The Bible Software
Job · မြန်မာကျမ်းစာ

Job 14

1လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။

2ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။

3ထိုသို့ သောသူကို ကိုယ်တော် ကြည့် မှတ်တော်မူသလော။ အကျွန်ုပ် နှင့်ဘက်၍ တရား တွေ့တော်မူမည် လော။

4မ သန့်ရှင်းသောအရာထဲက သန့်ရှင်း သောအရာကို အဘယ် သူထုတ်ဘော် နိုင်သနည်း။ အဘယ်သူ မျှမထုတ်မဘော်နိုင်ပါ။

5လူ ၏နေ့ ရက်တို့ကို မှတ်သား ၍၊ သူ နေရသော လ အရေ အတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မ လွန် နိုင်သော အပိုင်း အခြားကို ထား တော်မူသောကြောင့်၊

6မျက်စိတော်ကို လွှဲ ၍ လူသည်သူငှါး ကဲ့သို့ မိမိ နေ့ ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ် ရသောအခွင့် ကိုပေးတော်မူပါ။

7သစ်ပင် ကိုခုတ် သော်လည်း ၊ အငုတ်အချည်းစည်း မရှိဘဲ အတက် ပေါက် လေဦးမည်ဟု မြော်လင့် စရာ ရှိ ၏။

8မြေ ထဲ မှာ အမြစ် ဟောင်း ၍ ၊ မြေ ပေါ် မှာ အငုတ် သေ သော်လည်း၊

9ရေ ငွေ့ ကြောင့် အတက် ပေါက်၍ ၊ ပျိုး ပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံ လိမ့်မည်။

10လူ မူကား သေ ၍ ဆွေးမြေ့ တတ်၏။ လူ သည် အသက် ချုပ်ပြီးလျှင် အဘယ် မှာရှိသနည်း။

11အိုင် ရေ ပြတ် သကဲ့သို့၎င်း ၊ မြစ် ရေခန်း ခြောက် သကဲ့သို့၎င်း ၊

12လူ သည်အိပ် ပြီးမှ နောက်တဖန်မ ထ ရ။ မိုဃ်း ကောင်းကင် မကုန်မဆုံး မှီတိုင်အောင် မ နိုး ရ။ အအိပ် အပျော်မ ပျက် ရ။

13ကိုယ်တော်သည် အကျွန်ုပ် ကို သင်္ချိုင်း တွင်း၌ ဝှက်ထား တော်မူပါစေ။ အမျက် တော်မလွန် မှီတိုင်အောင် ကွယ်ကာ တော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့ စရာ အချိန် ကို ချိန်းချက် တော်မူပါစေ။

14လူ သည် သေ လျှင် အသက် ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲ ချိန်မ ရောက် မှီ၊ ပင်ပန်း စွာ အမှုထမ်းရသော နေ့ ရက်ကာလပတ်လုံး သည်းခံ လျက်နေ ပါမည်။

15အကျွန်ုပ် ကို ခေါ် တော်မူပါ။ အကျွန်ုပ် ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်း တော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။

16ယခုမှာ အကျွန်ုပ် ခြေရာ တို့ကို ကိုယ်တော်သည် ရေတွက် ၍၊ အကျွန်ုပ် အပြစ် တို့ကို စောင့် တော်မူ၏။

17အကျွန်ုပ် သည် မှား ခြင်းအကြောင်းအရာကို အိတ် ၌ တံဆိပ် ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ်အပေါ် မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။

18ပြို သောတောင် သည် ကွယ်ပျောက် တတ်ပါ၏။ ကျောက် သည်လည်း မိမိ နေရာ မှ ရွေ့ လျော့တတ်ပါ၏။ ရေ တိုက် သောကျောက်ခဲ သည်လည်း ပွန်း တတ်ပါ၏။

19လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန့် ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူ မြော်လင့် စရာ အကြောင်းကို ဖျက် တော်မူ၏။

20ကိုယ်တော်သည် လူ ကို အစဉ် နိုင် တော်မူ၍ ၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကိုပေး ၍ အခြားသို့ လွှတ် လိုက်တော်မူ၏။

21သူ ၏သား တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မ သိ ရပါ။ နှိမ့်ချ ခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မ ရိပ်မိ ပါ။

22သို့ရာတွင် သူ ၏ကိုယ် သည်ကိုက်ခဲ လျက်၊ သူ ၏ဝိညာဉ် သည်ညည်းတွား လျက်နေရပါသည်ဟု မြွက်ဆို၏။

← Job 13Read In The App, Free →Job 15 →

Study Job 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142