The Bible Software
2 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

2 ဓမ္မရာဇဝင်ပထမစောင် 20

1ဒါဝိဒ် သည် ရာမ မြို့၊ နာယုတ် ရွာမှ ပြေး ၍ ယောနသန် ထံသို့ ရောက် ပြီးလျှင် ၊ ကျွန်ုပ်သည် အဘယ်သို့ ပြု ဘိသနည်း။ အဘယ် အပြစ် ရှိသနည်း။ ခမည်းတော် သည် ကျွန်ုပ် အသက် ကို ရှာ မည်အကြောင်း ၊ ကျွန်ုပ် သည် အဘယ် ဒုစရိုက် ကို ပြုဘိသနည်းဟုမေးသော်၊

2ယောနသန်က၊ ဤအမှုဝေးပါစေသော။ သင်သည် မ သေ ရ။ ကျွန်ုပ် အဘ သည် ကျွန်ုပ် အား မ ပြော ဘဲ အမှု အကြီး အငယ် တစုံတခု ကိုမျှ မ ပြု တတ်။ ဤအမှုမှန်လျှင် ကျွန်ုပ် မသိစေခြင်းငှါအဘယ်ကြောင့် ဝှက်ထား မည်နည်း။ ဤ အမှု မ မှန်ဘူးဟု ပြန်ပြော ၏။

3ဒါဝိဒ် ကလည်း၊ ကျွန်ုပ်သည် သင်၏ မိတ်ဆွေဖြစ်ကြောင်းကို သင် ၏ အဘ သည် အမှန်သိ သဖြင့်၊ ယောနသန် စိတ် မသာ ရှိမည်စိုးရိမ်၍ သူသည် ဤ အမှုကို မ သိ စေနှင့်ဟု ပြောဆို ပါပြီ။ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သင့် အသက် လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ် နှင့် သေ ဘေးစပ်ကြား မှာ အသွား တလှမ်းသာ ရှိပါသည်ဟု အကျိန် နှင့် ဆို၏။

4ယောနသန် ကလည်း ၊ သင့် စိတ် နှလုံးအလိုရှိသည်အတိုင်း ကျွန်ုပ်ပြု ပါမည်ဟု ဒါဝိဒ် အား ဆို လျှင်၊

5ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား ၍ သုံး ရက်နေ့ ညဦး တိုင်အောင် တော ၌ ပုန်းရှောင် လျက် နေပါရစေ။

6သင် ၏ အဘ သည် ကျွန်ုပ် မ ရှိသည်ကို မှတ်မိ လျှင် ၊ ဒါဝိဒ် ၏ အဆွေ အမျိုးအပေါင်း တို့သည် နှစ် စဉ်ပွဲ ခံ ချိန်ရှိသောကြောင့် ၊ မိမိ နေရာ ဗက်လင် မြို့ သို့ သွား ရမည်အကြောင်း ၊ ကျပ်ကျပ်အခွင့်ပန် ပါ၏ဟု လျှောက် ပါ။

7အဘက ကောင်းပြီ ဟုဆို လျှင် ၊ ကိုယ်တော် ကျွန် သည် ချမ်းသာ ရပြီ။ သို့မဟုတ် အလွန်စိတ်ဆိုး လျှင် ၊ ဘေး ပြုမည် အကြံ ရှိသည်ကို သဘောကျပါ။

8ကိုယ်တော် ကျွန် ၌ ကျေးဇူး ပြု ပါ။ ထာဝရဘုရား ၏ ပဋိညာဉ် ကို ကိုယ်တော် ကျွန် နှင့် ဖွဲ့ပါပြီ။ သို့သော်လည်း ကျွန်ုပ် ၌ အပြစ် ရှိ လျှင် ကိုယ်တော် တိုင် သတ် ပါ။ အဘယ်ကြောင့် အဘ ထံသို့ ဆောင် သွားရပါမည်နည်းဟု ယောနသန် အား ဆို ၏။

9ယောနသန် က ထိုသို့သောအမှု ဝေး ပါစေသော။ ကျွန်ုပ် အဘ သည် သင် ၌ ဘေး ပြုမည်ဟု အကြံ ရှိသည်ကို ကျွန်ုပ်သည် အမှန်သိ လျှင် သင့် အား မ ပြော ဘဲနေလိမ့်မည်လောဟု ဆို ၏။

