The Bible Software
Job · မြန်မာကျမ်းစာ

Job 24

1အနန္တ တန်ခိုးရှင်သည် အဘယ်ကြောင့် ကာလ အချိန်တို့ကို သိုထား တော်မ မူသနည်း။ နားလည် သောသူတို့ သည် တရားစီရင်တော်မူရာ နေ့ ရက်ကိုအဘယ်ကြောင့်မ မြင် ရသနည်း။

2အချို့သောသူတို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ ၍ ကိုယ်အဘို့ ထိန်းကျောင်း ကြ၏။

3မိဘ မရှိသောသူငယ်၏မြည်း ကို မောင်း သွား၍၊ မုတ်ဆိုးမ ၏နွား ကိုအပေါင် ယူကြ၏။

4ငတ်မွတ် သောသူတို့ ကို လမ်းလွဲ စေကြ၏။ ဆင်းရဲ သောပြည် သားတို့သည် စုဝေး ၍ ပုန်းရှောင် လျက် နေရကြ၏။

5သူတို့သည်အလုပ် လုပ်ခြင်းငှါတော ၌ ရိုင်းသော မြည်း ကဲ့သို့ထွက် ရကြ၏။ စားစရာ ကို ရှာ ခြင်းငှါနံနက်စောစောသွား၍၊ ကိုယ် အဘို့ နှင့် သားသမီး တို့အဘို့ ကို တော ၌တွေ့ ရကြ၏။

6လယ်ပြင် ၌ ကား၊ ညှဉ်းဆဲ သောသူ၏ စပါး ကိုရိတ် ၍ ၊ သူ၏စပျစ်သီး ကို သိမ်း ရကြ၏။

7ချမ်း သောကာလ၌ ကိုယ်ကိုဖုံးလွှမ်း စရာ အဝတ်မ ရှိ။ အချည်းစည်း အိပ် ရကြ၏။

8တည်းခို စရာတဲမရှိ သောကြောင့်၊ တောင် ပေါ်၌ မိုဃ်းရေ စိုစွတ် လျက် ကျောက် ကြားမှာ ခို ရကြ၏။

9အဘ မရှိသောသူငယ်သည် အမိနို့ နှင့် ကွာ ရ၏။ ဆင်းရဲ သားသည် မိမိဥစ္စာကို ပေါင် ထားရ၏။

10အဝတ် မရှိအချည်းစည်း လှည့်လည် ၍ မွတ်သိပ် လျက်၊ သူတပါး ကောက်လှိုင်း ကို ထမ်း ရ၏။

11သူတပါး အိမ် မှာ ဆီ ကိုကြိတ်လျက်၊ စပျစ်သီး ကို နင်းနယ် လျက် အငတ် ခံရ၏။

12လူ တို့သည်မြို့ ထဲ မှာ ညည်းတွား ကြ၏။ နာ သောသူတို့သည် အော်ဟစ် ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရား သခင်သည် ပမာဏ ပြုတော်မ မူ။

13အချို့သောသူတို့သည် အလင်း ကို ဆန့်ကျင် ဘက်ပြု၍ အလင်း သဘော ကိုမ သိ။ လင်းသောလမ်း သို့ မ လိုက် တတ်ကြ။

14လူသတ် သည် စောစော ထ ၍ ဆင်းရဲ ငတ်မွတ် သောသူတို့ ကိုသတ် တတ်၏။ ညဉ့် အခါ သူခိုး လုပ် တတ် ၏။

15သူ့မယားကို ခိုး သောသူသည် ညဦးယံ အချိန်ကို မြော်လင့် ၍၊ မိမိမျက်နှာ ကိုဖုံး လျက် အဘယ်သူမျှမ မြင် ရ ဟု ဆို တတ်၏။

16လူဆိုးတို့သည် ညဉ့် အချိန်၌ သူတပါး၏အိမ် ကို ဖောက်ထွင်း တတ်ကြ၏။ နေ့ အချိန်၌ ပုန်း လျက်နေ၍ အလင်း ကိုရှောင်တတ်ကြ၏။

17နံနက်ယံ ကို သေမင်း အရိပ်ကဲ့သို့ထင်မှတ်၍၊ သေမင်း အရိပ်ကြောက်မက် ဘွယ်သောဘေးတို့ကို သိ ရကြ၏။

18ရေ ပေါ် မှာပေါ့ပါး ကြ၏။ မြေ ပေါ် မှာ ကျိန်ဆဲ သောအဘို့ ကို ခံရ၍၊ စပျစ် ဥယျာဉ်အနီးသို့ မ ချဉ်း ရကြ။

19မိုဃ်း ရေသည် ခန်းခြောက် ခြင်းအားဖြင့်၎င်း၊ နေပူ အရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက် တတ်သကဲ့သို့၊ မတရား သောသူသည် သေမင်း နိုင်ငံ၌ ကွယ်ပျောက်တတ် ၏။

20သူ၏အမိ သည် သူ့ ကိုမေ့လျော့ ၍၊ တီကောင် တို့သည် မြိန် စွာ စားလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ အောက်မေ့ ရ။ မတရား သောသူသည်သစ်ပင် ကဲ့သို့ ကျိုး ရလိမ့်မည်။

21မတရားသောသူသည် သားမ ဘွား သောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမ ကိုလည်း ကျေးဇူး မ ပြုတတ်။

22အားကြီး သောသူကိုပင် မိမိ တန်ခိုး ကြောင့် ပယ်ရှင်း တတ်၏။ ထ သောအခါလူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။

23သို့ရာတွင်ရဲရင့် စွာ ခိုလှုံ ရာအခွင့်ကို သူ့ အား ပေး ၍၊ ထိုသို့သောသူ တို့ ၏ အမှု များကို ပမာဏပြုတော်မူ ၏။

24ခဏ ချီးမြှောက် ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ အခြားသော သူကဲ့သို့ အသက်ချုပ် ခြင်းကို၎င်း ၊ စပါးနှံ အဖျား ကဲ့သို့ ရိတ်ဖြတ် ခြင်းကို၎င်းခံရကြ၏။

25သို့မ ဟုတ်လျှင် ၊ ငါ ၏မုသာ အပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ ၏စကား ကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

← Job 23Read In The App, Free →Job 25 →

Study Job 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142