The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 6

1ထာဝရဘုရား ၏ သေတ္တာ တော်သည် ဖိလိတ္တိ ပြည် ၌ ခုနှစ် လ နေ ပြီးမှ၊

2ဖိလိတ္တိ လူတို့သည် ယဇ် ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်း။ သူ နေရင်းအရပ် သို့ အဘယ်သို့ သောပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။

3သူတို့ကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို လွှတ် လိုက်လျှင် ကိုယ် ချည်း မ လွှတ် လိုက်ကြနှင့်။ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက်ပေး လိုက်ရမည်။ သို့ပြုလျှင် ရောဂါ ငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက် တော်မ ရွေ့ သေးသည်ကို သိ ကြလိမ့်မည်ဟု ဆို ကြ၏။

4အဘယ် အရာကို ဒုစရိုက် ဖြေရာ ပူဇော်သက္ကာဘို့ ပြန် ပေးလိုက်ရပါမည်နည်းဟုမေး လျှင် ၊ ဖိလိတ္တိ မင်း အရေအတွက် အတိုင်း ရွှေ မြင်းသရိုက် ပုံငါး ခုနှင့် ရွှေ ကြွက် ငါး ကောင်ကိုပေး လိုက်ရမည်။ သင်တို့နှင့် သင် တို့မင်း များ၌ ရောဂါ တပါးတည်း စွဲလျက်ရှိ၏။

5ထိုကြောင့် မြင်းသရိုက် ပုံ ၊ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် ၊ သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။

6သို့ဖြစ်၍ ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့သည် ခိုင်မာ သော စိတ် နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာ သော စိတ် နှလုံးရှိကြသနည်း။ သူ တို့တွင် အထူးသဖြင့်ပြု တော်မူသောအခါ ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွား ကြ၏။

7ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး မ တင် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။

8ထာဝရဘုရား ၏ သေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ၍ ပြန် ပေးလိုက်သော ဒုစရိုက် ဖြေရာ ပူဇော်သက္ကာတည်းဟူသောရွှေ တန်ဆာ တို့ကို သေတ္တာတော်နား မှာ အခြားသောသေတ္တာ၌ ထား ပြီးလျှင် လွှတ် လိုက်၍ သွား ပါလေစေ။

9သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ၊ ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊

10လူ များတို့သည် ပြု သဖြင့် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့ နေရာ ၌ ချုပ် ထားကြ၏။

11ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွရွှေ ကြွက် များ၊ မြင်းသရိုက် ပုံ များပါသောသေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ကြ၏။

12နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။

13ဗက်ရှေမက် မြို့သားတို့သည် ချိုင့် ၌ ဂျုံ ၊ စပါးကိုရိတ် လျက် မြော် ကြည့်၍ သေတ္တာ တော်ကို မြင် သောအခါ ဝမ်းမြောက် ကြ၏။

14လှည်း သည် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ထဲသို့ ဝင် ၍ ကျောက် ကြီး အနားမှာ ရပ် နေ၏။ ထိုသူတို့သည် လှည်း ကို ချိုး ခွဲပြီးလျှင် နွားမ တို့ကို ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ကြ၏။

15ထိုအခါ လေဝိ သားတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်နှင့် ရွှေ တန်ဆာ ပါ သော သေတ္တာ ကိုချ ၍ ကျောက် ကြီး ပေါ် မှာ တင် ထားပြီးလျှင် ၊ ဗက်ရှေမက် မြို့သား တို့သည် ထို နေ့ခြင်းတွင် မီးရှို့ ရာယဇ်မှစ၍ယဇ် မျိုးကို ထာဝရဘုရား အား ပူဇော် ကြ၏။

16ထိုအမှုကို ဖိလိတ္တိ မင်း ငါး ယောက်တို့သည် မြင် ပြီးမှ ၊ ထို နေ့ခြင်းတွင် ဧကြုန် မြို့သို့ ပြန် သွားကြ၏။

17ထာဝရဘုရား အား ပြန် ပေးသော ဒုစရိုက် ဖြေရာပူဇော်သက္ကာတည်းဟူသော ရွှေ မြင်းသရိုက် ပုံတို့ကား၊ အာဇုတ် မြို့ဘို့ တခု ၊ ဂါဇ မြို့ဘို့ တခု ၊ အာရှကေလုန် မြို့ဘို့ တခု ၊ ဂါသ မြို့ဘို့ တခု ၊ ဧကြုန် မြို့ဘို့ တခု ဖြစ်သတည်း။

18ရွှေ ကြွက် တို့ကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ကို တင် ထားသော ကျောက် ကြီး တိုင်အောင် ခိုင်ခံ့ သော မြို့ ဖြစ်စေ၊ တော ရွာဖြစ်စေ၊ ဖိလိတ္တိ မင်း ငါး ပါးဆိုင်သမျှ သောမြို့ ရွာအရေအတွက် အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့ တိုင်အောင် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ၌ ရှိ၏။

19ဗက်ရှေမက် မြို့သား တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ထဲသို့ ကြည့်ရှု မိသောကြောင့် ၊ လူ ခုနစ် ဆယ်နှင့်လူ ငါး သောင်းတို့သည် ဒဏ်ခတ် တော်မူခြင်းကိုခံရကြ၏။ ထိုသို့ ထာဝရဘုရား သည် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်ဒဏ်ပေး တော်မူသောကြောင့် ၊ လူ များတို့သည် ငိုကြွေး မြည်တမ်းကြ၏။

20ဗက်ရှေမက် မြို့သား တို့က၊ သန့်ရှင်း တော်မူသောဤ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ အဘယ်သူ ရပ် နေနိုင် သနည်း။ ငါ တို့အရပ်က၊ အဘယ်သူ ရှိရာသို့ ကြွ သွားတော်မူမည်နည်းဟု ဆို သဖြင့်၊

21ကိရယတ်ယာရိမ် မြို့သား တို့ထံသို့ လူကိုစေလွှတ် ၍ ဖိလိတ္တိ လူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ ကြပြီ။ သင် တို့လာ ၍ ဆောင် သွားကြပါတော့ဟု မှာ လိုက်ကြ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 5Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 7 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031