10ဒါဝိဒ် ကလည်း ၊ ခမည်းတော် သည် ကြမ်းတမ်း စွာ ပြန် ပြောလျှင် ၊ ကျွန်ုပ် အား အဘယ်သူ ကြား ပြောလိမ့်မည်နည်းဟု ယောနသန် အား မေး သော်၊

11ယောနသန် က၊ ငါတို့သည် တော သို့ သွား ကြကုန်အံ့ဟု ဒါဝိဒ် အား ဆို လျက် ၊ နှစ် ယောက်တို့သည် တော သို့ထွက်သွား ကြ၏။

12ယောနသန် ကလည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ကျွန်ုပ် အဘ ကို စုံစမ်း သောအခါ သူသည် ဒါဝိဒ် ၌ ကောင်း သော အကြံရှိ၍ သင့် ကို ကျွန်ုပ်မ ကြားလိုက်ဘဲ နေသော်၎င်း၊

13သို့မဟုတ်ကျွန်ုပ် အဘ သည် ဘေး ပြုခြင်းငှါ အလို ရှိ၍ သင်သည် ငြိမ်ဝပ် စွာ သွား ရမည်အကြောင်း၊ ကျွန်ုပ် သတိမပေး မလွှတ်လိုက်ဘဲ နေသော်၎င်း၊ ထာဝရဘုရားသည် ထိုမျှမက ယောနသန်ကို ပြုတော်မူစေသတည်း။ ထာဝရဘုရား သည် ကျွန်ုပ် အဘ နှင့်အတူ ရှိ ခဲ့ပြီးသကဲ့သို့ သင် နှင့်အတူ ရှိ ပါစေသော။

14သင်သည် ကျွန်ုပ် အသက် ရှင်စဉ် အခါ၌သာ အသက်ချမ်းသာစေခြင်းငှါ ထာဝရဘုရား အလိုတော်အတိုင်း ကျေးဇူး ပြု ရမည်မက၊

15ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ အပေါင်းတို့ကို မြေကြီး ပေါ် က ပယ်ရှင်း တော်မူသောနောက်မှာလည်း၊ ကျွန်ုပ် အမျိုးအနွယ် ၌ အစဉ်အမြဲ ကျေးဇူး ပြုရမည်ဟု ဒါဝိဒ်အားဆိုသဖြင့်၎င်း၊

16သစ္စာပျက်လျှင် ဒါဝိဒ် ၏ ရန်သူ တို့အားဖြင့် ထာဝရဘုရား အပြစ်ပေးတော်မူစေသတည်းဟု ဒါဝိဒ် ၏ အမျိုးအနွယ် နှင့် ပဋိညာဉ်ဖွဲ့ သဖြင့် ၎င်း၊

17ကိုယ် ဝိညာဉ် ကို ချစ် သကဲ့သို့ဒါဝိဒ်ကို ချစ် သောကြောင့် ၊ ချစ်သောစိတ်အားကြီး၍ ဒါဝိဒ် အား အထပ်ထပ် ကျိန်ဆို ၏။

18တဖန် ယောနသန် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ သင် ထိုင် ရာအရပ် လပ် လျှင် သင်မ ရှိကြောင်း ထင်ရှားလိမ့်မည်။

19သင်သည် သုံး ရက်နေပြီးမှ အလျင်အမြန် ဆင်းလာ သဖြင့် ၊ အရင်အမှု ရှိစဉ် ပုန်းရှောင် ၍ နေရာ အရပ်သို့ ရောက် လျှင် ၊ ဧဇေလ ကျောက် နား မှာ နေ ရမည်။

20ကျွန်ုပ် သည်လည်း ၊ စက် ကို ပစ် ဟန်ပြု၍၊ ထိုကျောက်နား သို့ မြှား သုံး စင်းပစ် မည်။

21မြှား တို့ကို သွား ၍ ရှာ ချေဟု လူ ကလေးကို စေခိုင်း သောအခါ ၊ မြှား တို့သည် နင့် အနား မှာရှိ၏။ ကောက် တော့ဟု သေချာစွာ ပြော လျှင် လာ ခဲ့ပါ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ဘေး မ ရှိ၊ ချမ်းသာ ရပြီ။

