The Bible Software
Job · မြန်မာကျမ်းစာ

Job 10

1ငါ့ ဝိညာဉ် သည် အသက် ကို ငြီးငွေ့ ၏။ မြည်တမ်း သောအပြစ်ကိုခံ ရမည်။ စိတ် အလွန်ညှိုးငယ် ၍ ပြော ရ မည်။

2ဘုရား သခင်ကို လျှောက် ရသောစကားဟူမူကား၊ အကျွန်ုပ် ကို အပြစ် စီရင်တော် မ မူပါနှင့်။ အကျွန်ုပ် နှင့် ဆန့်ကျင် ဘက်ပြုတော်မူမည်အကြောင်း ကို ပြ တော်မူပါ။

3ကိုယ်တော် သည်ညှဉ်းဆဲ တော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်း သောအရာကို ရွံရှာ ၍ ၊ လူဆိုး တို့၏ အကြံ အစည်ကို ကောင်းကြီး ပေးတော်မူသင့်သလော။

4ကိုယ်တော် သည် ရူပ မျက်စိ ရှိတော်မူသလော။ လူ မြင် သည်နည်းတူ မြင် တော်မူသလော။

5ကိုယ်တော် ၏နေ့ ရက်တို့သည် လူ နေ့ ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော် ၏နှစ် တို့သည် လူ ယောက်ျား နေ့ ရက်ကဲ့သို့ ဖြစ်ပါသလော။

6အကျွန်ုပ် ပြုသောဒုစရိုက် ကို စစ် ၍ အပြစ် ကို တွေ့ခြင်းငှါ အဘယ်ကြောင့်ရှာ တော်မူသနည်း။

7အကျွန်ုပ်သည် လူဆိုး မ ဟုတ်ကြောင်း နှင့် လက် တော်မှ အဘယ် သူမျှမကယ် မနှုတ်နိုင်ကြောင်းကို သိ တော်မူ၏။

8အကျွန်ုပ်တကိုယ် လုံးကို လက် တော်နှင့်စေ့စပ်စွာ ဖန်ဆင်း တော်မူသည်ဖြစ်၍ ၊ ယခုဖျက်ဆီး တော်မူမည် လော။

9သရွတ် ကိုလုပ်သကဲ့သို့ အကျွန်ုပ် ကိုလုပ် တော်မူကြောင်းကို အောက်မေ့ တော်မူပါ။ တဖန် မြေမှုန့် ဖြစ် စေတော်မူမည်လော။

10အကျွန်ုပ် ကိုနို့ ကဲ့သို့ သွန်းလောင်း ၍၊ ဒိန်ခဲ ကဲ့သို့ ခဲ စေတော်မူပြီ မ ဟုတ်လော။

11အရေ အသား ဖြင့်ဖုံးလွှမ်း ၍၊ အရိုး နှင့် အကြော တို့ဖြင့် ခိုင်ခံ့ စေတော်မူပြီ။

12အသက် ရှင်ရ သော အကြောင်း နှင့်တကွ ကျေးဇူး များကိုပြု တော်မူပြီ။ ကြည့်ရှု ပြုစုခြင်း ကျေးဇူးတော်သည် လည်း အကျွန်ုပ် ၏ဝိညာဉ် ကိုမစ ပါပြီ။

13ယခု ရောက်သော အမှုတို့ ကိုလည်း ၊ နှလုံး တော်၌ သိုထား ၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိ ပါ၏။

14အကျွန်ုပ် သည် ပြစ်မှား လျှင် ၊ ကိုယ်တော်မှတ် တော်မူ၏။ အကျွန်ုပ် အပြစ် ကို လွှတ် တော်မူမည် မ ဟုတ်။

15အကျွန်ုပ် သည်ဆိုးညစ် လျှင် အမင်္ဂလာ ရှိပါ၏။ ဖြောင့်မတ် သော်လည်း ကိုယ် မျက်နှာ ကိုမ ပြ ရ။ ကိုယ် ခံရသောဒုက္ခ ဆင်းရဲကို ဆင်ခြင် ၍ မိန်းမော တွေဝေလျက် နေရ ပါ၏။

16အကျွန်ုပ်ထ လျှင် ကိုယ်တော်သည် ခြင်္သေ့ ကဲ့သို့ အကျွန်ုပ် အပေါ် သို့ ခုန်၍ ကြောက်မက် ဘွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။

17အကျွန်ုပ် တစ်ဘက် ၌ သက်သေခံ တော်မူချက် များပြား ၍၊ အမျက် တော်ကို တိုးပွါးစေခြင်းငှါ ပြု တော်မူသဖြင့်၊ အကျွန်ုပ် တစ်ဘက် ၌ ရန်စစ်တို့သည် အထပ်ထပ် ထကြပါ၏။

18အကျွန်ုပ် ကို အမိဝမ်း ထဲက အဘယ်ကြောင့် ဆောင် ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက် မရှိ၊ အဘယ်သူမျှအကျွန်ုပ် ကိုမ မြင် ရပါ။

19ထိုသို့ အကျွန်ုပ်သည် မ ဖြစ် သကဲ့သို့ဖြစ် ၍၊ အကျွန်ုပ်ကိုအမိဝမ်း ထဲမှ သင်္ချိုင်း သို့ ဆောင် ပို့ရကြ၏။

20အကျွန်ုပ် နေ့ ရက်တို့သည် နည်းပါး သည် မ ဟုတ် လော ။

21-

22မှောင်မိုက် နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည် ၊ သေခြင်းအရိပ် ဖြစ်စေသောညဉ့် ကဲ့သို့ တခဲနက်မိုက် သဖြင့်၊ အလင်း ပင်မှောင်မိုက် သက်သက် ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်းမရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မ လာရသောပြည်သို့အကျွန်ုပ်သွား ၍မ ရောက်မှီ၊ သက်သာ ခြင်းအနည်းငယ် ရှိပါမည် အကြောင်း နေတော်မူပါ။ အကျွန်ုပ်ကိုတတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏။

← Job 9Read In The App, Free →Job 11 →

Study Job 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142