The Bible Software
Job · မြန်မာကျမ်းစာ

Job 20

1တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊

2ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။

3ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။

4ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊

5ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။

6သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊

7မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။

8သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။

9သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။

10သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။

11သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။

12သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊

13နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊

14စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။

15သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။

16သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။

17အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။

18မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။

19ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊

20လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။

21သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။

22ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။

23သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။

24သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။

25မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။

26ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။

27မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။

28သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။

29ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။

← Job 19Read In The App, Free →Job 21 →

Study Job 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142