22သို့မဟုတ် ၊ မြှား တို့သည် နင့် ကို လွန် ပြီဟု လုလင် အား ဆို လျှင် သွား လော့။ ထာဝရဘုရား သည် သင့် ကို လွှတ်လိုက် တော်မူ၏။

23ယခု ငါတို့နှစ်ယောက် ပြော သော အမှု ၌ကား၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား မှာ အစဉ် ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။

24ဒါဝိဒ် သည် တော ၌ ပုန်းရှောင် ၍ နေ၏။ လဆန်း နေ့ရောက် မှ ရှင် ဘုရင်သည် စားတော်ခေါ် ခြင်းငှါ ထိုင် ၏။

25ထုံးစံအတိုင်းထရံ နား မှာ ရှင်ဘုရင် ထိုင် လျှင် ၊ ယောနသန် ထ ၍ အာဗနာ သည် ရှောလု အနား မှာ ထိုင် ၏။ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည် လပ် ၏။

26သို့ရာတွင် ရှောလု က အကြောင်းတစုံတခု ရှိလိမ့်မည်။ သူ သည် မ စင်ကြယ်။ အကယ်၍ သူ သည် မ စင်ကြယ် ဟု ထင်မှတ် ၍ ထို နေ့၌ တိတ်ဆိတ် စွာနေ၏။

27နက်ဖြန် နေ့ လဆန်း နှစ် ရက်နေ့၌ ဒါဝိဒ် ၏ နေရာ ထိုင်ရာသည်လပ် သောကြောင့် ရှောလု က၊ ယေရှဲ သား သည် စား ပွဲတော်သို့ မနေ့က မလာ၊ ယနေ့ လည်း မ လာ ဘဲ အဘယ်ကြောင့် နေသနည်းဟု သား တော် ယောနသန် အား မေး လျှင်၊

28ယောနသန် က၊ ဒါဝိဒ် သည် ဗက်လင် မြို့သို့ သွားရမည်အကြောင်းကျပ်ကျပ်အခွင့် ပန်လျက်၊

29အကျွန်ုပ် သွားရသောအခွင့် ကိုပေး ပါလော့။ အကျွန်ုပ် အဆွေအမျိုး တို့သည် ထိုမြို့ ၌ ယဇ် ပွဲကို ဆောင်ကြပါ၏။ အကျွန်ုပ် အစ်ကို လည်း မှာ လိုက်ပါပြီ။ စိတ် တော်နှင့် တွေ့သည်မှန်လျှင် အကျွန်ုပ်သွား ၍ အစ်ကို တို့ကို မြင် ရမည်အကြောင်းအခွင့်ပေးပါလော့ဟု တောင်းပန်ပါ၏။ ထို့ကြောင့် စားပွဲ တော်သို့ မ လာ ပါဟု ရှောလုအား လျှောက် လေ၏။

30ထိုအခါ ရှောလု သည် ယောနသန် ကို အမျက် ထွက် ၍ ၊ မြောက်မထား သော မိန်းမ၏သား ၊ သင် သည် ကိုယ်တိုင်အရှက် ကွဲသည်တိုင်အောင် ၎င်း၊ သင့် အမိ အဝတ် ကျွတ်၍ အရှက် ကွဲသည့်တိုင်အောင် ၎င်း၊ ယေရှဲ ၏သား ဘက် ၌ နေသည်ကို ငါမ သိ သလော။

31ယေရှဲ ၏သား သည် မြေကြီး ပေါ် မှာ အသက် ရှင်သည်ကာလ ပတ်လုံး သင် နှင့် သင် ၏နိုင်ငံ မ တည် ရ။ ယခု စေလွှတ် ၍ သူ ကိုခေါ် ခဲ့။ သူ သည် အသေ ခံရမည်ဟုဆို လျှင်၊

32ယောနသန် က၊ ဒါဝိဒ်သည် အဘယ်ကြောင့် အသေ ခံရမည်နည်း။ အဘယ်သို့ ပြု ဘိသနည်းဟု အဘ ရှောလု အား မေး လေသော်၊

