The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 5

1ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ၍ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။

2ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။

3အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ ၍ သူ ၏နေရာ ၌ တင် ထား ပြန်ကြ၏။

4တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။

5ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။

6အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။

7အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ၊ ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် မ ရှိ စေရဟု ဆို လျက်၊

8လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။

9ထိုမြို့သို့ ဆောင် သွားသောနောက် ၊ ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ၌ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ၊ ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။

10တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ ၊ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်၊

11လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။

12သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ၊ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 4Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 6 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031