The Bible Software
Job · မြန်မာကျမ်းစာ

Job 36

1တဖန် ဧလိဟု ဆက် ၍မြွက်ဆို သည်ကား၊

2ငါ့ ကိုသည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြ ဦးမည်။ ဘုရား သခင့်အဘို့ ပြော စရာရှိသေး၏။

3ငါသည်ဝေး သော အရပ်က ကိုယ် ပညာ ကို ဆောင် ခဲ့မည်။ ငါ့ ကို ဖန်ဆင်း တော်မူသောဘုရားသခင် သည်ဖြောင့်မတ် တော်မူကြောင်းကို ငါပြ မည်။

4အကယ် စင်စစ်မ မှန်သောစကား ကို ငါမ ပြော။ ပညာ အတတ် စုံလင် သောသူသည် သင် ၌ ရှိ၏။

5ဘုရား သခင်သည် တန်ခိုး ကြီးတော်မူ၏။ သို့သော်လည်း မထီမဲ့မြင် ပြုတော်မ မူတတ်။ အစွမ်း သတ္တိ၊ ဉာဏ် သတ္တိနှင့်ပြည့်စုံတော်မူ၏။

6မ တရားသောသူတို့၏ အသက် ကို စောင့်တော်မ မူ။ ဆင်းရဲ ခံရသောသူတို့ဘက်၌ တရား စီရင်တော်မူ၏။

7ဖြောင့်မတ် သောသူတို့ကို ပမာဏ မပြုဘဲ နေ တော်မ မူ။ ရှင်ဘုရင် နှင့်အတူ ရာဇ ပလ္လင်ပေါ် မှာ ထာဝရ နေရာ ချ၍ ချီးမြှောက် တော်မူ၏။

8သူတို့သည်အကျဉ်း နေ၍ ဒုက္ခ ကြိုး နှင့် ချည်နှောင် ခြင်းကိုခံရလျှင်၊

9သူ တို့ပြုမိသောအမှု နှင့် ပြစ်မှားလွန်ကျူးမိသော အပြစ် များတို့ကို ပြ တော်မူ၏။

10ဆုံးမ သောစကားကို နားထောင်ချင်သော သဘောကိုသွင်းပေး၍၊ ဒုစရိုက် ကိုစွန့် စေမည်အကြောင်း ပညတ် တော်မူ၏။

11စကားတော်ကိုနားထောင် ၍ အမှုတော်ကိုဆောင်ရွက် လျှင် ၊ စည်းစိမ် ချမ်းသာနှင့် ပျော်မွေ့ လျက်၊ နှစ် လနေ့ ရက်ကာလကို လွန် စေတတ်ကြ၏။

12နား မ ထောင်လျှင် ထား ဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မ ရှိဘဲ သေ တတ်ကြ၏။

13အဓမ္မ သဘော ရှိသောသူတို့သည် အမျက် တော်ကို သိုထား တတ်ကြ၏။ ချည်နှောင် တော်မူသောအခါ မ အော်ဟစ် တတ်ကြ။

14အသက် ငယ် စဉ် ကပင်သေ ၍ ၊ ဆိုးညစ် သောသူတို့ နှင့်အတူ ဆုံးတတ်ကြ၏။

15အမှု ရောက်သောဆင်းရဲသား တို့ကို ကယ်တင် တော်မူ၏။ ညှဉ်းဆဲ ခြင်းကိုခံရသောအခါ ၊ နားထောင် စေ ခြင်းငှါပြုတော်မူ၏။

16ထိုသို့သင့် ကိုလည်း ကျဉ်းမြောင်း သောအရပ် မှ ကျယ်ဝန်း ရှင်းလင်း သောအရပ်သို့ပြောင်း စေ၍၊ သင် ၏ စားပွဲ ပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံ သော ခဲဘွယ် စားဘွယ်ကို တင် ထားတော်မူလိမ့်မည်။

17သို့မဟုတ်မ တရားသော သူကဲ့သို့အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။

18အမျက် တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ်တော်မူမည်ဟု စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေးသော်လည်းကိုယ်ကို မရွေးမနှုတ်နိုင်။

19သင် ၏ဥစ္စာ ကို ပမာဏ ပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာသော စည်းစိမ်ကို၎င်းပေးချင်သော်လည်း၊ ပမာဏပြုတော်မမူ။

20ညဉ့် ကိုမ တောင့်တ နှင့်။ ညဉ့်အခါလူ တို့သည် ပယ်ရှင်း ခြင်းကိုခံရတတ်ကြ၏။

21သတိပြု ပါ။ မ တရားသောအမှုကို မ ငဲ့ကွက် နှင့်။ ထိုသို့ သော အမှုကို ဆင်းရဲ ခြင်းထက် သင်သည် အလို ရှိ လေပြီတကား။

22ဘုရား သခင်သည် တန်ခိုး တော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ် နိုင်သနည်း။

23ကြွတော်မူရသောလမ်း ကို အဘယ်သူ စီရင် သနည်း။ ကိုယ်တော်သည် မ တရားသောအမှုကို ပြု မိပြီဟု အဘယ်သူ ဆို ရာသနည်း။

24လူ တို့သည် ချီးမွမ်း အပ်သော အမှု တော်ကို ချီးမြှောက် ခြင်းငှါ သတိပြု လော့။

25လူ ခပ်သိမ်း တို့သည် အမှုတော်ကို မြင် ကြ၏။ အဝေး က ကြည့်ရှု တတ်ကြ၏။

26ဘုရား သခင်သည် ကြီးမြတ် တော်မူ၏။ ငါတို့ သည် ဘုရားသခင်ကို မ သိ နိုင်။ အသက် တော်နှစ်ပေါင်း ကို စစ် ၍မ ကုန်နိုင်ကြ။

27ရေကိုသုန်ဖျင်းစေ၍၊ အထက်သို့ဆွဲယူတော်မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း မိုဃ်းရွာတတ်၏။

28မိုဃ်းတိမ် မှ လူ တို့အပေါ် သို့ မိုဃ်း ပေါက်ကျ၍၊ များစွာ သော မိုဃ်း ရွာတတ်၏။

29မိုဃ်းတိမ် တော်နှံ့ပြား ခြင်း၊ တဲ တော်အသံ မြည် ခြင်းကို အဘယ်သူနားလည် သနည်း။

30တဲတော်အပေါ် မှာ အလင်း တော်ကို ဖြန့် တော်မူ၏။ သမုဒ္ဒရာ ၌ အနက်ဆုံး သောအရပ်ကိုလည်း ဖုံးလွှမ်း တော်မူ၏။

31ထိုသို့သောအားဖြင့် လူမျိုး တို့ကို တရား စီရင်တော်မူ၏။ များစွာ သော အစာ အာဟာရကိုလည်း ပေး တော်မူ၏။

32အလင်း ကိုလက် တော်နှင့် ကွယ်ကာ ၍ ၊ တဖန် ရန်သူရှိရာသို့ လွှတ် တော်မူ၏။

33ထိုသူမှစသောတိရစ္ဆာန် များနှင့် အပင်များကို အလိုတော်မရှိကြောင်း ထင်ရှား၏။

← Job 35Read In The App, Free →Job 37 →

Study Job 36

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142