The Bible Software
Job · မြန်မာကျမ်းစာ

Job 26

1ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊

2သင်သည်အားနည်း သောသူကို အဘယ်သို့ မစ သနည်း။ လက် ကျ သောသူကို အဘယ်သို့ထောက်ပင့် သနည်း။

3မိုက် သောသူကို အဘယ်သို့ အကြံ ပေးသနည်း။ ထူးဆန်း သော ပညာ ကို အဘယ်သို့ပြ သနည်း။

4ဤစကား ကို အဘယ်သူ အားမြွက်ဆို သနည်း။ အဘယ်သူ ၏ ဝိညာဉ် အားဖြင့်ဟောပြောသနည်း။

5အောက် အရပ်၌ သင်္ချိုင်း သားတို့နှင့်တကွရေ များနှင့် ရေ၌ နေ သောသူများတို့သည် တုန်လှုပ် ကြ၏။

6မရဏ နိုင်ငံသည် ရှေ့ တော်၌ လှန် လျက်ရှိ၏။ အဗဒ္ဒုန် နိုင်ငံကို ဖုံးအုပ် ခြင်းမ ရှိရာ။

7မိုဃ်းကောင်းကင်ကို လွတ်လပ် လဟာ၌ ကြက် တော်မူ၏။ မြေကြီး ကိုအခုအခံမ ရှိ ဆွဲထား တော်မူ၏။

8ထူထပ်သော မိုဃ်းတိမ် တော်နှင့် ရေ ကို ထုပ် တော်မူ၍၊ မိုဃ်းတိမ် သည် မ စုတ် မပြတ်နေ၏။

9မိုဃ်းတိမ် တော်ကို ဖြန့် ၍ ပလ္လင် တော်မျက်နှာ ကို ဖုံးအုပ် တော်မူ၏။

10အလင်း နှင့် အမိုက် ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။

11ဆုံးမ တော်မူခြင်းကြောင့် ၊ မိုဃ်း ကောင်းကင်တိုင် တို့သည် တုန်လှုပ် ၍ မိန်းမော တွေဝေလျက်နေကြ၏။

12တန်ခိုး တော်အားဖြင့် သမုဒ္ဒရာ ကို ဆုံးမ တော်မူ ၏။ ပညာ တော်အားဖြင့် သူ၏ မာန ကို ချိုးဖျက် တော်မူ ၏။

13ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။

14ဤ ရွှေ့ကား၊ အမှု တော်အရိပ်အမြွက်သာဖြစ်၏။ စကား တော် အသံအနည်းငယ် ကိုသာ နားကြား ရ၏။ တန်ခိုး တော်မိုဃ်းကြိုး သံကို အဘယ်သူ နားလည် နိုင် သနည်းဟု မြွက်ဆို ၏။

← Job 25Read In The App, Free →Job 27 →

Study Job 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142