The Bible Software
Job · မြန်မာကျမ်းစာ

Job 22

1တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊

2လူ သည် မိမိပညာ အားဖြင့်မိမိ အကျိုး ကို ပြုစုသကဲ့သို့ဘုရား သခင်၌ ကျေးဇူး ပြုနိုင်သလော။

3သင်၏ဖြောင့်မတ် ခြင်းအားဖြင့်၊ အနန္တ တန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင် ၏အကျင့် ၌ အပြစ် မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။

4သင့် ကိုကြောက်ရွံ့ သောကြောင့် ဆုံးမ ပေးတော်မူ မည်လော။ သင် နှင့် တရား တွေ့တော်မူမည်လော။

5သင် ပြုသောဒုစရိုက် သည် အလွန် ကြီးသည် မ ဟုတ်လော။ သင့် အပြစ် တို့သည် မ ရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။

6သင်သည်ညီအစ်ကို ပေါင် ထားသော ဥစ္စာကို မ တရားသဖြင့် ခံယူပြီ။ ဆင်းရဲ သောသူတို့၏ အဝတ် ကိုလည်း ချွတ်ယူ ပြီ။

7မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။

8အားကြီး သောသူ မူကား မြေ ကို ပိုင်ရ၏။ ဂုဏ် အသရေရှိသောသူသည် နေ ရသောအခွင့်ကိုရ၏။

9သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။

10ထိုကြောင့် ကျော့ကွင်း နှင့် ကျော့မိပြီ၊ ထိတ်လန့် သောစိတ်နှင့် ပင်ပန်း ရ၏။

11မ မြင် နိုင်သောမှောင်မိုက် သည် ညှဉ်းဆဲ၍ ၊ ပြင်း စွာစီးသောရေ သည် လွှမ်းမိုး ရ၏။

12ဘုရား သခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မ ဟုတ်လော။ ကြယ် တို့သည် အဘယ် မျှလောက် မြင့် ကြသည်တကား။

13သို့ဖြစ်၍ သင်က၊ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ ထူ သောတိမ်တိုက်ကွယ်လျက်နှင့် စီရင် တော်မူနိုင်မည်လော။

14မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။

15ကာလ အချိန်မ စေ့မှီ ဖျက်ဆီး ခြင်း၊ ရေ လွှမ်းမိုး၍၊

16-

17အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။

18သို့ရာတွင် ဘုရား သခင်သည် သူ တို့အိမ် ကို ကောင်း သောအရာနှင့် ပြည့် စေတော်မူ၏။ မ တရားသောသူတို့ ၏ အကြံအစည် ကို ငါသည် ဝန် မခံ။

19ဖြောင့်မတ် သောသူတို့သည် ကြည့် မြင်၍ ဝမ်းမြောက် ကြ၏။ အပြစ် ကင်းသောသူတို့သည် ထို အဓမ္မလူ တို့ကို ကဲ့ရဲ့ တတ်ကြ၏။

20အကယ် စင်စစ်ငါ တို့ရန်သူ သည် ပျက်စီး လေပြီ။ သူ ၏စည်းစိမ် ကို မီး လောင် လေပြီဟု ဆိုရကြ၏။

21ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။

22နှုတ် တော်ထွက်တရား ကို ခံယူ ၍ စကား တော်ကို နှလုံး ၌ သွင်း ပါလော့။

23အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊

24ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။

25ထိုအခါ အနန္တ တန်ခိုးရှင်သည် သင် ၌ရွှေ ရတနာ၊ သင် သုံးရသောငွေ ဘဏ္ဍာဖြစ် တော်မူလိမ့်မည်။

26သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။

27သင်ဆုတောင်း သောအခါ နားထောင် တော်မူမည်။ သစ္စာ ဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေ ရသော အခွင့်ရှိလိမ့်မည်။

28သင်ကြံစည်သောအကြံအစည် သည် ထမြောက် ၍၊ သင် သွားသောလမ်း ၌ ရောင်ခြည် ထွန်း လိမ့်မည်။

29သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။

30အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။

← Job 21Read In The App, Free →Job 23 →

Study Job 22

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142