33ရှောလု သည် ယောနသန်ကို မှန်စေခြင်းငှါ လှံ တိုကို လက်လွှတ် ၍ ထိုး လေ၏။ သို့ဖြစ်၍ အဘ သည် ဒါဝိဒ် ကိုသတ် မည်အကြံရှိသည်ကို ယောနသန် သည် သိ သဖြင့်၊

34အမျက် ထွက်၍ ၊ ထိုလဆန်း နှစ် ရက်နေ့ ၌ အစာ မ စား ဘဲ ထ သွား၏။ မိမိ အဘ သည် ဒါဝိဒ်ကို အရှက် ခွဲသောကြောင့် ဒါဝိဒ် အတွက် ညှိုးငယ် သောစိတ် ရှိ၏။

35နံနက် ရောက် မှ ဒါဝိဒ် နှင့် ချိန်းချက် သော အချိန်၌ ၊ ယောနသန် သည် လူ ကလေးကို ခေါ်၍ တော သို့ သွား ၏။

36လူ ကလေးအား လည်း ပြေး တော့။ ငါ ပစ် သော မြှား တို့ကို ရှာ တော့ဟုဆို ၍ လူ ကလေးသည် ပြေး သောအခါ သူ့ ကို လွန် အောင်မြှား တစင်းကို ပစ် လေ၏။

37ယောနသန် ပစ် သော မြှား ကျရာ အရပ် သို့ လူ ကလေးရောက် သောအခါ ၊ ယောနသန် က၊ မြှား တစင်းသည် နင့် ကို လွန် ပြီမ ဟုတ်လော။

38ကြိုးစား၍ အလျင်အမြန် ပြေး တော့။ မ နေ နှင့်ဟု လူ ကလေးနောက် မှာ ဟစ် လေ၏။ လူ ကလေးသည်လည်း မြှား တို့ကို ကောက် ၍ မိမိ သခင့် ထံသို့ ပြန် လာ၏။

39သို့ရာတွင် လူ ကလေးသည် ထိုအမှု ကို နား မ လည်။ ယောနသန် နှင့် ဒါဝိဒ် သာ နားလည် ကြ၏။

40ယောနသန် သည် မိမိ လက်နက် တို့ကို လူ ကလေး၌ အပ် ၍ မြို့ ထဲသို့ယူ သွားတော့ဟု ဆို ၏။

41လူ ကလေးသွား သောနောက် ၊ ဒါဝိဒ် သည် တောင် မျက်နှာအရပ်က ထ ၍ မြေ ပေါ် မှာ ပြပ်ဝပ် လျက် သုံး ကြိမ် တိုင်အောင်ဦးညွှတ် ပြီးလျှင် ၊ သူတို့သည် တယောက် ကို တယောက်နမ်း လျက် မျက်ရည် ကျလျက်၊ ဒါဝိဒ် သည်သာ၍ ပြုသည်တိုင်အောင်ပြုကြ၏။

42ယောနသန် ကလည်း ၊ ထာဝရဘုရား သည် သင် နှင့် ကျွန်ုပ် စပ်ကြား ၊ သင့် အမျိုးအနွယ် နှင့် ကျွန်ုပ် အမျိုးအနွယ် စပ်ကြား မှာ အစဉ်အမြဲ ရှိ တော်မူစေသတည်းဟူ၍ထာဝရဘုရား ၏ နာမ တော်ကို တိုင်တည် သဖြင့် ၊ ငါ တို့နှစ် ယောက်သည် ကျိန်ဆိုကြသည်ကိုထောက် ၍၊ ငြိမ်ဝပ် စွာ သွား တော့ဟု ဒါဝိဒ် အား ဆို လျှင်၊ ဒါဝိဒ်သည် ထသွား၍ ယောနသန်လည်း မြို့ထဲသို့ ဝင်လေ၏။

← 2 ဓမ္မရာဇဝင်ပထမစောင် 19Read In The App, Free →2 ဓမ္မရာဇဝင်ပထမစောင် 21 →

Study 2 ဓမ္မရာဇဝင်ပထမစောင် 20

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031