The Bible Software
Job · မြန်မာကျမ်းစာ

Job 15

1တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊

2ပညာရှိ သောသူသည် လေ နှင့်တူသော အချည်းနှီး စကားကို ပြော သင့်သလော။ မိမိ ဝမ်း ကို အရှေ့ လေ နှင့်ပြည့် စေသင့်သလော။

3အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။

4သင် သည် ဘုရား သခင်ကို ကြောက်ရွံ့ ခြင်းအကျင့်၌ အကျိုး မရှိဟု ဆိုလို၏။ ဆုတောင်း ပဌနာပြုရာ ဝတ်ကို ဆီးတား တတ်၏။

5သင်သည်ကိုယ် နှုတ် ဖြင့် ကိုယ် အပြစ် ကို ဘော်ပြ ၏။ ပရိယာယ် ပြုသောသူ ၏စကား ကို သုံး တတ်၏။

6ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။

7သင်သည် အဦး ဆုံးဘွား သောလူ ဖြစ်သလော။ တောင် များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်း သလော။

8ဘုရား သခင်နှင့် တိတ်ဆိတ်စွာတိုင်ပင် ဘူး သလော ။ ပညာ ကို ကိုယ် ၌ အကုန်အစင်သိမ်းထားပြီ လော။

9ငါတို့မ သိ ၊ သင်သိ သောအရာမည်မျှ ရှိသနည်း။ ငါ တို့၌ မ ပါ၊ သင်နားလည် သောအရာမည်မျှရှိသနည်း။

10သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။

11သင် ၌ ဘုရား သခင်ပေးတော်မူသောသက်သာ ခြင်းအကြောင်းနည်း သလော။ သင် ၌ ဝှက် ထားသောအမှု တစုံတခုရှိသလော။

12ကိုယ် အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲ သွားသနည်း။ အဘယ်ကြောင့် မျက် စောင်းထိုးသနည်း။

13သင် ၏စိတ် သဘောသည် ဘုရား သခင်နှင့် ဆန့်ကျင် ဘက်ဖြစ်၍ ၊ နှုတ် နှင့် ပြစ်မှား ပေ၏။

14လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။

15ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။

16သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။

17-

18-

19ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။

20ဆိုး သောသူသည် တသက်လုံး ဒုက္ခ ဆင်းရဲကို ခံရ၏။ ညှဉ်းဆဲ တတ်သောသူသည် မိမိအသက် အပိုင်း အခြားကို မသိရ။

21သူသည် ကြောက်မက် ဘွယ်သောအသံ ကို ကြား လျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ် တွင်၊ ဖျက်ဆီး သောသူသည် လာတတ်၏။

22မှောင်မိုက် ထဲ မှာ ဘေးလွတ် မည်ဟု မြော်လင့် စရာမ ရှိ။ ထား သည်သူ့ကို ချောင်းမြောင်း လျက်ရှိ၏။

23စားစရာ ကို ရှာ၍လှည့်လည် ရ၏။ မိမိအဘို့ မှောင်မိုက် ကာလ သည် အသင့် ရှိသည်ကို သိ ၏။

24ဆင်းရဲ ခြင်းဒုက္ခနှင့် နာကြဉ်း ခြင်းဝေဒနာတို့သည် ထိုသူ ကို ချောက် တတ်၏။ စစ်တိုက် ခြင်းငှါ အသင့် နေသောရှင်ဘုရင် ကဲ့သို့ သူ့ ကို နိုင် တတ်၏။

25အကြောင်း မူကား၊ ထိုသူသည် ဘုရား သခင်၏ အာဏာ တော်ကို ဆန် လျက်၊ အနန္တ တန်ခိုးရှင်တစ်ဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့ စေ၏။

26လည်ပင်း ကို ဆန့်လျက်၊ ထူ သောဒိုင်း ပုနှင့် ဆီးကာလျက်၊ ဘုရား သခင်ကို တိုက်အံ့သောငှါပြေး ၏။

27မိမိ မျက်နှာ ကို ဆူဖြိုး ခြင်းနှင့် ဖုံးအုပ် ၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။

28သို့သော်လည်း လူဆိတ်ညံ သောမြို့ ၊ အဘယ်သူမျှမ နေ။ လဲလုသော အိမ်တို့၌ သူသည်နေ ရ၏။

29ငွေ မ ရတတ်ရ၊ သူ ၏စည်းစိမ် မ တည် ရ။ သူ ၏ ဥစ္စာ ပစ္စည်းသည် မြေကြီး ပေါ် မှာ မ ပြန့်ပွါး ရ။

30သူသည် မှောင်မိုက် ဘေးနှင့် မ လွတ် ရ။ မီးလျှံ သည်သူ ၏အခက် အလက်တို့ကို လောင်လိမ့်မည်။ ဘုရား သခင်၏ နှုတ် တော်အသက် အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။

31အဘယ်သူမျှလှည့်စား ခြင်းကိုခံ၍ အနတ္တ ကို မ ခိုလှုံ စေနှင့်။ သို့မဟုတ်အနတ္တ အကျိုးကိုခံရ လိမ့်မည်။

32အချိန် မ စေ့မှီဆုံး ခြင်းသို့ ရောက်လိမ့်မည်။ သူ ၏ အခက် အလက်သည် မ စိမ်း ရာ။

33စပျစ် နွယ်ပင်ကဲ့သို့ မိမိ ၌ မ မှည့်သော အသီးကို၎င်း၊ သံလွင် ပင်ကဲ့သို့ မိမိ အပွင့် ကို၎င်းချွေ ရလိမ့်မည်။

34အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။

35ထိုသူတို့သည်မကောင်း သောအကြံကို ပဋိသန္ဓေ ယူ၍ အနတ္တ ကိုဘွား တတ်ကြ၏။ သူ တို့ဝမ်း ထဲ၌မုသာ ကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။

← Job 14Read In The App, Free →Job 16 →

Study Job 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142