The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 27

1တဖန် ဒါဝိဒ် က၊ ငါသည် ရှောလု လက် ဖြင့် ဆုံးရှုံး ရသောအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ဖိလိတ္တိ ပြည် သို့ အလျင်အမြန်ပြေး ကောင်း၏။ သည်ထက်ကောင်း သော အရာမ ရှိ။ သို့ပြုလျှင် ရှောလု သည် ဣသရေလ ပြည်နယ် တွင် ငါ့ ကို ရှာ ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့ ၍ သူ့ လက် မှ ငါလွတ် လိမ့်မည်ဟု အကြံ ရှိသည်အတိုင်း၊

2မိမိ ၌ ပါသော လူ ခြောက် ရာ နှင့်တကွထ ၍ ဂါသ မင်း မောခ သား အာခိတ် ထံသို့ ကူးသွား ကြ၏။

3ဒါဝိဒ် နှင့် သူ ၏လူ များတို့သည် အသီးအသီးမိမိ သား မယားပါလျက် ဂါသ မြို့၊ အာခိတ် မင်းထံမှာ နေ ကြ၏။ ဒါဝိဒ် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ ပါသတည်း။

4ဒါဝိဒ် သည် ဂါသ မြို့သို့ ပြေး သွားကြောင်း ကို ရှောလု သည် ကြား ၍ နောက် တဖန်မ လိုက် မရှာဘဲ နေ၏။

5ဒါဝိဒ် သည် အာခိတ် မင်းထံသို့ ဝင်၍၊ ကျွန်တော်သည် ရှေ့ တော်၌မျက်နှာရ သည်မှန်လျှင် ကျွန်တော် နေစရာ တောရွာ တရွာ ကို သနား တော်မူပါ။ ကိုယ်တော် ကျွန် သည် မြို့ တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေ ရပါသနည်းဟု လျှောက် လေသော်၊

6ထို နေ့၌ အာခိတ် မင်းသည် ဇိကလတ် မြို့ကိုပေး ၏။ ထို့ကြောင့် ယနေ့ တိုင်အောင် ယုဒ ရှင် ဘုရင်တို့သည် ဇိကလတ် မြို့ကို ပိုင်ကြ၏။

7ဒါဝိဒ် သည် ဖိလိတ္တိ ပြည် ၌ နေ သော နေ့ရက် ပေါင်း ကား တနှစ်နှင့် လေး လ စေ့သတည်း။

8တရံရောအခါဒါဝိဒ် နှင့် သူ ၏လူ တို့သည် သွား ၍ ဂေရှုရိ လူ၊ ဂေရဇိ လူ၊ အာမလက် လူတို့ကို တိုက် ကြ၏။ ထိုလူမျိုးတို့သည် ရှေး ကာလ၌ ရှုရ မြို့လမ်းမှစ၍ အဲဂုတ္တု ပြည် တိုင်အောင် အမြဲနေ သောသူဖြစ်သတည်း။

9ထိုပြည် ကို ဒါဝိဒ် သည် လုပ်ကြံ ၍ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ သိုး ၊ နွား ၊ မြည်း ၊ ကုလားအုပ် ၊ အဝတ် တန်ဆာတို့ကို သိမ်းယူ ၍ အာခိတ် မင်းထံသို့ ပြန် သွားလေ၏။

10အာခိတ် မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့ သွား၍ တိုက် သနည်းဟုမေး သော် ၊ ဒါဝိဒ် က၊ ယုဒ ပြည်တောင် ဘက်၊ ယေရမေလ ပြည်တောင် ဘက်၊ ကေနိ ပြည်တောင် ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက် ၏။

11ထိုသို့ ဒါဝိဒ် ပြု ပြီဟု ဂါသ မြို့သို့ လာ၍ သိတင်းကြား ပြောမည့်သူမ ရှိစေခြင်းငှါ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ ဒါဝိဒ်သည် ဖိလိတ္တိ ပြည် ၌ နေ သော ကာလ ပတ်လုံး ထိုသို့ ပြုလေ့ရှိ၏။

12အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 26Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 28 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 27

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031