The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 10

1ဆီ ဘူး ကိုယူ ၍ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ၊ ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။

2ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ၊ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။

3ထို အရပ်မှ လွန် ၍ တာဗော် လွင်ပြင် သို့ ရောက် လျှင် ၊ ဆိတ် သငယ်သုံး ကောင်ကို ဆောင် သောသူ တယောက် ၊ မုန့် သုံး လုံး ကို ဆောင် သော သူတယောက် ၊ စပျစ်ရည် ဘူး ကိုဆောင် သောသူ တယောက် တည်းဟူသောဗေသလ မြို့ ဘုရား သခင့်ထံ တော်သို့ သွား သောသူသုံး ယောက်တို့နှင့် သင်သည် တွေ့ကြုံ လိမ့်မည်။

4ထိုသူတို့သည် နှုတ်ဆက် ပြီးလျှင် မုန့် နှစ် လုံးကိုပေး ၍ ၊ သင်သည် သူ တို့လက် မှ ခံယူ ရလိမ့်မည်။

5ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။

6ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင့် အပေါ် မှာ သက်ရောက် သဖြင့် ၊ သင်သည် သူ တို့နှင့်အတူ ပရောဖက် ပြု၍ ခြားနား သောသူဖြစ် လိမ့်မည်။

7ဤ နိမိတ် လက္ခဏာတို့သည် သင် ၌ ဖြစ် သောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု လော့။ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူ၏။

8သင်သည်လည်း ငါ့ ရှေ့ မှာ ဂိလဂါလ မြို့သို့ သွား ရမည်။ ငါ သည်လည်း မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ် တို့ကို ပူဇော် ခြင်းငှါ သင် ရှိရာသို့ လာ မည်။ ငါ လာ ၍ သင်ပြု ရသော အမှုကို မပြ မှီတိုင်အောင် သင်သည် ငံ့ နေရမည်ဟု ဆို၏။

9ရှောလုသည် ရှမွေလ ထံမှ ထွက်သွား မည်ဟု လှည့် သောအခါ ၊ ခြားနား သော စိတ် နှလုံးကို ဘုရား သခင်ပေး တော်မူ၍ ၊ ထို နိမိတ် လက္ခဏာ အလုံးစုံ တို့သည် ထို နေ့ခြင်းတွင် ဖြစ်လေ၏။

10တောင် တော်သို့ရောက် သောအခါ ၊ ပရောဖက် အပေါင်း အသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင်၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလုအပေါ် သို့ သက်ရောက် တော်မူသဖြင့် ၊ သူ တို့နှင့်အတူ ပရောဖက် ပြုလေ၏။

11ရှောလုသည် ပရောဖက် တို့နှင့်အတူ ပရောဖက် ပြုသည်ကို အထက် က သိကျွမ်း သောသူတို့သည် မြင် သောအခါ ၊ ကိရှ ၏သား ၌ အဘယ်သို့ ဖြစ် သနည်း။ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟု တယောက် ကိုတယောက်မေးမြန်း ကြ၏။

12ထို အရပ်သား တယောက်က၊ သူ တို့အဘ ကား အဘယ်သူ နည်းဟုဆို ၍၊ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟူသောစကားသည် ပုံ စကားဖြစ် လေ၏။

13ရှောလုသည် ပရောဖက်ပြုပြီးမှမြင့်သောအရပ်သို့ သွား၏။

14ရှောလု ၏ ဘထွေး က၊ သင်တို့သည် အဘယ် အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သား ကို မေး လျှင် ၊ ရှောလုက၊ မြည်း တို့ကို ရှာ ရအောင် သွား၏။ မ တွေ့သောအခါ ရှမွေလ ထံသို့ ရောက် သည်ဟု ပြန်ပြော ၏။

15ဘထွေး ကလည်း ၊ ရှမွေလ သည် အဘယ်သို့ ပြော သနည်း။ ငါ့ အား ပြန်ပြော ပါဟု တောင်းပန် သော်၊

16မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ၍ ၊ ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား မ ကြားမပြော ဘဲနေ၏။

17တဖန် ရှမွေလ သည် လူ များတို့ကို မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ခေါ်၍ စည်းဝေး စေပြီးလျှင်၊

18ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင် တို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့၍ ၊ အဲဂုတ္တုမင်းအစရှိသော သင် တို့ကို ညှဉ်းဆဲ သော မင်း အပေါင်း တို့ လက် မှ ကယ်နှုတ် သော်လည်း၊

19သင် တို့ကို ဒုက္ခ ဆင်းရဲဘေး ဥပဒ်ရှိသမျှ တို့အထဲ က ကယ်တင် သော သင် တို့၏ ဘုရား သခင်ကို ယနေ့ သင် တို့သည် ပယ် ကြပြီ။ အကျွန်ုပ် တို့အပေါ် မှာ ရှင်ဘုရင် ရှိစေခြင်းငှါချီးမြှောက် တော်မူပါဟု လျှောက် ကြပြီ။ သို့ဖြစ်၍ အမျိုး အသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရား ရှေ့ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား တို့အား ဆို သဖြင့်၊

20အမျိုးအနွယ် အပေါင်း တို့ကို ချဉ်းကပ် စေပြီးမှ ၊ ဗင်္ယာမိန် အမျိုး ကို မှတ် တော်မူ၏။

21ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချဉ်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်းမှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။

22ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။

23သူတို့သည် ပြေး ၍ ခေါ် ခဲ့ကြ၏။ ရှောလုသည် လူ များတို့တွင် ရပ် သောအခါ ၊ ပခုံး အထက် မှာ အခြား သောသူထက် အရပ်သာ၍မြင့် ၏။

24ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။

25ရှမွေလ သည်လည်း မင်း ကျင့်တရားကို လူ များတို့အား ဟောပြော ၍ စာ ၌ ရေးမှတ် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ပြီးမှ ၊ လူ အပေါင်း တို့ကို အသီးအသီး မိမိ တို့အိမ် သို့ လွှတ် လိုက်လေ၏။

26ရှောလု သည်လည်း ဂိဗာ မြို့ မိမိ အိမ် သို့ သွား ၍ ၊ ဘုရား သခင်သွေးဆောင်တော်မူသော လူ အပေါင်းအသင်းသည် သူ နှင့်အတူ လိုက်သွား ကြ၏။

27အဓမ္မ လူတို့က၊ ဤ သူသည် ငါ တို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်းဟု ဆို လျက် ၊ လက်ဆောင် ကို မ ဆက် ဘဲ မထီမဲ့မြင် ပြုသော်လည်း ၊ ရှောလုသည် အမှု မထားဘဲနေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 9Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 11 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031