The Bible Software
Job · မြန်မာကျမ်းစာ

Job 17

1ငါ့ အသက် ကုန်ပြီ။ ငါ နေရသော ကာလ လွန်ပြီ။ သင်္ချိုင်း သည် ငါ့ အဘို့ ဖြစ်၏။

2ကဲ့ရဲ့ တတ်သောသူတို့ သည် ငါ့ ရှေ့ မှာရှိကြသည်မ ဟုတ်လော။ သူ တို့နှောင့်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါ ကြည့်မြင်ရသည်မဟုတ်လော။

3အပေါင် ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူ သည် ငါနှင့်ဂတိသစ္စာထားမည်နည်း။

4ကိုယ်တော်သည် သူ တို့ဉာဏ် ကိုကွယ် စေတော်မူသည်ဖြစ်၍ ၊ သူတို့ကို ချီးမြှောက် တော်မ မူရ။

5အကြင်သူသည် ဥစ္စာ ကိုလုယူအံ့သောငှါအဆွေ ခင်ပွန်းကို အပ်၏၊ ထိုသူ ၏သား တို့သည် မြော်လင့်၍ စိတ်ပျက် ရကြလိမ့်မည်။

6ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရွံ့ကြ၏။

7ဝမ်းနည်း ခြင်းအားကြီးသောကြောင့်ငါ့ မျက်စိ မှုန် ၏။ ကိုယ် အင်္ဂါများတို့သည် အရိပ် ကဲ့သို့ ဖြစ်ကြ၏။

8ဖြောင့်မတ် သောသူတို့ သည် ဤ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ အပြစ် ကင်းလွတ်သောသူတို့ သည် အဓမ္မ လူများတစ်ဘက် က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။

9ဖြောင့်မတ် သောသူတို့ သည်လည်း တည်ကြည်ခြင်း၊ လက် စင်ကြယ် သောသူတို့သည် ခွန်အား တိုးပွါးခြင်း ရှိကြလိမ့်မည်။

10သင်တို့မူကား တယောက် မျှမကြွင်း၊ ပြန် သွားကြပါ တော့။ သင် တို့တွင် ပညာရှိ တစုံတယောက်ကိုမျှ ငါ မ တွေ့ နိုင်။

11ငါ့ နေ့ ရက်လွန် ပြီ။ ငါနှလုံး သွင်းမိသော အကြံအစည် တို့သည် ပျက်စီး ခြင်းသို့ ရောက်ကြပြီ။

12ညဉ့် သည် ငါ၌ နေ့ ကဲ့သို့ဖြစ်၍၊ ငါ့အလင်း သည် မှောင်မိုက် နှင့် နီးစပ် ၏။

13သင်္ချိုင်း သည် ငါ့ နေရာ ဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့ အိပ်ရာ သည် မှောင်မိုက် ၌ ခင်း လျက်ရှိ၏။

14ပုပ်စပ် ခြင်းအား ၊ သင် သည် ငါ့ အဘ ဖြစ်၏ဟူ၍၎င်း၊ တီကောင် အား သင်သည်ငါ့ အမိ ၊ ငါ့ နှမ ဖြစ် သည်ဟူ၍၎င်း ငါဆို ရ၏။

15သို့ဖြစ်၍ အဘယ်သို့ ငါ မြော်လင့် ရသနည်း။ ငါ မြော်လင့် စရာအကြောင်းကို အဘယ်သူ မြင် ရသနည်း။

16ထိုအကြောင်းသည် မရဏ နိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ မြေမှုန့် ၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။

← Job 16Read In The App, Free →Job 18 →

Study Job 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142