The Bible Software
Job · မြန်မာကျမ်းစာ

Job 38

1ထိုအခါ ထာဝရဘုရား သည် ယောဘ စကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်း ထဲက မိန့် တော်မူသည် ကား ၊

2ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။

3လူ ယောက်ျားကဲ့သို့ သင့် ခါး ကို စီး လော့။ ငါမေးမြန်း သော ပြဿနာတို့ကို ဖြေ လော့။

4မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။

5မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင် သနည်း။ နားလည် လျှင်ပြောလော့။ မျဉ်း ကြိုးကို အဘယ်သူ တန်း၍ချ သနည်း။

6မြေကြီးတိုက်မြစ် ကို အဘယ် အရပ်၌ စွဲ စေ သနည်း။

7နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။

8သမုဒ္ဒရာ သည်အမိဝမ်း ထဲက ဘွား၍ ထွက် လာ သောအခါ ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ် ထား သနည်း။

9သမုဒ္ဒရာကို မိုဃ်းတိမ် နှင့် ငါခြုံ ၍ ထူထပ် သော မှောင်မိုက်နှင့် ထုပ် ရစ်သည်ကာလ၌ ၎င်း၊

10သင်သည်ဤ အရပ်တိုင်အောင် လာ ရ၏။

11တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။

12သင် သည်တသက်လုံး တွင် တခါမျှ နံနက် ကို မှာထား ဘူးသလော။ မိုဃ်းသောက် လင်းကို နေရာ ချဘူး သလော။

13နံနက်အလင်းသည် မြေကြီး စွန်း ကို ကိုင် လျက်၊ လူဆိုး တို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။

14မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။

15လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။

16သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲ သို့ ဝင် ဘူးသလော။ နက်နဲ သော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။

17သေ ခြင်းတံခါး တို့ကို သင့် အား ဖွင့် ဘူးသလော။ သေမင်း အရိပ်ထဲသို့ဝင်သော လမ်းဝ တို့ကို မြင် ဘူး သလော။

18မြေကြီး မျက်နှာတပြင်လုံး ကို ကြည့်ရှု ဘူး သလော။ အလုံးစုံ ကို သိမြင် လျှင် ဘော်ပြ လော့။

19အလင်း နေရာ သို့ အဘယ် မည်သော လမ်း ဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာ လည်း အဘယ်မှာ ရှိသနည်း။

20အကယ် စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင် နိုင်၏။ သူ တို့နေရာအိမ် သို့ ရောက်သောလမ်း တို့ကို သိ လိမ့်မည်။

21သင်သည်ရှေးကာလ၌ ဘွားမြင် ၍ အလွန် အသက် ကြီးသောကြောင့် သိ လိမ့်မည်။

22သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။

23ဘေး ရောက်ရာအချိန် ကာလနှင့် စစ် ပြိုင်၍ တိုက် ရာအချိန် ကာလဘို့ ၊ ငါသိုထား သော မိုဃ်းသီး ဘဏ္ဍာ များကို မြင် ဘူးသလော။

24အလင်း သည် အဘယ်သို့ သောလမ်း ဖြင့် နှံ့ပြား သနည်း။ အရှေ့ လေသည်မြေကြီး ပေါ် မှာ အဘယ်ကြောင့်လွင့် သနည်း။

25လူ မ ရှိသောမြေ နှင့် လူမ နေသောတော ၌ မိုဃ်းရွာ စေ ခြင်းငှါ၎င်း၊

26လွတ်လပ် သောလွင်ပြင် ကို ရေနှင့်ဝ စေ၍ ၊ နုသောမြက်ပင် အညှောက် ကို ထွက် စေ ခြင်းငှါ၎င်း၊

27လျှံ သောမိုဃ်းရေစီး ရာလမ်း၊ မိုဃ်းကြိုး နှင့် ဆိုင်သော လျှပ်စစ် ပြက်ရာလမ်း ကို အဘယ်သူ ဖွင့် သနည်း။

28မိုဃ်းရေ ၏အဘ ကား အဘယ်သူနည်း။ နှင်း ပေါက် တို့ကို အဘယ်သူ ဖြစ်ဘွားစေသနည်း။

29ရေခဲ သည်အဘယ်သူ ၏ ဝမ်း ထဲက ထွက် လာ သနည်း။ မိုဃ်း ကောင်းကင်နှင်းခဲ ကို အဘယ်သူ သည် ပဋိသန္ဓေ ပေးသနည်း။

30ရေ သည် ကျောက်ခဲ ကဲ့သို့ ဖြစ်၍ပင်လယ် မျက်နှာ တင်းမာ လျက် ရှိ၏။

31သင်သည် ခိမ ကြယ်စု၏သာယာ စွာ ပြုပြင်ခြင်း ကို ချုပ်တည်း နိုင်သလော။ ကသိလ ကြယ်၏ ချည်နှောင် ခြင်းကို ဖြည် နိုင်သလော။

32မာဇရုတ် ကြယ်တို့ကို အချိန် ရောက်လျှင် ထုတ်ဘော် နိုင်သလော။ အာရှ ကြယ်နှင့်သူ ၏သား တို့ကို ပဲ့ပြင် နိုင်သလော။

33မိုဃ်း ကောင်းကင်တရား တို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီး ကို အုပ်စိုး မည် အကြောင်းအခွင့်ပေး နိုင်သလော။

34များစွာ သော မိုဃ်းရေ သည် သင့် ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ် တို့ကို အသံ လွှင့် နိုင်သလော။

35လျှပ်စစ် တို့ကို လွှတ် နိုင်သလော။ သူတို့က ကျွန်တော် တို့ရှိ ပါ၏ဟု သင့် ကို လျှောက် လျက် သွား ကြ လိမ့်မည်လော။

36ကိုယ် ခန္ဓါထဲ သို့ ပညာ ကို အဘယ်သူ သွင်း သနည်း။ နားလည်နိုင်သောဉာဏ် ကို အဘယ်သူ ပေး သနည်း။ ပညာ ရှိ၍ မိုဃ်းတိမ် တို့ကို အဘယ်သူ ရေတွက် နိုင်သနည်း။

37-

38မြေမှုန့် သည် လုံးထွေး ၍ မြေစိုင် တို့သည် ကပ် လျက်နေသောအခါ ၊ မိုဃ်း ကောင်းကင်၏ရေဘူး တို့ကို အဘယ်သူ သွန်းချ သနည်း။

39သင်သည်ခြင်္သေ့မ အဘို့ စားစရာ အကောင်ကို လိုက်ရှာ နိုင်သလော။

40ခြင်္သေ့ ပျိုတို့သည် ခိုလှုံ ရာ၌ ဝပ် ၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝ စွာကျွေးနိုင်သလော။

41ကျီးအ သငယ် တို့သည် စားစရာ မ ရှိသောကြောင့် လှည့်လည် ၍ ဘုရား သခင်ကို အော်ဟစ် သောအခါ ၊ စားစရာ ကိုအဘယ်သူ ပေး သနည်း။

← Job 37Read In The App, Free →Job 39 →

Study Job 38

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142