝရဘုရား သည်၊ သင်၌အပြစ် ရှိသည် ဟု ယုံလွယ်သောဘုရား ၊ ငါ့ ကို မုန်း သောသူတို့၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက် တိုင်အောင်၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ်ပေး စီရင်သောဘုရား၊

6ငါ့ ကို ချစ် ၍ ငါ့ ပညတ် တို့ကို ကျင့် သောသူတို့၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ၊ ကရုဏာ ကို ပြ သော ဘုရားဖြစ်၏။

7သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ် မရှိဟု ထာဝရဘုရား မှတ်တော်မ မူ။

8ဥပုသ် နေ့ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက် ကို အောက်မေ့ လော့။

9ခြောက် ရက် ပတ်လုံးအလုပ် မျိုးကို ကြိုးစား ၍ လုပ်ဆောင် လော့။

10သတ္တမ နေ့ရက် သည် သင် ၏ဘုရား သခင်ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍ သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ၊ တိရစ္ဆာန် ၊ သင် ၏ တံခါး အတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။

11အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ အရပ်ရပ် ၌ ရှိသမျှ တို့ကို ခြောက် ရက် တွင် ဖန်ဆင်း ၍ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရား သည် သတ္တမ နေ့ ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။

12သင် ၏ဘုရား သခင်ထာဝရဘုရား ပေး သနားတော်မူသော ပြည် ၌ သင် ၏အသက် တာရှည် မည် အကြောင်း ၊ သင် ၏မိဘ ကို ရိုသေ စွာပြုလော့။

13လူအသက် ကို မ သတ်နှင့်။

14သူ့မယားကို မ ပြစ်မှား နှင့်။

15သူ့ဥစ္စာကို မ ခိုး နှင့်။

16ကိုယ် နှင့်စပ်ဆိုင်သောသူတဘက် ၌ မမှန် သောသက်သေ ကို မ ခံ နှင့်။

17ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အိမ် ကို တပ်မက် လိုချင်သောစိတ်မရှိ စေနှင့်။ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ မယား ၊ သူ ၏ကျွန် ယောက်ျား မိန်းမ ၊ နွား ၊ မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခု ကိုမျှ တပ်မက် လိုချင်သောစိတ် မရှိ စေနှင့်ဟု မိန့်တော်မူ၏။

18လူ အပေါင်း တို့သည် မိုဃ်းချုန်း ခြင်း၊ လျှပ်ပြက် ခြင်း၊ တံပိုး သံ မြည်ခြင်း၊ တောင် ထဲကမီးခိုး ထွက်ခြင်း အကြောင်းအရာတို့ကို မြင် သောအခါ ၊ ကြောက် သောကြောင့် ရွှေ့၍ အဝေး ၌ ရပ် နေကြ၏။

19မောရှေ ကို လည်း ၊ အကျွန်ုပ် တို့အား ကိုယ်တော် မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ် တို့အား ဘုရား သခင်မိန့် တော်မ မူပါစေနှင့်။ အကျွန်ုပ်တို့သည် သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက် ဆိုကြ၏။

20မောရှေ ကလည်း ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ကို စုံစမ်း ခြင်းငှာ ၎င်း၊ သင်တို့သည် ပြစ်မှား ခြင်းနှင့် လွတ် မည်အကြောင်း ကိုယ်တော် ကို ကြောက် စေ ခြင်းငှာ ၎င်း၊ ဘုရား သခင်ကြွ လာတော်မူပြီဟု လူ များတို့အား ပြောဆို ၏။

21လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။

22ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့အား ပြန်ပြော ရသော စကားဟူမူကား၊ ငါသည် ကောင်းကင် ဘုံမှ သင် တို့နှင့် နှုတ်ဆက် ကြောင်းကို သင် တို့သည် သိ မြင်ကြပြီ။

23ငါ့ ကို ကိုးကွယ်သောအမှု၌ ကိုယ်သုံးဘို့ ငွေ ဘုရား ၊ ရွှေ ဘုရား ကို မ လုပ် ရ။

24ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။

25သင်သည် ကျောက် ယဇ် ပလ္လင်ကို ငါ့ အဘို့ တည် လျှင် ၊ ဆစ် သောကျောက်ကို မ တည် ရ။ သံတန်ဆာ ပါ၍ တည်သောယဇ်ပလ္လင်သည် ညစ်ညူး ခြင်းရှိ၏။

26သင် ၌ ရှက်စရာ အကြောင်းမ ထင် မပေါ်စေခြင်းငှာ ၊ ယဇ်ပလ္လင် ပေါ် သို့ လှေကား ဖြင့် မ တက် ရဟု မိန့် တော်မူ၏။

← ထွက်မြောက်ရာကျမ်း 19Read In The App, Free →ထွက်မြောက်ရာကျမ်း 21 →

Study ထွက်မြောက်ရာကျမ်း 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940