The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 30

1သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ ၊ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ၊ ဇိကလတ် မြို့ကို လုပ်ကြံ ၍ မီး ရှို့ နှင့်ကြပြီ။

2မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ၊ ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။

3သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ ၊ မြို့ကို မီး ရှို့ ၍ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်၊

4ငိုသံ ကို လွှင့် ၍ အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။

5ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။

6ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊

7သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် ၊ အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။

8ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် ၊ လိုက် လော့။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း၊

9ဒါဝိဒ် နှင့် သူ ၌ ပါသော လူ ခြောက် ရာ တို့သည် သွား ၍ ဗေသော် ချောင်း သို့ ရောက် သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။

10ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။

11လွင်ပြင် ၌ အဲဂုတ္တု လူ တယောက်ကို တွေ့ ၍ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် ၊ မုန့် ကိုပေး ၍ ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။

12သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး ၍ သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား မ သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။

13ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။

14ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ၍ ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။

15ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် ၊ သခင့် လက် သို့ မ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။

16လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။

17ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ၊ ကုလားအုပ် ကို စီး ၍ ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်။

18အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။

19လူအကြီး အငယ် ၊ သား သမီး ၊ ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် ၊ အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။

20ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ၍ ၊ ဤ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။

21မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် ၍ ၊ သူတို့သည် ဒါဝိဒ် နှင့် သူ့ ၌ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ၊ ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။

22ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ၊ ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွား ကြစေဟု ဆို ကြ၏။

23ဒါဝိဒ် ကလည်း ၊ ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ မ ပြု ရ။

24ဤ အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ၊ ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။

25ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။

26ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ ၊ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။

27ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊

28အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊

29ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊

30ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊

31ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။

← 2 ဓမ္မရာဇဝင်ပထမစောင် 29Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 31 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031